BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

အင်ဂျင်အနှေးလည်ပတ်စဉ် တုန်ခါမှုကြမ်းတမ်းခြင်း၊ စက်သေသွားခြင်းနှင့် အင်ဂျင်စက်သံမမှန်ခြင်းဖြစ်စဉ်များကို ကုစားခြင်း

ဓာတ်ဆီကားတစ်စီးမှာ အင်ဂျင် စက်လည်ပတ်မှုမမှန်တော့ဘဲ အင်ဂျင် ဆွဲအားကျတာ ၊ Slow မှာ အင်ဂျင် တုန်တာ၊ ရုတ်တရက် စက်သေသွား တာ၊ စက်သံမမှန်တာစတဲ့ ပြဿနာ မျိုးကို ကားသမားတိုင်း ကြုံဖူးပါလိမ့် မယ်။ ဓာတ်ဆီအင်ဂျင် တစ်လုံးမှာ မီးပျောက်၊ ဆီပျောက်ဖြစ်ရင် ဒီလို မျိုးဖြစ်တတ်ပါတယ်။ အင်ဂျင် စွမ်း ဆောင်ချက် ကျဆင်းလာပါတယ်။ စက်သံ မမှန်တော့ပါဘူး။ အင်ဂျင် ပါဝါစွမ်းအားလည်း ကျဆင်းသွားပါ တယ်။ လီဗာနင်းသလောက် အင်ဂျင် တက်မလာတော့ပါဘူး။ ဆီကုန် သ လောက် ခရီးမရောက်တော့ပါဘူး။ ဆီစားနှုန်းမြင့်လာပါတယ်။ အင်ဂျင် မှန်နေတုန်းက ဆီတစ်ဂါလန်ကို မိုင် (၃၀) ကျော်လောက်ရတယ်။ ယခု (၂၅) မိုင်တောင် မရတော့တာတွေ့ ရတယ်။ ကားအိတ်ဇောပိုက်ကလည်း အီမစ်ရှင်းထုတ်လွှတ်မှုတွေ များနေ တယ်။ ကားမောင်းရတာ စိတ်တိုင်းကျ မဖြစ်ဘူး။ အင်ဂျင်ကလိုချင် သလောက် မပို့နိုင်တော့ဘူး။ ကားစက်နှိုးရတာ လည်း ခက်တယ်။

ဘာကြောင့် ဒီလိုမျိုးဖြစ်ရတာ လဲ။ ဘယ်နေရာမှာ အပြစ်ရှိနေတာ လဲ။ ဒါကို ဘယ်လိုရှာမလဲ။ ကား အင်ဂျင်တစ်လုံးဖွဲ့စည်းတည်ဆောက် ပုံနှင့် အလုပ်လုပ်ပုံသဘောတရားကို နားလည်ထားရင်တော့ အပြစ်ရှာရတာ လွယ်ပါတယ်။ အင်ဂျင်တစ်လုံး လုပ် ဆောင်လည်ပတ်မှုဖြစ်စဉ် မူမမှန် ဖြစ်စေတဲ့ အခြေခံအကြောင်းတရား သုံးမျိုးရှိပါတယ်။

(က) လောင်စာဆီပို့စနစ်မှာ ချွတ်ယွင်းချက် အပြစ်တွေရှိနေတာ ကြောင့် ဆီပို့တာ မမှန်ခြင်း။

(ခ) မီးမမှန်ခြင်း၊လေနဲ့ လောင် စာဆီ  အရောအနှောတွေ အင်ဂျင်ထဲ မှာ မီးလောင်ပေါက်ကွဲမှု ပုံမှန်ဖြစ်ဖို့ မီးပေးတာမှန်ရပါတယ်။ မီးမမှန်တာ မီးပျောက်တာမျိုးမရှိရပါ။

(ဂ) အင်ဂျင် Compression  ကျတဲ့အခြေအနေမျိုးဆိုပြီး ဓာတ်ဆီ အင်ဂျင်ကောင်းကောင်း အလုပ်မလုပ် နိုင်တဲ့ အရင်းခံအကြောင်းတရားတွေ ဖြစ်ပါတယ်။

