BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ရန်ကုန်မြို့တော်၏ယာဉ်ကြောကျပ်၊ ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေသော အကြောင်းတရားများကို ဘယ်လိုဖြေရှင်းမလဲ

ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးပထမနေ့တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း ယာဉ်ကြော ပိတ်ဆို့မှုပြဿနာများ လျော့နည်းကျ ဆင်းရေးအတွက် တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းကြောင်းအဆို ကို လှိုင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ   လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက တင်သွင်းခဲ့ သည်။

(၂၀၁၁) ခုနှစ်တွင် မော်တော် ယာဉ်မူဝါဒများ ပြောင်းလဲခဲ့ပြီးနောက် ပြည်ပနိုင်ငံများမှ မော်တော်ယာဉ် များကို နိုင်ငံသားများ လွတ်လပ်စွာ ၀ယ်ယူတင်သွင်းခွင့် ရရှိခဲ့ကြသည်။ မော်တော်ကားဈေးနှုန်းများ ကျဆင်း ခဲ့ခြင်းနှင့်အတူ   ပြည်သူများ ဈေး သက်သာစွာဖြင့်  ကားတစ်စီး ပိုင်ဆိုင် ခွင့်ရခဲ့ကြသည်။  ငါးနှစ်တာအတွင်း ရန်ကုန်မြို့တွင် မော်တော်ကားစီးရေ တိုးတက်လာခြင်းနှင့်အတူ   ယာဉ် ကြောကျပ်တည်းမှု ယာဉ်ကြောပိတ် ဆို့မှုပြဿနာများ  တဖြည်းဖြည်း မြင့် တက်လာခဲ့သည်။   ယခင်အစိုးရ လက်ထက်တွင်   ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှုပြဿနာများ  လျော့ကျ ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဖြေ ရှင်းခဲ့သော်လည်း ယနေ့တိုင် ထို ပြဿနာများ မပြေလည်သေးပါ။

  ယာဉ်ကြော ကျပ်တည်းမှု အခက်အခဲ ပြဿနာများနှင့် ပတ်သက် ၍ လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ]]ရန်ကုန်မြို့ တော်ကြီး ယာဉ်ကြောကျပ်တည်းမှု ဟာ နေ့စဉ်နှင့်အမျှ အများပြည်သူကို အလွန်   စိတ်ဒုက္ခ ရောက်စေတယ်ဆို တာ   အားလုံးအသိပဲ ဖြစ်ပါတယ်။ နံနက်မိုးလင်းတာနဲ့   အလုပ်ဝင်ဖို့     စီးပွားရေး လူမှုရေးကိစ္စတွေ  ဆောင် ရွက်ဖို့ အပြင်ထွက်လိုက်တာနဲ့ လိုရာ ခရီးကို အချိန်ကြာမြင့်စွာ စိတ်ပင်ပန်း လူပင်ပန်းများစွာနဲ့  သွားလာနေကြရ ပါတယ်။ ငွေကျပ်  ဘီလီယံပေါင်း (၁၀၀)ကျော် သုံးစွဲပြီး ခုံးကျော်တံတား ခုနစ်စင်း ဆောက်လုပ်ပြီး  ဖြေရှင်းခဲ့ ပေမယ့် ထိရောက်အောင်မြင်မှုမရှိတာ ကို တွေ့ရပါတယ်။ ယာဉ်ကြောပိတ်ဆို့ မှုတွေဆက်လက်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ရေရှည်စီမံကိန်းတွေ ဆောင်ရွက်ဖို့ရှိပေမယ့် ယာဉ်စည်း ကမ်း လမ်းစည်းကမ်းတွေ လေးစား လိုက်နာမှု  အလွန်အားနည်းနေတဲ့ အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုမို ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါတွေ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့  ယာဉ်စည်းကမ်း လမ်းစည်း ကမ်းနဲ့အညီ အမြန်ဆုံး ထိထိရောက် ရောက် ဆောင်ရွက်နိုင်မယ်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှု   ပြဿနာတွေ လျော့နည်းကျဆင်းမှာဖြစ်လို့ အမြန် ဆုံး  ဆောင်ရွက်ပေးပါရန်}}  ဟူ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အား  တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့သည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ် ဆို့ခြင်း ပြဿနာသည် ရေရှည်ဆောင် ရွက်သွားရမည့် လုပ်ငန်းကြီးဖြစ်ပါ သည်။ မဟာဗျူဟာကျသော စီမံကိန်း Plan ကောင်းတစ်ခု ရေးဆွဲပြီး အချိန် ယူဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပါ သည်။ တစ်ဦးကောင်း တစ်ယောက် ကောင်း ဌာနအဖွဲ့အစည်းတစ်ခုတည်း ဖြင့် ဆောင်ရွက်၍မရနိုင်ပါ။ ဆက်စပ် တာဝန်ရှိသော အဖွဲ့အစည်းများ ဌာန များအားလုံး  ပူးပေါင်းပါဝင်ဆောင် ရွက်ရမည့် လုပ်ငန်းကြီး ဖြစ်ပါသည်။

