BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ပဉ္စလက်မော်တော်ယာဉ်

လူသားတွေ၏ ထူထဲသော အတ္တများကြောင့် စစ်ပွဲတွေဖြစ်နေကြ သည်။ ထို့ကြောင့် ကမ္ဘာကြီးဖျားနာနေ ရသည်။ ထို့အတူ တပ်မက်ပိုင်ဆိုင်လို မှုတွေကြောင့် ဆင်ခြင်မှုတရားကွယ် ပျောက်ပြီး ယာဉ်မတော်တဆမှုများ ဖြစ်နေသဖြင့် နှလုံးသားတွေဒဏ်ရာ ရခဲ့ကြသည်။ ထိုအဖြစ်အပျက်များကို သင်ခန်းစာယူပြီး အတ္တကိုလျှော့ရ မည်။ သို့မှသာ ယာဉ်မတော်တဆမှု နှင့် အနာတရများ လျော့နည်းသွား မည်ဖြစ်၏။

လူဆိုသည်မှာ ကိုယ်ပိုင်တာကို ကိုယ်စီးသည်။ လေယာဉ်ပိုင်သူက လေယာဉ်စီးသည်။  စက်လှေ ပိုင်သူက စက်လှေစီးသည်။ သေဘာၤပုိင္သူက သေဘာၤ စီးသည်။ လှေပိုင်သူက လှေစီးသည်။ ကား ပိုင်သူက ကားစီးသည်။ ဆိုင်ကယ်ပိုင်သူက ဆိုင်ကယ် စီးပြီး စက်ဘီး ပိုင်သူက စက်ဘီး စီးသည်။ မည်သည့်  ယာဉ်မျှ မပိုင်သူက သူပိုင် သည့် ဖိနပ်ကို  စီး သည်။ ကျွန်တော် တို့ အခြေခံ လူတန်းစား အများစု က ယာဉ်စီးခ  ပို တောင်းသော လိုင်းကားများကို စိတ်ညစ်စွာ  စီးကြရ သည်။

ကျွန်တော်ပြောချင်သည်မှာ မိမိပိုင်တာကို   မိမိစီးခြင်းသည် သဘောဝကျသည်။ သို့သော် မိမိပိုင် တာကိုစီးသော်လည်း တခြားလူများ အနှောင့်အယှက်  မဖြစ်ဖို့တော့လို သည်။ အများနားလည်အောင် ဥပမာ ပေးရမည်ဆိုလျှင် လိုင်းကားမှတ်တိုင် များတွင် အငှားယာဉ်များ ဂိတ်ထိုး ထားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လိုင်းကားများက သူတို့ဘေးမှနှစ်ထပ် ရပ်ရလေတော့သည်။ ထိုအခါ ယာဉ် ကြောကျဉ်းမြောင်းသွားပြီး လမ်းပိတ် ဆို့မှုဖြစ်သွားလေသည်။ ယာဉ်လိုင်း များဆုံသည့် မှတ်တိုင်မျိုးတွင်ပိုဆိုး သည်။ ကျွန်တော်တို့လမ်းထိပ်ဆိုလျှင် လမ်းကလေးခွဆုံမီးပွိုင့်ရှိသည်။ မီး ပွိုင့်မရောက်ခင် အနီးဆုံးနေရာတွင် လိုင်းကားမှတ်တိုင်ရှိသည်။ လိုင်း ကားများကလည်း မီးပွိုင့်ကိုအလေး မထား မှတ်တိုင်မှာအကြာကြီးရပ် စောင့်သည်။ ထို့ပြင် တက္ကစီများနှင့် ဆိုင်ကယ်များက အချိန်ကြာမြင့်စွာ ရပ်နေသောအခါ မြန်မာနိုင်ငံတွင် ရှင်းမရသော၊ ရှင်းပေးမည့်သူမရှိသော အရှုပ်ထွေးဆုံး နေရာတစ်ခုဖြစ်နေလေ တော့သည်။

လေယာဉ်မပိုင်၊ သဘောင်္မရှိ၊ ကားမရှိ၊ ဆိုင်ကယ်မရှိသော ကျွန်တော် သည် ကျွန်တော်ပိုင်သည့် ဖိနပ်နှင့် စက်ဘီးကိုစီးသည်။ စက်ဘီး စီးသည် ဆိုသော်လည်း ကားလမ်းမပေါ်တွင် မစီးပေ။ ရပ်ကွက်အတွင်း လမ်းများ မှာသာ စီးသည်။ လက်ဖက်ရည်ဆိုင် သွားတာမျိုးနှင့် ဈေးသွားတာမျိုး လောက်သာစီးသည်။   စက်ဘီးစီး မကျွမ်းကျင်လို့ မဟုတ်ပေ။ လူတွေ ကို မယုံသောကြောင့်ဖြစ်သည်။ လမ်း ဘေး လက်ဖက်ရည်ဆိုင်ထဲသို့ ကားး ထိုးဝင်သွားခြင်း၊ လမ်းဘေး ဆိုင်ကယ် ပြင်ဆိုင်ထဲသို့ ကားရောက်သွားခြင်း၊ စာသင်ခန်းအတွင်းသို့  ကားမောင်း သွားခြင်းစသည့် သတင်းများကို ဖတ်ဖူးထားသောကြောင့် ဖြစ်သည်။