ခေတ်ပေါ် ကားတွေမှာတော့ ကွန်ပျူတာစနစ်နဲ့ ထိန်းကျောင်းတဲ့ EFI အင်ဂျင်ဖြစ်တာကြောင့် ကား ဒတ်ခ်ျဘုတ်မှာ အင်ဂျင် Check မီး လင်းလာတာ  မြင်ရပါလိမ့်မယ်။ (၁၉၉၆) ခုနှစ်နဲ့အထက် မော်ဒယ်မြင့် ကားတွေမှာ OBD II စနစ်နဲ့ ကား တစ်စီးမှာ ဘာရောဂါတွေဖြစ်နေသလဲ ဆိုတာ ရှာဖွေစစ်ဆေးကြည့်လို့ရပါ တယ်။ OBD ဆိုတာ On-Board Diagnosic ရဲ့ အတိုကောက်စကားလုံး ပါ။ OBD II Scan Tool နဲ့ထိုးပြီး စစ်ဆေးကြည့်ရင် ကုတ်နံပါတ်တွေ ပေါ်လာပါတယ်။ ကုတ်နံပါတ်တွေကို ကြည့်ပြီး  ဘယ်အစိတ်အပိုင်းမှာ အားနည်းချက် ဖြစ်နေသလဲဆိုတာ သိနိုင်ပါတယ်။

ကာပရိုက်တာတွေ၊  ဒစ်စတြီ ဗြူတာတွေ ပါဝင်တဲ့ ခေတ်ဟောင်း ကားတွေမှာတော့ အင်ဂျင်လုပ်ဆောင် ချက်မမှန်တာကို  ဒတ်ခ်ျဘုတ်မှာ သတိမပေးပါဘူး။  ဆီပျောက်၊ မီး ပျောက်ဖြစ်နေတာကို Óဏ်မျက်စိနဲ့ အတွေ့အကြုံ ပေါင်းစပ်ပြီး စစ်ဆေး ရှာဖွေကြည့်ရပါတယ်။ စမ်းသပ် စစ်ဆေးရတာလွယ်ပါတယ်။ အပြစ် တွေ့လို့ ပြင်ရတာလည်း  မခက်ပါဘူး။ ကျွမ်းကျင်တဲ့  ကားသမားဆိုရင် ပြဿနာ အသေးအဖွဲလေးတွေကို ကိုယ့်ဘာသာကိုယ်ပြင်တတ်ပါတယ်။ ကားဝပ်ရှော့ပ်ဆရာကိုလည်း မိမိကား ဘာဖြစ်နေပါတယ်ဆိုတာကို ရှင်းပြ နိုင်ပါတယ်။ မက္ကင်းနစ်ဆရာတွေက အပြစ်ရှိတဲ့နေရာကိုရှာမယ်။ စမ်းသပ် စစ်ဆေးကြည့်ပြီး မကောင်းတဲ့အစိတ် အပိုင်းကို ပြန်ပြင်တယ်။ ပြင်မရတဲ့ အစိတ်အပိုင်းကို အသစ်တစ်လုံးနဲ့ အစားထိုးလဲပေးပါတယ်။  ပြီးရင် အင်ဂျင်ကျူးနင်းပြန်လုပ်လိုက်လျှင် တော့ အားလုံးအဆင်ပြေသွားနိုင်ပါ တယ်။

ခေတ်ဟောင်းကားတွေမှာ တော့ လောင်စာဆီပို့စနစ်က ရိုးရှင်း ပါတယ်။ ကာပရိုက်တာ မကောင်း ပါက ဖြုတ်ဆေးပြုပြင်ပါ။ ဆီစစ်ဘူး ပိတ်နေပါကအသစ်လဲပေးပါ။ မီး ပေးစနစ်မှာလည်း ပလပ်တွေ၊ ပလပ် ကြိုးတွေ၊ ဒစ်စတြီဗြူတာတွေ၊ မီးပေး ကွိုင်တွေ ကောင်း ^မကောင်း စစ်ဆေး စမ်းသပ်ကြည့်နိုင်ပါတယ်။ မီးပွားပွင့် တာကောင်း ^မကောင်း ပလပ်တစ်လုံး ချင်းကို စမ်းသပ်ကြည့်နိုင်ပါတယ်။ မကောင်းတဲ့ပလပ်ကို ဆေးကြောသန့် ရှင်းပြီး ပလပ်ထိပ်က Gap  အကွာ အဝေးကို တိုင်းကြည့်ပါ။ ဒစ်စတြီ ဗြူတာက Breaker Point ကိုစစ်ဆေး ပါ။ ပွိုင့်မျက်နှာပြင် မီးစားနေပါက ပွိုင့်အသစ်တစ်လုံးလဲပေးပါ။ ပွိုင့်ကို ပြန်ချိန်ပါ။ ဒစ်စတြီဗြူတာ Cap ဖုံး နဲ့ မီးကွိုင်ကလာတဲ့ High Tension Wire ကောင်းတယ်ဆိုရင် Advanced မီးတိုင်မင်ကို ကစားပေးတဲ့စနစ်ကို စစ်ဆေးပါ။ မီးတိုင်မင်စောပေးတဲ့ စနစ်ကို Advanced Firing Timing လို့ခေါ်ပါတယ်။

