BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

အဓိကနဲ့သာမည

ဘယ်လုပ်ငန်းကိုမဆို လုပ်ကိုင် ဆောင်ရွက်ကြတဲ့အခါ  အဓိကနဲ့ သာမညကို ခွဲခြားသိမြင်တတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အဲ့ဒီလို အဓိကနဲ့ သာမညကို  ခွဲခြားပြီး မလုပ်ကိုင် မဆောင်ရွက်ခဲ့ရင် အရာရာ အမှား တွေ ဆင့်ကဲပြီး ခရီးရောက်ရှိမှု ဝေး ကွာ  သွားပါလိမ့်မယ်။ ဒါ့အပြင် အ ကျိုးနဲ့အပြစ်ကို ချိန်ထိုးကြည့်လိုက် တဲ့အခါ အကျိုးတရားက  မဲ့နေပြီး အပြစ်အနာအဆာတွေက တင်းကျမ်း ပြည့်နှက်နေတာကို  မြင်တွေ့ရပါလိမ့် မယ်။

အဓိကအနေနဲ့ လုပ်သင့်တာက ဘာ၊ သာမညအနေနဲ့ ရှောင်လွဲသင့်တာ ကဘာဆိုတာကို ကွဲကွဲပြားပြား တိတိ ပပ သိရှိပြီး လုပ်ကိုင်ဆောင်ရွက်တဲ့ အခါ အမှားတွေ ကင်းစင်ပပျောက်ပြီး အကျိုးတရားကို မလွဲမသွေ ရရှိခံစား ရမှာပဲဖြစ်ပါတယ်။ ပြုမှုဆောင်ရွက် ခဲ့တုန်းကတော့ အဓိကကို ဦးတည် လုပ်ဆောင်ခဲ့ပေမယ့် သာမည ကိစ္စ ရပ်ဖြစ်သွားခဲ့တာတွေလည်း လောက ထဲမှာ တည်ရှိနေတတ်ပါတယ်။ ဒါကို စေတနာအမှားလို့ လက်ခံသင့်တဲ့ နေရာတွေမှာ လက်ခံရမှာပဲ  ဖြစ်ပါ တယ်။

အဲ့ဒီလိုမှ  မဟုတ်ဘဲ ပြုလုပ် ဆောင်ရွက်ခဲ့တဲ့ ကိစ္စရပ်တိုင်းဟာ အထက်မှာဆိုခဲ့တဲ့ အဓိကနဲ့ သာမည မခွဲခြားတတ်ခဲ့ရင်တော့ စေတနာနဲ့ မှားခဲ့တဲ့ လုပ်ရပ်တွေကို ယူဆလို့ မရတော့ပါဘူး။ အပြစ်အနာအဆာ ကတော့ ငွေကုန်သံပြာဆိုသလို  နိုင်ငံ အတွက်လည်း  အကျိုးမရှိ၊ ပြည်သူ လူထုအတွက်လည်း  အကျိုးမရှိတဲ့ အပြင် ငွေကြေးတွေ အတိုင်းအဆမရှိ ကုန်သွားတာပဲ  အဖတ်တင် ကျန်ရစ် ပါလိမ့်မယ်။ လုပ်ငန်းတစ်ခုကို သေ ချာစဉ်းစားတွေးတောပြီး အရေးကြီး တဲ့ကိစ္စနဲ့ အရေးမကြီးတဲ့ကိစ္စကို ဝေခွဲ သုံးသပ်မှု အားနည်းခဲ့လို့ လွန်ခဲ့ပြီးတဲ့ ခေတ်စနစ် အစိုးရအဆက်ဆက်မှာ ကျွန်တော်တို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့တာ ကိုယ်တွေ့ကြုံခဲ့ရပြီပဲ မဟုတ်ပါလား။

သင်ခန်းစာဆိုတာ ယူတတ်ရင် ရလွယ်တဲ့  အဖြစ်ပါ။ အဆိုးထဲက အကောင်း  သောင်းပြောင်း ထွေလာ ကိစ္စရပ်တွေထဲ လိုအပ်တာကိုယူ မလို အပ်တာတွေကို  ရှင်းထုတ် လုပ်ကိုင် ဆောင်ရွက်ခဲ့ရင် အဓိကနဲ့ သာမည ကိစ္စအကြောင်း ခေါင်းစားစရာ  မလို တော့ပါဘူး။ ဒီ သောင်းပြောင်းထွေ လာ  ကိစ္စရပ်တွေထဲက ခရီးသွား ပြည်သူတွေနဲ့  သက်ဆိုင်တဲ့ ယာဉ် ကြောကျပ်ခြင်း ပြဿနာရပ်ကို ပြေ လည်အောင် အကြံပြုထားတဲ့ သတင်း တစ်ပုဒ်ကို ဖော်ပြချင်ပါတယ်။ ဒါ့ အပြင် လူမှုကွန်ရက် စာမျက်နှာတွေ က အကြံပြုချက်တွေလည်း ပါဝင်နေ ပြန်ပါတယ်။