ယာဉ်မောင်းသူတိုင်းသာ ယာဉ် စည်းကမ်းလိုက်နာပြီး သတိ၊ အသိ နှင့် မောင်းမည်ဆိုလျှင် ပြဿနာမရှိ ပေ။ လမ်းပေါ် စက်ဘီးတက်စီးနိုင် သည်။ သို့သော်မိမိကမည်မျှပင် လမ်း မှန်ပါစေ ယာဉ်စည်းကမ်းမလိုက်နာ သော ယာဉ်မောင်းကြောင့် စက်ဘီး လည်းအတိုက်ခံရနိုင်သလို လမ်းဘေး လျှောက်နေသောသူလည်း ယာဉ် ကြောင့်သေသွားနိုင်သည်။ (သို့) ဒုက္ခိတဖြစ်သွားနိုင်သည်။ ဆိုလိုသည် မှာ လမ်းပေါ်နှင့် လမ်းဘေးတွင် လူ (သို့) ယာဉ် အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သောကြောင့် ကားလမ်း ပေါ်သို့  တက်မစီးခြင်းဖြစ်သည်။ လမ်းပေါ်တွင်  မတော်တဆမှုတစ်ခုခု ဖြစ်လျှင်  အမှားအမှန်က နောက်မှ အဖြေထွက်မည်။ လောလောဆယ် လူ ဒုက္ခရောက်မည်။ ထို့ကြောင့် အသက် Óဏ်စောင့်သည်ဆိုသော   စကား အတိုင်း  သတိထားပြီး ကိုယ့်အသက် ကိုယ် ဆက်နေရခြင်းဖြစ်သည်။

မကြာခင်က ဖတ်လိုက်ရသော သတင်းတစ်ပုဒ်ကလည်း   အမြန် လမ်းမပေါ်မှ မရိုးနိုင်သော ပြကွက် ဟောင်းတစ်ခုပင်ဖြစ်သည်။ မေ (၃၁) နံနက် တစ်နာရီလောက်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင် (၆၁ ^၁) နှင့် (၆၁ ^၂) တွင်  နိုင်ငံခြား သားတစ်ယောက်မောင်းသည့်ကားက စက်ချို့ယွင်းသဖြင့်လမ်းဘေးတွင် ရပ် ထားသောယာဉ်တစ်စီးကို အရှိန်မထိန်း နိုင်အောင်မောင်းနှင်ပြီး ၀င်တိုက်မှု ကြောင့် အတိုက်ခံရသောကားမှာ ယာဉ်မောင်း  သေဆုံးသွားသော သတင်းပင်ဖြစ်သည်။

ထိုဖြစ်စဉ်ကို  လေ့လာကြည့် လျှင် အမှားအမှန်ကို အလွယ်တကူ သိနိုင်သည်။ ၀င်တိုက်သည့်ကားက စည်းကမ်းအရ မှားသော်လည်း သူက အသက်ရှင်ပြီး စည်းကမ်းအရမှန်သော ယာဉ်မောင်းက   အသက်ဆုံးရှုံးခဲ့ သည်။   ထိုပုဂ္ဂိုလ်သည် အိမ်ထောင် ဦးစီးတစ်ယောက်ဖြစ်သည်ဆိုလျှင် သူတို့သန်းခေါင်စာရင်းတစ်ခုလုံး ထိခိုက်သွားမှာသေချာသည်။ ထို့ ကြောင့် ယာဉ်မောင်းတိုင်းကလည်း ငါမှန်တယ်ဆိုပြီး သတိလက်လွတ် မနေသင့်ပေ။ ဆိုင်ကယ်မောင်းသည့် လူ လေယာဉ်အတိုက်ခံရသလို ကား လမ်းပေါ်တွင်လည်း မတော်တဆမှု အချိန်မရွေးဖြစ်နိုင်သောကြောင့် လမ်း ပေါ်ရောက်သည့် မည်သည့်ယာဉ်မဆို အန္တရာယ်ရှိနိုင်လေသည်။ သို့သော် ယာဉ်မတော်တဆမှု၊ ဆိုက်ကယ်တိုက် မှုစသည်တို့က နေ့စဉ်နီးပါးလောက် မြန်မာနိုင်ငံ၏ တစ်နေရာရာတွင် ဖြစ်နေဆဲပင်ဖြစ်သည်။