  ယာဉ်ကြော ကျပ်တည်းမှု ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကြီး သည် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ၊ လမ်းတံတား အခြေခံအဆောက်အဦ များ၊ မော်တော်ယာဉ် တင်သွင်းမှု မူဝါဒများ၊ မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်များ၊ မြို့ပြ ယာဉ်ကြောထိန်းချုပ် ရေးစနစ်များ၊ ယာဉ်စည်းကမ်း လမ်း စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး လုပ်ငန်းများ၊  မြို့ပြစည်ပင်သာယာ ရေးနှင့် စီမံအုပ်ချုပ်ရေး လုပ်ငန်းများ အားလုံးနှင့်  ဆက်နွှယ်နေသော ကွင်း ဆက်ဖြစ်စဉ်များသာ ဖြစ်သည်။

ရန်ကုန်မြို့တွင် လတ်တလော ရင်ဆိုင်နေရသော ယာဉ်ကြောပိတ်ဆို့ မှုပြဿနာများသည် လမ်းအခြေခံ အဆောက်အဦနှင့် လမ်းကွန်ရက်စနစ် ဖွံ့ဖြိုးမှုနောက်ကျ၍  ဖြစ်ရသည်။ ခေတ်မမီတော့သည့် ယာဉ်ကြောထိန်း ချုပ်မှုစနစ် အားနည်းချက်များ၊ ယာဉ် ထိန်းရဲအင်အား မလုံလောက်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ ကို လိုက်နာမှုအားနည်းနေခြင်း၊ မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်၊ မဖွံ့ဖြိုး သေးခြင်း၊ ခေတ်မီ ယာဉ်ကြောထိန်း ချုပ်မှုစနစ်များ  မသုံးနိုင်သေးခြင်း၊ ဘဏ္ဍာငွေအင်အား မလုံလောက်ခြင်း၊ ကျွမ်းကျင်သော  လူ့စွမ်းအားအရင်း အမြစ်များ  လိုအပ်နေခြင်းစသော အထွေထွေ အားနည်းချက်များသည် ယာဉ်ကြောပိတ်ဆို့  ကျပ်တည်းမှုများ ကို ကုစားဖြေရှင်းရန် ခက်ခဲစေသော အရာများ ဖြစ်ပါသည်။

လတ်တလောဖြေရှင်း၍ရနိုင် သော ပြုပြင်စရာများ၊ အားနည်းချွတ် ယွင်းချက်များ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနအဖွဲ့အစည်း များက  အချိန်တိုအတွင်း ပြောင်းလဲ ဆောင်ရွက်နိုင်လျှင်   ယာဉ်ကြော ပိတ်ဆို့မှုနှင့် အချိန်ကြန့်ကြာမှုများ ကို အထိုက်အလျောက် လျော့နည်း သက်သာလာစေပါမည်။ ရန်ကုန်မြို့ တွင်   လက်ရှိယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်စေသော အကြောင်းတရား များကို လေ့လာဖော်ထုတ်၍  လွှဲမှား နေသော ထိုအားနည်းချက်များကို ဦးစားပေး ဖြေရှင်းရပါမည်။