ယာဉ်ကြော  ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ လမ်းတွေ၊ ခုံးကျော် တံတားတွေနဲ့  ပါကင်နေရာတွေ ဖန်တီးပေးခြင်းထက်  အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို ဦးစား ပေး အကောင်အထည်  ဖော်သင့် ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်   ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြ ထားတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက ကားတွေကို ဦးစားပေးတဲ့ ကွန်ကရစ် နှစ်ထပ်လမ်းတွေ၊ ခုံးကျော်တံတား တွေ၊ ကားပါကင်နေရာတွေကို မဆုံး နိုင်အောင် ဖန်တီးခြင်းက ယာဉ်ကြော ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်တဲ့ နည်း လမ်းမဟုတ်ကြောင်း၊ ရန်ကုန်မြို့ကို သယ်ယူပို့ဆောင်ရေးစနစ် လွယ်ကူ လျင်မြန်မှုက အဓိက ကျကြောင်း၊ လမ်းတွေ၊ ခုံးကျော်တံတားတွေ၊ ပါ ကင်နေရာတွေ ဖန်တီးပေးခြင်းထက် အများပြည်သူ လွယ်ကူ စိတ်ချမှုနဲ့ သွားလာနိုင်မယ့် အများသုံး သယ် ယူပို့ဆောင်ရေးစနစ်ကို ဦးစားပေး အကောင်အထည်ဖော်ရမည်  ဖြစ် ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်   ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော် ပြထားပါတယ်။

ရန်ကုန်မြို့ လူဦးရေရဲ့ (၈၄) ရာခိုင်နှုန်းဟာ အများပြည်သူ သုံး ဘတ်စ်ကားလိုင်းကို  အသုံးပြုနေ ကြောင်း၊ နေ့စဉ် အလုပ်လုပ်ကိုင်ဖို့ သွားလာနေသူတွေဟာ ရန်ကုန်မြို့မှာ သုံးသန်းကျော်ရှိကြောင်း၊ ဒီအထဲကမှ (၄၅) ရာခိုင်နှုန်း (၁.၃၅) သန်းခန့် ဟာ နေ့စဉ် မြို့ပြဧရိယာရဲ့ (၁၀) ရာခိုင်နှုန်းခန့်သာရှိတဲ့ မြို့လယ်စီးပွား ရေးဇုန်နဲ့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်းစတဲ့ မြို့တွင်းပိုင်းဇုန်တွေကို သွားလာကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ စီးပွားရေး အဆောက်အဦများ၊   ဈေးများ၊ ကျောင်းများ စသည်တို့ဟာ မြို့ရဲ့ တောင်ပိုင်းနဲ့  အလယ်ပိုင်းတွေမှာ စုပြုံနေခြင်းဟာ သယ်ယူပို့ဆောင်ရေး အတွက် အခက်အခဲတွေဖြစ်ပေါ်စေ ကြောင်း၊ ရေရှည်အနာဂတ်အတွက် စတင်လုပ်ဆောင်သင့်သော စီမံကိန်း အဖြစ် မြေအသုံးချမှုပုံစံတွေကို ပြု ပြင်သင့်တယ်လို့ မြို့ပြ ပညာရှင် ဒေါက်တာကျော်လတ်က ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး ကဏ္ဍ ဆောင်း ပါးမှာလည်း  အကြံပြုထားပြန်ပါ တယ်။

လူမှုကွန်ရက်က  စာမျက်နှာ တွေ၊ မီဒီယာ စာမျက်နှာထက်က ဆောင်းပါးရှင်တွေက ရှေ့လာမယ့် အနာဂတ်အတွက်ကိုတောင် ရေရှည် မျှော်တွေးပြီး အကြံပြုသုံးသပ်ထားကြ ပါတယ်။ ယာဉ်ကြောကျပ်မှုတွေ၊ ယာဉ် စည်းကမ်း လမ်းစည်း ကမ်း မလိုက်နာမှုတွေစတဲ့ ပြဿနာရပ် အထွေထွေဟာ ခရီးသွားပြည်သူလူထု အတွက် အင်မတန် စိတ်ပျက် စိတ် ညစ်ညူးစရာကောင်းတဲ့ ပြဿနာရပ် တွေပါပဲ။

ဒီပြဿနာရပ်တွေကို ရှောင်လွဲ လို့မရတာကြောင့် ခရီးသွားနေ့စဉ် တိုင်း ကာယိရဒုက္ခ တနင့်တပိုးကြီးကို ခံစားနေရတာပါပဲ။ ဒါဟာ သေချာ တွေးကြည့်ရင် အဓိကနဲ့ သာမညကိစ္စ ရပ်တွေကို သေချာစဉ်းစားမချင့်ချိန် ခဲ့လို့ပဲလို့ သုံးသပ်မိပါတယ်။ လုပ် ငန်းဆက်နွှယ်မှုရဲ့ ကျိုးကြောင်းဖြစ် စဉ်သဘောသဘာဝ ဖြစ်နိုင်မဖြစ်နိုင် ဖြစ်သင့်မဖြစ်သင့်ကို ဝေဖန်ထောက် ရှုတတ်ဖို့လည်းလိုအပ်ပါလိမ့်မယ်။

အခု ပြည်သူ့အစိုးရကတော့ ဒါ တွေကို ဝေဖန်ထောက်ရှုပြီး အဓိက နဲ့ သာမညကို ခွဲခြားတတ်လိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။ ဒီလို ခွဲခြားလုပ် ဆောင်တတ်မှလည်း တိုင်းပြည် အ တွက်လည်း အကျိုးရှိ ခရီးသွား ပြည် သူအတွက်လည်း အကျိုးရှိ တိုင်း ပြည်ဘဏ္ဍာငွေတွေလည်း အဟောသိ ကံမဖြစ် အရင်းစစ် အမြစ်မြေဆိုသလို သေချာမှုကို ပိုင်စိုးနိုင်မှာပဲ  ဖြစ်ပါ တယ်။ ဒါကြောင့် အဓိကနဲ့ သာမည ကို ခွဲခြားစစ်တမ်းထုတ် လုပ်ကိုင် ဆောင်ရွက်ကြရင်း အောင်မြင်မှုတွေ ရယူနိုင်ပါစေလို့ ဆုတောင်းနေမိပါ တော့တယ်ဗျာ...    

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။