ထို့ကြောင့် တာဝန်ရှိသူများက လည်း နည်းမျိုးစုံဖြင့်ဖြေရှင်းနေရဆဲ ဖြစ်၏။ သို့သော် ယာဉ်ကြောပိတ်ဆို့မှု ကတော့ သိသိသာသာလျော့မသွားပေ။ (မနေ့က ရွှေဂုံတိုင် ခုံးကျော်တံတား ဘေး သံဃာဆေးရုံနံဘေးတွင် ယာဉ် ကြောပိတ်ဆို့နေသဖြင့် မိနစ်နှစ်ဆယ် လောက် စောင့်ရသည်။) ထို့ကြောင့် ယာဉ်ကြော  ရှင်းလင်းရေးအတွက် အထောက်အကူပြုမည့် စနစ်တကျ ထိန်းချုပ်မည့် ဃသညအမသူ ဃနညအမန ကို တည်ဆောက်နေသောကြောင့် သြဂုတ် လကုန် စက်တင်ဘာလဆန်းတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုစနစ် တပ်ဆင်မည့် မီးပွိုင့်များမှာ (၁၅၄) ပွိုင့်ဖြစ်သည်။ သို့မှသာ မီးပွိုင့်ဧရိယာ အတွင်း ယာဉ်သွားလာမှုကို ထိန်း ချုပ်နိုင်မည်ဖြစ်၏။ ထိုစနစ်ကို ယာဉ်ကြောရှုပ်ထွေးသော ဘုရင့်နောင် လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရား လမ်း၊  ပါရမီလမ်း၊ ခရေပင်လမ်း၊ သံသုမာလမ်းနှင့် ဗားကရာလမ်းတို့ တွင် အဓိကထားတပ်ဆင်သွားမည်ဟု သိရသည်။

ယာဉ်များ သွားလာလွယ်ကူစေ ရန် နောက်ထပ်အစီအစဉ်သစ်တစ်ခု မှာ ယာဉ်လမ်းကြောင်းသတ်မှတ်ခြင်း ပင်ဖြစ်သည်။ သတ်မှတ်သည့်လမ်း မှာ ခရီးသည်များ၊ ယာဉ်များ၊ ဈေး သည် ဈေးဝယ်များနှင့် (၂၄) နာရီ ယာဉ်များရှုပ်ထွေးနေသော အနော် ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား ရှိ ရွှေတိဂုံဘုရားလမ်းကို တစ်လမ်း မောင်းစနစ်အဖြစ် သတ်မှတ်လိုက် ခြင်းဖြစ်၏။ ထိုနေရာတွင်ဆေးရုံကြီး နှင့်လည်းနီးသဖြင့် အရေးပေါ်လူနာ တင်ယာဉ်များ၊ အရေးပေါ်မီးသတ် ကားများ အလွယ်တကူသွားလာနိုင် သဖြင့် ပြည်သူများ၏အသက်စည်း စိမ်ဥစ္စာများကိုလည်း   တစ်ဘက် တစ်လမ်းမှ ကာကွယ်ပေးခြင်းလည်း ဖြစ်၏။

  ကျွန်တော်တို့  အများစုမှာ တက္ကစီအငှားယာဉ်များကို ဦးနှောက် ထဲမှ ခေတ္တထုတ်ထားပြီး လိုင်းကား များနှင့်သာ နေ့စဉ်ပတ်သက်နေရ သည်။ ကာလတစ်ခုတုန်းက ယာဉ် လိုင်း အတော်များများတွင် သတိပေး အသိပေး စာတန်းလေးများရှိသည်။ ဥပမာ ခေါင်းမပြူရ၊ လက်မထုတ်ရ စသည့် စာတန်းများနှင့်အတူ ယာဉ် မောင်းအမည်၊ ယာဉ်နောက်လိုက် အမည်များကိုလည်း ဖော်ပြထား သည်။ ထို့ပြင် ယာဉ်စီးခဈေးနှုန်းကို လည်း    အများမြင်သာအောင် သုံးနေရာလောက်  ကပ်ထားသည်။ သို့သော် ယခုထိုစာတန်းများမရှိတော့ ပေ။ တချို့ကားတွေမှာ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်အမည်တော့ ကျန်သေးသည်။ တစ်စုံတစ်ယောက် က ကျေနပ်မှုမရှိလျှင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ နာမည်ဖတ် ပြီး တိုင်ကြားနိုင်သည်။ (တိုင်ကြား ရန် ဖုန်းနံပါတ်များလည်း မရှိတော့ ပေ)