ပထမအားနည်းချက်မှာ စနစ် မကျသော ဘတ်စ်ကားမှတ်တိုင်များ ဖြစ်ပါသည်။ ခရီးသည်တင်ဘတ်စ် ကားအားလုံး ခရီးသည်အတက် အဆင်း ပြုလုပ်ရန်  သတ်မှတ်ဘတ်စ်ကား မှတ်တိုင်တွင်သာ  ရပ်တန့်ရပါမည်။ ဘတ်စ်ကား မှတ်တိုင်နေရာတွင် အခြားမည်သည့်ယာဉ်မျှ  မရပ်ရပါ။ ဤအချက်မှာ    လမ်းစည်းကမ်း သတ်မှတ်ချက် ဖြစ်ပါသည်။ မြေပြင် လက်တွေ့တွင်မူ ဤစည်းကမ်းချက်ကို ကားဆရာများ မလိုက်နာကြပါ။ ထိ ရောက်သော အရေးယူမှုမရှိ၍ လိုက် နာမှု အားနည်းနေခြင်းဖြစ်ပါသည်။

စနစ်မကျသော ဘတ်စ်ကား မှတ်တိုင်များ ရန်ကုန်မြို့ နေရာအနှံ့ တွင် ရှိနေပါသည်။ စနစ်မကျသော ဘတ်စ်ကား  မှတ်တိုင်များကြောင့် လမ်းပေါ်တွင်  သွားလာနေကြသော ယာဉ်ကြောစီးဆင်းမှုကို  အနှောင့် အယှက်  အဟန့်အတားဖြစ်စေပါ သည်။ စနစ်ကျသော ဘတ်စ်ကား မှတ်တိုင်ဆိုသည်မှာ ဘတ်စ်ကားများ လမ်းဘေးချရပ်ရန် နေရာရှိရပါမည်။ မီးပွိုင့် ထိန်းချုပ်ဧရိယာနှင့် ကိုက် (၁၅၀) ခန့် ကွာဝေးရပါမည်။ လက်ရှိ မ.ထ.သ ယာဉ်လိုင်းများ အသုံးပြုနေ သော ဘတ်စ်ကားမှတ်တိုင်များ လွဲ ချော်နေပါသည်။ မှားယွင်းသော ဘတ်စ်ကားမှတ်တိုင်များကြောင့်  ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုဖြစ်စေ သည်။

ဘတ်စ်ကားမှတ်တိုင်တွင် ကျူး ကျော်ဈေးသည်များ ရှိနေခြင်း၊ ဆိုက် ကားနှင့် ကယ်ရီဆိုင်ကယ်များ ရှိနေ ခြင်း၊ အသွားယာဉ်ကြော မှတ်တိုင်နှင့် အပြန်ယာဉ်ကြော မှတ်တိုင်တို့ နီးကပ် လွန်းနေခြင်း၊ မှတ်တိုင်တစ်ခုတည်း တွင် လိုင်းပေါင်းစုံမှ ဘတ်စ်ကားများ စုပြုံရပ်နားသဖြင့် ယာဉ်လမ်းကြောင်း ပိတ်ဆို့သွားခြင်း ဘတ်စ်ကားများ နှစ်ထပ်ရပ်ခြင်း၊ လမ်းဘေးချမရပ် ခြင်း စသော လွဲချော်နေမှုများကို တာဝန်ရှိ အဖွဲ့အစည်းများက ကွင်း ဆင်းစစ်ဆေး၍  ပြုပြင်ရပါမည်။ အရေးယူရပါမည်။

ဘတ်စ်ကား မှတ်တိုင်တစ်ခုကို မည်သည့်အဖွဲ့အစည်းက တရားဝင် သတ်မှတ်ပါသနည်း။ မ.ထ.သ အဖွဲ့ လား၊ စည်ပင် လမ်းတံတားဌာနလား၊ ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ် ရေး ကော်မတီလား။ ဘတ်စ်ကား မှတ်တိုင်များ ရွေးချယ်သတ်မှတ်ရာ တွင် မည်သည့်အချက်များကို အခြေ ခံ စဉ်းစားပါသနည်း။ ယာဉ်အန္တရာယ် ကင်းရှင်းပါသလား။   ယာဉ်ကြော စီးဆင်းမှုကို ထိခိုက်စေပါသလား။ ယာဉ်ကြောထိန်းချုပ်မှု ဧရိယာနှင့် နီးကပ်နေပါသလား။ ခုံးကျော်တံတား နှင့် နီးကပ်လွန်းပါသလား။ ရထား သံလမ်းကူးဂိတ်နှင့်  နီးကပ်လွန်းပါ သလား။ စက်သုံးဆီ အရောင်းဆိုင်နှင့် နီးကပ်လွန်းပါသလား စသော အချက် ပေါင်းများစွာကို ထည့်သွင်းစဉ်းစား ရပါမည်။