အင်ဂျင်   Compression  ကောင်းတယ်ဆိုတာ    အင်ဂျင်လုံ သလားပြောတာပါ။ အင်ဂျင်လုံဖို့ Intake Valve တွေ၊ Exhaust Valve တွေ လုံဖို့ လိုပါတယ်။  ပစ္စတင်ရိန်း ကွင်းတွေ စားပြီး ချောင်နေလျှင် ဆလင်ဒါစလစ်နဲ့ ပစ္စတင်ကြားက လေထွက်နိုင်ပါတယ်။ ပစ္စတင်ရိန်း ကွင်းတွေ စားသွားတဲ့နောက်ဆက်တွဲ ပြဿနာကတော့ အင်ဂျင်ဝိုင်စားတဲ့ အချက်ပါပဲ။ ဆလင်ဒါနံရံမှာ ကပ်ငြိ နေတဲ့ အင်ဂျင်ဝိုင်ချောဆီတွေကို ပစ္စတင်ရိန်းက ကုန်စင်အောင်ခြစ် မပေးနိုင်တော့ပါဘူး။ အထူးသဖြင့် အိတ်ဇောဗားလည်တိုင်ခြေရင်းမှာ မီးမလောင်နိုင်တဲ့ ကာဗွန်ချိုးတွေ ထောက်ပြီးအိတ်ဇောဗားမလုံတော့တဲ့ ပြစ်ချက်ပါပဲ။ ဗားဆီး၊ ဗားဂိုက်တွေ လည်းမကောင်းဘူး၊ ဗားတွေလည်း မလုံတော့ဘူးဆိုလျှင်တော့ အင်ဂျင် Head ဖွင့်ပြီး ပြုပြင်သင့်ပါတယ်။

အင်ဂျင် Head သီးသန့်ပြုပြင် ပေးတဲ့ဝပ်ရှော့ပ်မှာ လိုအပ်နေတာတွေ ကို စစ်ဆေးပြုပြင်ပါ။ အင်ဂျင် Head မှာရှိတဲ့ Combustion Chamber မှာ  ကာဗွန်ချိုးတွေအနည်ထိုင်ပြီး ချိုးကပ် နေတတ်ပါတယ်။ အင်ဂျင် Compression မကောင်းတဲ့ နောက်ဆုံးအပြစ် ကတော့ အင်ဂျင်ဂတ်စ်ကတ်ပါပဲ။ အင်ဂျင်ဘလောက် နဲ့ အင်ဂျင်  Head ကြားမှာ Seal ဖြစ်ပြီးလုံနေအောင် ဂတ်စ်ကတ်က ဆောင်ရွက်ပေးပါတယ်။ အင်ဂျင် Head ဖွင့်ကြည့်လိုက်တာနဲ့ ဂတ်စ် ကတ်အသစ်တစ်ချပ်လဲပေးတာ အကောင်းဆုံးပါပဲ။

Air Cleaner လေစစ်ဇကာ ပိတ်နေသလား၊ လေမှုတ်သန့်ရှင်းပေး ပါ။ ဟောင်းနွမ်းစုတ်ပြတ်နေပြီဆိုရင် တော့ လေစစ် င်္ Filter တစ်ခုအသစ်လဲ ပေးပါ။ အင်ဂျင်လည်းလုံသွားပြီ။ မီး တိုင်မင်လဲမှန်နေပြီ။ ကာပရိုက်တာက လောင်စာဆီပို့တာမှန်တယ်ဆိုရင် တော့ စက်နှိုးကြည့်ပြီး ချိန်ညှိပေးရပါ တယ်။ ဘက်ထရီတွေ စက်နှိုးမော်တာ စနစ်တွေပါကောင်းပါက ကားသော့ တစ်ချက်လှည့်လိုက်တာနဲ့ အင်ဂျင် စက် ချက်ချင်းနှိုးနိုင်ရမယ်။ စက်နှိုး သွားလျှင် အင်ဂျင်  Slow လည်ပတ် နှုန်းငြိမ်နေအောင် ချိန်ညှိပေးရပါ တယ်။