ယခု ထိုစာတန်းများမရှိတော့ သဖြင့် မည်သို့တိုင်ရမှန်းမသိ၊ ဖုန်း နှင့်ဓာတ်ပုံရိုက်ရန်လည်း မစွန့်စားရဲ ပေ။ ကိုယ်ထိလက်ရောက်အစော်ကား ခံရနိုင်သည်။ အဆိုးဆုံးက ယာဉ်စီးခ ဈေးနှုန်းကို ဖျောက်ထားခြင်းပင်ဖြစ် သည်။ ထို့ကြောင့် ငါးဆယ်လမ်းကို တစ်ရာတောင်းပြီး တစ်ရာခရီးကို နှစ်ရာပေးရသည်။ ခရီးစဉ် အစအဆုံး သုံးရာဟု သတ်မှတ်ထားသော်လည်း ငါးရာတောင်းသည်။ ယာဉ်မောင်း ဘေးကခုံကိုအထူးဟု ကိုယ့်သဘောနဲ့ ကိုယ်သတ်မှတ်ပြီး  တစ်ထောင် တောင်းသည်။ ခရီးသည်အားလုံး စပယ်ယာ၏သတ်မှတ်ချက်အတိုင်း မကျေမနပ်နှင့်ပေးနေရသည်။ တာဝန် ရှိသူတွေကလည်း မဆိုင်သလိုနေကြ သည်။ ဘီအမ်ဆိုသည့်ကားများက လည်း   ပုံမှန်နှစ်ရာတောင်းနေရာမှ ညနေသုံးနာရီကျော်သည်နှင့် သုံးရာ ဖြစ်သွားလေသည်။   အနည်းငယ်မိုး ချုပ်လျှင် လေးရာတောင်းသည်။ ခရီး သည်က  ငြင်းဆန်ခွင့်မရှိ ပေးကြရ သည်။

ထိုသို့   ပိုတောင်းခြင်းက အကြောင်းပြချက်မရှိ။ သို့သော်တချို့ ယာဉ်များက အကြောင်းပြချက်နှင့် တောင်းသည်။ ကျွန်တော်တို့နိုင်ငံသို့ အဲကွန်းကားများ စတင်ဝင်ရောက်လာ စဉ်က ကားတိုင်းအဲကွန်းပါသဖြင့် ခရီးသည်များ သူ့ဈေးနှင့်သူ အဆင် ပြေကြသည်။ သို့သော် နောက်ပိုင်း တွင် အဲကွန်းကားများ အဲယားမကွန်း ကြသော်လည်း ယာဉ်စီးခအား ယခင် အတိုင်းပင် ပေးစီးခဲ့ကြရသည်။

ယခုအခါ ရာသီဥတုပူလောင်မှု ကြောင့် အငှားကားအတော်များများ တွင် အဲကွန်းတပ်မောင်းကြသဖြင့် ကားငှားစီးရသည်မှာအဆင်ပြေ သည်။ အဲကွန်းပါပါ မပါပါ နှစ်ဦး နှစ်ဘက်  ဈေးညှိပြီးသွားကြသည်။ အဲကွန်းပါလို့ ပိုပေးရသည်မရှိပေ။

မနေ့က ကျွန်တော်မြို့ထဲသို့ အချိန်တိုတိုနှင့်ရောက်ရန်   စီးနေကျ လမ်းကြောင်းအတိုင်း   မသွားဘဲ သာကေတဘက်မှသွားရန်  စိတ်ကူး လိုက်၏။ ထို့ကြောင့်ယုဇနနှင့် မြို့ထဲ ပြေးဆွဲနေသော အမှတ် (၅၇) ယာဉ် လိုင်းကိုစီးလိုက်၏။ ထိုယာဉ်လိုင်းမှာ မကြာခဏ စီးနေသောကြောင့် ဂိတ် အစအဆုံး နှစ်ရာ၊ ဟိုနားဒီနား တစ်ရာ ဆိုသည့် ဈေးနှုန်းကိုလည်း ကျွန်တော် အလွတ်ရသည်။

ထို့ကြောင့်   ကားပေါ်ရောက် သည်နှင့်  အဆင်သင့်ကိုင်ထားသော နှစ်ရာတန်တစ်ရွက်ကို   လှမ်းပေး လိုက်၏။  ]]ဘယ်လဲ}} ဟုမေးသဖြင့် အနည်းငယ်အံ့သြသွား၏။ ]]မြို့ထဲ}} ဟု ဆိုသောအခါ   ]]သုံးရာ}} ဟုဆို သည်။ ထို့ကြောင့် ကျွန်တော်တစ်ခုခု ပြောမည်ဟု စဉ်းစားနေစဉ်မှာပင် စပယ်ယာကပြောလိုက်၏။ ]]ဒီကား က အဲကွန်းပါလို့ သုံးရာယူတာ}}

နောက်ထပ်  တစ်ရာ ထပ်ပေး လိုက်ရုံမှတစ်ပါး...     

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။