လမ်းဘေးသို့ကားများချရပ်ရန် ပြုလုပ်ပေးထားသော Bus Bay နေရာ ကွက်လပ်သည် ယာဉ်ကြောစီးဆင်းမှု ကို အဟန့်အတားမဖြစ်စေရန် ရည် ရွယ်၍ တည်ဆောက်ထားခြင်းဖြစ်ပါ သည်။ သို့သော်လည်း ဘတ်စ်ကား ဆရာများသည် လမ်းဘေးသို့ချရပ် ရမည်ဆိုသော စည်းကမ်းကို လုံးဝ မလိုက်နာကြပါ။ ဘတ်စ်ကားမှတ် တိုင်တွင် တက္ကစီအငှားယာဉ်များ ရပ်နား၍ ဂိတ်ထိုးထားခြင်း၊ ကျူး ကျော်ဈေးသည်များ၊ ဈေးရောင်းချနေ ခြင်းများသည် ခရီးသည်တင်ကားများ ရပ်နားရန် အဟန့်အတားအခက်အခဲ ဖြစ်စေသည်။ ထိုကဲ့သို့ စည်းကမ်း  ပျက်နေသည်များကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက အရေး ယူဖို့ပြုပြင်ပေးဖို့ လိုအပ်နေပါသည်။

ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပေါ် စေသော နောက်ထပ် အကြောင်းအရာ တစ်ခုမှာ ကားပါကင်ရပ်နားနေရာ မလုံလောက်သော အားနည်းချက်ဖြစ် ပါသည်။ ရန်ကုန်မြို့တွင် ယာဉ်မရပ်ရ လမ်းများ သတ်မှတ်ထားသော်လည်း ရပ်နားစရာမရှိ၍ လမ်းပေါ်တွင် ကား များ ရပ်နားနေခြင်းကြောင့် ယာဉ် ကြောစီးဆင်းမှုကို ထိခိုက်စေသည်။ ကွန်တိန်နာသယ် ယာဉ်ကြီးများ၊ ကုန်တင် ထရပ်ကားကြီးများ   (၂၂) ဘီး တပ် Trailer  နောက်တွဲယာဉ်များ အတွက်  သီးသန့်ရပ်နားနေရာ စီစဉ် ပေးထားသော်လည်း လမ်းဘေးတွင် ကြုံသလို ညအိပ်ရပ်နားနေသော ဖြစ် ရပ်များကြောင့် ယာဉ်ကြောစီးဆင်းမှု ကို အဟန့်အတား ဖြစ်ပေါ်စေသည်။

ဘုရင့်နောင်ပွဲရုံနှင့်    ဘုရင့် နောင်လမ်းမကြီးပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံးဖြစ်ပေါ်ရခြင်းမှာ ကွန်တိန်နာ နောက်တွဲယာဉ်ကြီးများ နှင့်    ကုန်တင်ထရပ်ကားကြီးများ စည်းကမ်း  မလိုက်နာမှုများကြောင့် ဖြစ်သည်။ ကွန်တိန်နာသယ် ကားကြီး များ ရပ်နားရန် သီးသန့်ရပ်နားကွင်း များ  တည်ဆောက်ပေးထားသော် လည်း နောက်တွဲယာဉ်များကို လမ်း ဘေး စည်းကမ်းမဲ့စွာရပ်နားထားသည် ကို ဗိုလ်တထောင်မြို့နယ်၊ သာကေ တမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် များတွင် အများဆုံးမြင်တွေ့နေရပါ သည်။   ထိုကဲ့သို့ ထုထည်ကြီးမား သော နောက်တွဲယာဉ်ကြီးများ၊ ကုန် တင်ထရပ်ကားကြီးများ လမ်းမကြီး များဘေးတွင် နေ့^ည ရပ်နားထားခြင်း များကို သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူသင့်ပါသည်။