အားလုံးချွတ်ယွင်းချက်အပြစ် တွေ ဖယ်ထုတ်ပြီးပြုပြင်ချိန်ညှိပြီးပြီ ဆိုလျှင်တော့ အင်ဂျင်စက်သံပုံမှန်ဖြစ် လာမယ်။ အင်ဂျင်အဆွဲအရုန်းတွေ ကောင်းလာမယ်။ အင်ဂျင်မီးခေါက် သံလည်း မကြားရတော့ဘူး။ ဒါပေ မယ့် အရေးကြီးတဲ့အချက်က အင်ဂျင် ကကောင်းနေပါလျက် ဓာတ်ဆီညံ့ပြီး မသန့်ရှင်းရင်တော့ မီးသံကြားနေရပါ လိမ့်မယ်။ အောက်တိန်းဆီအမှန်ကို ထည့်သုံးပါ။ အရည်အသွေးမြင့်တဲ့ လောင်စာဓာတ်ဆီသုံးမှ အင်ဂျင် စွမ်း ဆောင်ချက်အကောင်းဆုံးကို ရနိုင်ပါ တယ်။

EFI စနစ်သုံး ခေတ်ပေါ်ကား အင်ဂျင်တွေမှာတော့ ကွန်ပျူတာစနစ် နဲ့ ထိန်းကျောင်းတာကြောင့် အင်ဂျင် မူမမှန်တဲ့ ပြဿနာဖြစ်လျှင် OBD II Scan Tool နဲ့ ရောဂါရှာရပါတယ်။ Scan Tool မှာ ရောဂါဖြစ်နေတဲ့ နေရာရဲ့ ကုတ်နံပါတ်နဲ့ဖော်ပြပါတယ်။ ဥပမာ ကုတ်နံပါတ် P0301 ဆိုရင် ပစ္စတင်၊ ဆလင်ဒါ နံပါတ်တစ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ P0302 ကုတ်နံပါတ်ဆိုရင် နံပါတ်နှစ် ဆလင် ဒါကို ဆိုလိုပါတယ်။ အကယ်၍ P0303 ကုတ်နံပါတ်ဆိုရင်တော့ ဆလင်ဒါ  နံပါတ်သုံးမှာ ပြစ်ချက် တစ်ခုခုရှိနေပြီလို့ အဓိပ္ပာယ်ရပါတယ်။ အပြစ်ရှိတဲ့နေရာကို တိတိကျကျ သိဖို့ OBD II Scan Tool နဲ့ စစ်ဆေးစမ်းသပ် ရပါတယ်။

အင်ဂျင်စက်သံ မမှန်တာ မီး ပျောက်နေလို့လား ပလပ်တွေကို တစ်လုံးချင်း ပလပ်ကြိုးနဲ့ခွာပြီး စစ်ဆေးကြည့်ပါ။ ပလပ်ကြိုးဖြုတ် လိုက်တာနဲ့ အင်ဂျင် Slow မှာ ငြိမ် နေရာကနေ တုန်ခါလာပြီဆိုရင်တော့ ဒီပလပ်အလုပ်လုပ်နေတယ်လို့ မှတ် ယူနိုင်ပါတယ်။ ဒါပေမယ့် နဂိုကတည်း က အင်ဂျင်စက်သံမမှန်ဘဲ  Slow မှာ တုန်ခါနေတယ်ဆိုရင်တော့ ပလပ်ကို ဖြုတ်ပြီးစစ်ဆေးဖို့လိုပါတယ်။ ပလပ် ကို မီးပို့ပေးတဲ့ ပလပ်ဝါယာကြိုး ကာ ဘာ ကွဲအတ်နေတာ ပေါက်ပြဲနေတာ မျိုးဖြစ်ရင် ပလပ်ကို မီးမရောက်နိုင် တော့ပါဘူး။ ပလပ်ကြိုးထဲက ကာ ဗွန်ကြိုးပြတ်နေရင်လည်း ပလပ်ကို မီးမရောက်နိုင်ပါ။

