BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မေးမြန်းထွေလာ ကားလောကပဒေသာ

မေး - ကားတစ်စီး မောင်းနေ စဉ်မှာ အင်ဂျင် Check မီးလင်းလာခဲ့ လျှင် ကားကိုရပ်တန့်လိုက်ရမလား။ ကားဆက်မောင်းရင် အန္တရာယ်ဖြစ် နိုင်ပါသလား။  Warning Lights မီး တွေ ဒတ်ခ်ျဘုတ်မှာပေါ်ရင်ရော ကား မောင်းလို့ဖြစ်နိုင်ပါသေးလား။ ကား အကြောင်းအတွင်းကျကျမသိလို့ပါ။ ဦးဦးအော်တို ဖြေကြားပေးစေလိုပါ တယ်။

ကိုစိုးမြင့် (မြောက်ဒဂုံ)

ဖြေ - ကွန်ပျူတာထိန်းချုပ် စနစ်နဲ့အလုပ်လုပ်တဲ့ကားတွေမှာ ကားမောင်းနေရင်း Engine Check မီးလင်းလာတတ်ပါတယ်။ တချို့ ကားအုံနာတွေ Check  မီးလင်းတာကို ကြောက်ပြီးကားဆက်မောင်းနေရင်  တစ်ခုခုပျက်စီးသွားမလားဆိုပြီး စိုးရိမ်မူလွန်ကဲတတ်ကြပါတယ်။ အင်ဂျင် Check မီးလင်းတယ်ဆိုတာ OBD II စနစ်က အမှားတစ်ခုခုဖြစ် နေတယ်ဆိုတာကို ယာဉ်မောင်းသတိ ပြုမိအောင် အသိပေးတာပါ။ ကွန်ပျူ တာထိန်းချုပ်စနစ်နဲ့  လည်ပတ်တဲ့ ကားအင်ဂျင်တစ်လုံးမှာ အကြောင်း တစ်ခုခုကြောင့် Engine Misfire ဖြစ် ပြီး အိတ်ဇောစနစ်မှာ အီမစ်ရှင်း ထုတ်လွှတ်မှုတွေများ လာတာကို OBD II စနစ်က ထောက်လှမ်းသိရှိ ပြီး အချက်ပြတာပဲ ဖြစ်ပါတယ်။ ကြောက်လန့်နေစရာ မရှိပါဘူး။ အင်ဂျင် Check မီးလင်းပေမယ့် ကားစက်ကဆက်လည်နေပါတယ်။ ဆက်မောင်းသွားလို့ရပါတယ်။ ဒါပေ မယ့် Checkု မီးလင်းတာကို OBD II scan ထိုးပြီး စစ်ဆေးကြည့်ဖို့ လိုပါ တယ်။ Check   မီးလင်းတာ ဘာ ကြောင့်လဲ။ ဘာအပြစ်ဖြစ်နေလို့လဲ။ ဘယ်နေရာက ဖြစ်နေတာလဲ။

ကားဒတ်ခ်ျဘုတ်မှာ Warning Lights လို့ခေါ်တဲ့ အင်ဂျင်အပူချိန် မြင့်တက်လာတာ၊  အင်ဂျင်ဝိုင်မီး လင်းတာ၊ ဘက်ထရီချာဂျင်မ၀င်တော့ တဲ့သဘောပြတဲ့မီးလင်းတာမျိုး ဆိုရင်တော့ ကားစက်ကိုချက်ချင်းရပ် လိုက်ပါ။ ဆက်မောင်းရင်အန္တရာယ် ကြီးပါတယ်။ ကားအင်ဂျင်စက်   တစ်ခုခုပျက်စီးသွားတဲ့အထိဖြစ်သွား နိုင်ပါတယ်။

သင့်ကားမှာ ပုံမှန်မဟုတ်တဲ့ ထူးကဲတဲ့အသံမြည်တာ၊ ညှော်နံတစ် မျိုးရတာ၊ တုန်ခါမှုဖြစ်တာ၊ အင်ဂျင် လည်ပတ်မှုမမှန်တော့တာ၊ အင်ဂျင် ခန်းထဲက ရေနွေးငွေ့တွေပန်းထွက် လာပြီး ပူလွန်းတာ၊ အင်ဂျင်ဝိုင်တွေ ယိုစီးထွက်လာတာမျိုးဆိုရင်တော့ ကားစက်ကိုလုံးဝရပ်လိုက်ပါ။ တခြား ကားတစ်စီးနဲ့ ၀ပ်ရှော့ပ်ကို ပြန်ဆွဲ နိုင်အောင်စီစဉ်ပါ။ ကားကိုလုံးဝ ဆက်မောင်းလို့မရတော့ပါဘူး။

 

မေး - ရိုးရိုးဓာတ်ဆီနဲ့ အောက် တိန်းဆီကို  ရောစပ်ပြီးသုံးလို့ ရပါ သလား။ ဆီဖိုးသက်သာမလားလို့ပါ။

ဦးချမ်းသာ (ပျဉ်းမနား)