ရန်ကုန်မြို့တွင်  ရှိသင့်သော တက္ကစီအငှားယာဉ်စီးရေထက် သုံးဆ ကျော် ပိုမိုများပြားနေခြင်းသည်လည်း ယာဉ်ကြောကျပ်စေသော အကြောင်း ရင်းတစ်ခု ဖြစ်ပါသည်။ ခရီးသည် မပါဘဲ အလွတ်မောင်းနေသော ခရီး သည်ကို ပတ်ရှာနေသော တက္ကစီ စီးရေများနေခြင်းသည် ယာဉ်ကြော ကျပ်စေသော အကြောင်းရင်းတစ်ခု ဖြစ်သည်။ နယ်လိုင်စင်ဖြင့် ရန်ကုန် မြို့တွင်   တရားမ၀င်ပြေးဆွဲနေသော တက္ကစီများကို   နယ်နှင်ရပါမည်။ တက္ကစီလုပ်ငန်းလိုင်စင်ထပ်မံချထား ပေးခြင်း၊ တက္ကစီအဖြစ်လျှောက်ထား ၍ ပြည်ပမှကားတင်သွင်းခြင်းများကို ရန်ကုန်တိုင်းဒေသအတွက်   လုံးဝ ခွင့်မပြုသင့်တော့ပါ။

အချက်ပြမီးပွိုင့်များမကောင်း ခြင်း၊   မီးပွိုင့်အချက်ပြစနစ်များ၊ ခေတ်နောက်ကျနေခြင်း၊   လျှပ်စစ် ဓာတ်အား ပြတ်တောက်သောအချိန် များတွင် မီးပွိုင့်များအလုပ်မလုပ်နိုင် ခြင်းများသည်လည်း ယာဉ်ကြောပိတ် ဆို့မှုဖြစ်စေသော အကြောင်းတရား ဖြစ်ပါသည်။ YESB  မှ မီးမရသော အချိန်များတွင် မီးပွိုင့်များ အလုပ် ဆက်လုပ်နိုင်ရန်စီစဉ်ရပါမည်။ ယာဉ် ထိန်းရဲအင်အားနည်းပါးနေခြင်းသည် လည်း    ရန်ကုန်မြို့ ယာဉ်ကြောရှင်း လင်းရေးကို ထိရောက်စွာ  မဆောင် ရွက်နိုင်သော အားနည်းချက်ဖြစ်ပါ သည်။ ရန်ကုန်မြို့တွင် ကားစီးရေနှင့် မျှတသော ယာဉ်ထိန်းရဲအင်အားရှိ သင့်ပါသည်။ ထို့ပြင်ယာဉ်စည်းကမ်း ထိန်းသိမ်းခြင်း၊  ကြီးကြပ်စစ်ဆေး အရေးယူခြင်းများကို  ယခုထက်ပိုမို ထိရောက်စွာ ဆောင်ရွက်သင့်ပါသည်။

   လမ်းတံတား လုပ်ငန်းများ ပြုပြင်ထိန်းသိမ်းရေး၊ တိုးချဲ့တည် ဆောက်ရေး လုပ်ငန်းများသည်လည်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်း ကျဆင်းရေးကို တိုက်ရိုက်အကျိုးပြု သော လုပ်ငန်းများဖြစ်ပါသည်။ မိုး ရာသီတွင် လမ်းများမပျက်စီးရေး၊ အချိန်မီပြုပြင်ရေး၊ ရေကြီးရေလျှံမှု မဖြစ်ပေါ်ရေးများကို စီမံချက်ချပြီး အထူးလုပ်ဆောင်ရပါမည်။ လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအသစ်မှ ဆောင်ရွက်နေ သော လမ်းများ ရေကြီးရေလျှံမှု မဖြစ် ရေး၊ ရေမြောင်းများမှ ရေစီးကြောင်း ပိတ်ဆို့စေသော အမှိုက်များရှင်းလင်း နေခြင်း၊ လုပ်ဆောင်ချက်များကို ကြိုဆို ပါသည်။ စဉ်ဆက်မပြတ် ထိန်းသိမ်း လုပ်ဆောင်သွားရန်လိုပါသည်။