မီးကွိုင်ကိုလည်း မီးထွက်အား ကောင်း ^မကောင်းစမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။ ခေတ်ဟောင်းကားတွေ မှာ မီးကွိုင်တစ်လုံးတည်း သုံးပေမယ့် ခေတ်ပေါ်ကားတွေမှာ ပလပ်တစ်လုံး ကို Ignitor တစ်လုံးစီမီးပေးပါတယ်။ Ignitor တစ်လုံးချင်းစီကို မီးစမ်း ကြည့်ဖို့လိုပါတယ်။ EFI စနစ်မှာ ဆလင်ဒါတစ်လုံးချင်းအတွက်  Injector  တစ်လုံးစီက ဆီဖျန်းပေးပါတယ်။ ဆီ ပမာဏနှင့် တိုင်မင်ကို ကွန်ပျူတာက ထိန်းချုပ်အမိန့်ပေးပါတယ်။ Injector တွေ သုံးတာ ကြာလာလျှင် ချေးပိတ် တာ၊ ကာဗွန်ချိုးကပ်တာ၊ ထိပ်ဖျား မှာ ဗားနစ်ကပ်နေတာတွေကြောင့် Injector က ဆီဖျန်းပေးတှဲ့Spray ပုံစံမမှန်တော့ပါဘူး။ ဆီ မသန့်လျှင် Injector တွေ ဒုက္ခပေးပါတယ်။ Injector တွေကို ဖြုတ်ပြီး စမ်းသပ်စစ်ဆေး ကြည့်ဖို့လိုပါတယ်။ ဆေးရည်နဲ့သန့်ရှင်းပြီးပြန်သုံးကြည့်ပါ။ လုံးဝပြုပြင် မရပါမှ Injector အသစ်လဲပေးပါ။ EFI စနစ်မှာ ဆီတိုင်ကီတွင်းမှ လောင် စာဆီတွေကို Commond Rail လိုင်း ထဲ ရောက်အောင် Fuel Pump က တွန်းပို့ပေးရပါတယ်။ ဆီလိုင်းထဲမှာ သတ်မှတ် ဆီဖိအားအတိုင်း ရှိနေဖို့ Pressure Regulator က ထိန်းညှိ ပေးပါတယ်။ ၀ယ်သုံးတဲ့ဆီ မသန့် ရှင်းလျှင် Fuel Filter  ပိတ်ပြီး ဆီ Pres- sure ကျနိုင်ပါတယ်။ ဆီပန့်မော်တာ တွန်းအား  ကျဆင်းနေလျှင်လည်း ဆီလိုင်းထဲမှာ ဆီဖိအားကျနိုင်ပါတယ်။ ဆီပန့် အသစ်တစ်လုံး လဲပေးဖို့လိုအပ် ပါ တယ်။

အင်ဂျင် Compression ကျနေ ရင် ကားစက်နှိုးရတာ ခက်ခဲစေပါ တယ်။ Compression ကျတယ်ဆို တာ အင်ဂျင်မလုံတဲ့ အားနည်းချက် တစ်ခုခုရှိလို့ဖြစ်ပါတယ်။ ဗားတွေ အထိုင်မလုံတာလား၊ ပစ္စတင်ရိန်းတွေ စားနေတာလား၊ ဂတ်စ်ကတ်မလုံတာ လား စစ်ဆေးဖို့လိုပါတယ်။ အင်ဂျင် မူမမှန်ဖြစ်စေတဲ့ တခြားချွတ်ယွင်း အားနည်းချက်တွေကတော့ သရော် တယ်ဗားအ၀င်လေပိုက်အဆက်တွေ ကွဲအတ်နေတာကြောင့် အင်ဂျင် လေအ၀င်ဟာနိုင်ပါတယ်။ လေဟာ နေရင်လေနဲ့ လောင်စာဆီရောစပ်မှု အချိုးမမှန်နိုင်တော့ပါဘူး။ လေများ ပြီး ဆီနည်းတဲ့ရောစပ်မှုအချိုးဖြစ်နေ ပါလိမ့်မယ်။ ဓာတ်ဆီကားအင်ဂျင် တစ်လုံးမှာ လေနဲ့လောင်စာဆီရောစပ် မှုအချိုးမှန်ဖို့ ကွန်ပျူတာတွက်ချက် တဲ့အခါမှ အောက်ဆီဂျင်ဆင်ဆာက သတင်းအချက်တွေ၊ MAF ဆင်ဆာက အချက်အလက်တွေကို အသုံးပြုရပါ တယ်။ အဲ့ဒီဆင်ဆာတွေမကောင်းရင်  သူတို့အာရုံခံထောက်လှမ်းတဲ့ အချက် အလက်တွေမမှန်နိုင်တော့ပါဘူး။ အချက်အလက် မမှန်တဲ့အတွက် ကွန်ပျူတာက တွက်ချက်အမိန့်ပေး တာတွေလည်း မှားနိုင်ပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံး မှန်မှန်ကန် ကန် လည်ပတ်ပြီး စွမ်းအားပြည့် အလုပ်လုပ်နိုင်ဖို့ လောင်စာဆီပို့စနစ်၊ မီးပေးစနစ်တွေအပြင် အင်ဂျင် Compression ကောင်းဖို့နဲ့ အာရုံခံ ဆင်ဆာ တွေကောင်းဖို့လိုပါတယ်။   ပုံမှန် စစ် ဆေးပြုပြင်ထိန်းသိမ်းဖို့လိုပါတယ်။

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။