ရန်ကုန်မြို့တွင်း လမ်းများကို ယမန်နှစ်က  တိုးချဲ့ပြုပြင်ပြီး ဖြစ်ပါ သည်။ သို့သော်လည်း ထိုနေရာများ တွင် လမ်းဘေးကျူးကျော်ဈေးရောင်း ချခြင်းများကြောင့် ယာဉ်သွားလာမှုကို ထိခိုက်ပြီး ယာဉ်ကြောကျပ်တည်း ပိတ်ဆို့စေသည်။ လမ်းဘေးဈေးသည် များကိစ္စကို ယခုထက်ပိုမိုအဆင်ပြေ စေရန်   ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ   စီစဉ်ရပါ မည်။ လမ်းဘေးဈေးသည်များအတွက် သီးသန့်ညဈေးပုံစံမျိုးတစ်နေရာတွင် နေရာချထားပေးနိုင်ပါက လမ်းပေါ် တက်ရောင်းနေသော ဈေးသည်များ လျော့နည်းသွားပါမည်။ လုံလောက် သော  ကားရပ်နားနေရာ၊ မပေးနိုင် သော ကားပါကင်နေရာ ချို့တဲ့သော စီးပွားရေးလုပ်ငန်းများ၊ ဈေးဝယှ် Shopping Center ကြီးများကို လမ်းမကြီးများနံဘေးတွင် လုပ်ကိုင် ခွင့်ပြုထားခြင်းသည်လည်း ယာဉ် ကြောပိတ်ဆို့မှုဖြစ်စေသော အကြောင်း တရားများ ဖြစ်သည်။

စာသင်ကျောင်းများ ရှိသော လမ်းမကြီးများတွင် ကျောင်းတက်၊ ကျောင်းဆင်းချိန်များ၌ ယာဉ်ကြော ပိတ်ဆို့မှုဖြစ်စေသော  အကြောင်း တရားမှာ လူအများ သယ်ပို့နိုင်သော ကျောင်းကားကို မသုံးဘဲ ကိုယ်ပိုင် ကားများဖြင့် သားသမီးများကို ကြို ပို့နေသော ကျောင်းသားမိဘဦးရေ များနေခြင်းဖြစ်သည်။ ကျောင်းသား တစ်ဦးကို ကားတစ်စီးနှုန်းဖြင့် ကြိုနေ သော နာမည်ကြီးကျောင်းများ၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို လျှော့ချရန် ကျောင်းသားအားလုံး ကျောင်းကားစီးစေရေးဖြစ်ပါသည်။ ထိုကိစ္စကို ပြောင်းလဲရန်မှာမလွယ်ကူ ပါ။  သို့သော်လည်း ကျောင်းသားတိုင်း ကိုသာကိုယ်ပိုင်ကားကိုယ်စီဖြင့် ကြိုနေဦးမည်ဆိုလျှင် ဤလုပ်ရပ်သည် အများကို ထိခိုက်စေသောအရာဖြစ်ပါ သည်။

လမ်းတံတားဌာနမှ လမ်းပြုပြင် သော အလုပ်ကို ယာဉ်ကြောကျပ်သော အချိန်များတွင် ရှောင်ရှားပြီး ယာဉ် ကြောရှင်းသော ညပိုင်းအချိန်များသို့ ပြောင်းလဲလုပ်သင့်ပါသည်။ မိုးရာသီ တွင် နိုင်လွန်ကတ္တရာခင်းလမ်းများ အပျက်များနေပါသည်။ လမ်းဆုံလမ်း ခွများတွင်ပို၍ပျက်စီးနေပါသည်။ လမ်းပျက်သည်ကို ချက်ချင်းမပြင်ပါ က ပို၍ပျက်စီးပါသည်။ လမ်း မကောင်း သဖြင့်  ကားများ ဖြည်းဖြည်းသာ မောင်းနေရလျှင် ယာဉ်ကြောစီးဆင်း မှုကို ထိခိုက်သွားပါမည်။

စက်သုံးဆီ အရောင်းဆိုင်များ နေရာချထားခြင်းများ လွဲမှားနေခြင်း ကြောင့် ယာဉ်ကြောသွားလာမှု၊ ယာဉ် စီးဆင်းမှုများကို ထိခိုက်နေပါသည်။ အချို့သော စက်သုံးဆီအရောင်းဆိုင် များသည် ယာဉ်ကြောထိန်းချုပ်မှု ဧရိယာအတွင်း၌ တည်ရှိနေပါသည်။ ဆီဆိုင်သို့ ကားများ ၀င်ထွက်ခြင်း၊ တန်းစီနေခြင်းများကြောင့် လမ်းမကြီး ပေါ်မှ ယာဉ်ကြောစီးဆင်းမှုကို ထိခိုက်စေပါသည်။ စွမ်းအင်ဝန်ကြီး ဌာန MOGE မှ CNG ဓာတ်ငွေ့ အရောင်းဆိုင်အချို့သည်  လမ်းဆုံ လမ်းခွ  ယာဉ်ကြောရှုပ်ထွေးသော ဧရိယာအတွင်း တည်ဆောက်ထားပါ သည်။ CNG ထည့်ရန် တန်းစီထား သော ကားတန်းရှည်ကြီးများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေသည်ကို တာဝန်ရှိလူကြီးများ သိမြင်ဖို့လိုပါ သည်။ ပုဂ္ဂလိက စက်သုံးဆီအရောင်း ဆိုင်များကို   ဖွင့်လှစ်ရောင်းချခွင့် ပါမစ်ပေးနေသော တာဝန်ရှိသူများ သတိပြုရန်မှာ  ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန်နှင့် လူနေရပ်ကွက် မီး ဘေးလုံခြုံရေးကို ထည့်သွင်းစဉ်းစား ပြီးမှ ခွင့်ပြုချက်ပေးသင့်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများမှ မြို့ကြီးများ တွင် အများပြည်သူ သယ်ယူပို့ဆောင် ရေးအတွက် မီးရထားကို အဓိကအား ထားပြီး အသုံးပြုကြသည်။ စင်္ကာပူ၊ ဂျပန်၊ အင်္ဂလန်၊ ဥရောပနိုင်ငံများမှ ရထားပို့ဆောင်ရေးစနစ်များသည် လွန်စွာ ခေတ်မီ၍ မြို့ပြသယ်ယူပို့ ဆောင်ရေး၏ထိရောက်သော ကဏ္ဍ တစ်ခုဖြစ်သည်။ ရန်ကုန်မြို့၏ မြို့ ပတ်ရထားပို့ဆောင်ရေးကို ယခုထက် ပိုမိုထိရောက်ပြီး အဆင့်မြင့်လာစေ ရန် ဆောင်ရွက်ရပါမည်။ ရထားပို့ ဆောင်ရေး အားကောင်းလာလျှင် လမ်းပေါ်မှ ဘတ်စ်ကားများ လျော့ကျ သွားမည်။ လက်ရှိမြန်မာ့မီးရထား၏ တိုးတက်လာသော ပြောင်းလဲမှုများ ကို ကြိုဆိုပါသည်။ ယခုထက်ပိုမို ကောင်းမွန်သော စီမံကိန်းများဖြင့် ဆက်လက်ကြိုးပမ်းရပါမည်။

ရန်ကုန်မြို့တော်၏   လမ်း တံတားလုပ်ငန်းများ အဆင့်မြှင့်တင် ရေးသည်   ယာဉ်ကြောစီးဆင်းမှု ကောင်းမွန်ရေးကို တိုက်ရိုက်အကျိုး ပြုစေပါသည်။ မြို့ပြဖွံ့ဖြိုးရေးမဟာ ဗျူဟာစီမံကိန်းနှင့် ဆက်စပ်ပြီး လမ်း ကွန်ရက်စနစ်များကို   အာဆီယံအဆင့် သို့ တိုးမြှင့်ဆောင်ရွက်ရပါမည်။

 

အစိုးရသစ်၏   ရက်တစ်ရာ စီမံချက်များတွင်  ရန်ကုန်မြို့တော်၏ ယာဉ်ကြော ကျပ်တည်းပိတ်ဆို့မှု ပြဿနာများကို ဖြေရှင်းရာ၌ လတ် တလော ဆောင်ရွက်နိုင်သော ပြုပြင် စရာများကို တင်ပြခဲ့ပါသည်။ ယာဉ် ကြော  ပိတ်ဆို့မှုဖြစ်ပွားစေသော အရင်းခံ  အကြောင်းတရားများကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင် သော အပြောင်းအလဲကို ဖြစ်ပေါ်စေပါ မည်ဟု ကားနှင့်သက်ဆိုင်သော သတင်း မီဒီယာကဏ္ဍမှ အကြံပြုတင်ပြအပ်ပါ သည်။  

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။