ဖြေ - ဦးချမ်းသာကားက ဘာ အမျိုးအစားလဲ။ ခေတ်ဟောင်းကား ကာပရိုက်တာသုံးတဲ့ကားလား။ EFI ကားမျိုးဆိုရင်တော့ ဆီနှစ်မျိုးရောသုံး လို့မရပါ။ ခေတ်ဟောင်းကားဆိုရင် တော့ ရိုးရိုးဓာတ်ဆီပဲသုံးပါ။ EFI အင်ဂျင်မှာတော့ အောက်တိန်းဆီ သီးသန့်ပဲသုံးပါ။ အောက်တိန်းဆီက Injector သုံးတဲ့ကားတွေအတွက် အဆင်ပြေပါတယ်။ အင်ဂျင်မီးခေါက် သံမထွက်ပါဘူး။ ရိုးရိုးဓာတ်ဆီက အောက်တိန်းနံပါတ်နိမ့်ပြီး အရည် အသွေးညံ့ပါတယ်။ EFI ကားများ နှစ်မျိုးရောသုံးရင် ကားစက်သံမမှန် နိုင်ပါဘူး။ ပြီးတော့ ဆီပန်းပေးတဲ့  Injector ထိပ်တွေမှာ ကာဗွန်ချိုးတွေ၊ ဗားနစ်တွေကပ်နိုင်ပါတယ်။ အင်ဂျင် မီးသံထွက်လာပါလိမ့်မယ်။ ဓာတ်ဆီ အင်ဂျင်တစ်လုံးမှာ မီးခေါက်သံ ထွက်တာ အင်ဂျင်ကိုပျက်စီးစေနိုင် ပါတယ်ဆိုတာကို သတိပေးလိုက်ပါ တယ်။ အောက်တိန်းဆီအမြင့်ကိုပဲ သုံးပါ။

 

မေး -  ကျွန်တော့်ကားမှာ   အင်ဂျင်ဝိုင်နေ့တိုင်းစစ်ဆေးပါတယ်။ တစ်ပတ်ကို အင်ဂျင်ဝိုင် တစ်ပုလင်း လောက်ထပ်ဖြည့်ပေးနေရပါတယ်။ အင်ဂျင်လည်းသိပ်မကျသေးပါဘူး။ အင်ဂျင်ဝိုင်စားနေပြီလားမသိပါ။ ကျွန်တော်ဘာလုပ်သင့်ပါသလဲ။ ဦးဦးအော်တို အကြံပေးပါဦးခင်ဗျာ။

ကိုစံမြင့် (မကွေး)

ဖြေ - ကိုစံမြင့်ကားမှာ ဘယ်လိုအင်ဂျင်ဝိုင်မျိုးသုံးတယ်ဆိုတာ မသိရပါ။ ပထမဆုံးစစ်ဆေးရမှာ က အင်ဂျင်ဘလောက်မှာ ဆီယိုစိမ့် တဲ့လက္ခဏာရှိသလားကြည့်ပါ။ မိန်း ၀ိုင်းဆီး၊ ဖလိုင်းဝှီး၊ ကြားထဲက မိန်း ဂုတ်ဆီးတွေမှာ ဆီယိုသလားစစ်ဆေး ပါ။ ကားရပ်ထားတဲ့ပါကင်နေရာ ကြမ်းပြင်မှာ အင်ဂျင်ဝိုင်အကွက်တွေ တွေ့ရသလား။ ၀ိုင်းဆီးတွေ မကောင်း ရင်တော့ ၀ိုင်းဆီးတွေလဲရပါလိမ့် မယ်။

နောက်ပြီး   အိတ်ဇောမီးခိုး အရောင်ကဘာအရောင်လဲ။ အိတ်ဇော အနံ့မှာ အင်ဂျင်ဝိုင်ညှော်နံ့ရသလား။ ကားလီဗာနင်းပြီး စက်ရှိန်တင်လိုက် တဲ့အခါ မီးခိုးထွက်သလား။ အင်ဂျင် Compression Test လုပ်ကြည့်ပါ။ အင်ဂျင်မလုံရင် Compression ကျနေပါလိမ့်မယ်။ ပစ္စတင်ရိန်းကွင်း တွေစားနေသလား၊ ဗားတွေမလုံတာ လားသိရအောင် ၀ပ်ရှော့ပ်ကောင်း ကောင်းတစ်ခုမှာ စက်ဆရာနဲ့ စစ် ဆေးကြည့်ပါ။ စက်ဆရာအကြံပြု သလို  ပြင်ရပါလိမ့်မယ်။ နောက် တစ်ခုက အင်ဂျင်ဘလောက်အောက် က ဆီခံထားတဲ့ ကရိုင်းကေ့စ်ခွက်က ဂတ်စ်ကတ်လုံရဲ့လား။ ဂတ်စ်ကတ် မလုံတာကြောင့် ဆီယိုနိုင်ပါတယ်။ အင်ဂျင်ဝိုင်ပြောင်းသုံးကြည့်ပါ။ မာတီ ဂရိတ် အင်ဂျင်ဝိုင် Brand ကောင်း ကောင်းကိုရွေးသုံးပါ။ SAE 20W-40  လောက်သုံးကြည့်ပါ။ တကယ်လို့ အင်ဂျင်ရိန်းတွေဟာနေ ပြီဆိုရင်တော့ အင်ဂျင်အပေါ်ခြမ်း အောက်ခြမ်း ဖွင့်ပြီး ရိန်းကွင်းအသစ် လဲလိုက်ပါ။ ဂတ်စ်ကတ်အသစ်လဲပါ။

 

မေး - ကားရှေ့လေကာမှန်က ကွဲသွားလို့ အစားပြန်ထည့်ထားပါ တယ်။ ၀ိုင်ဘာမကောင်းလို့လား၊ မှန်မကောင်းလို့လားမသိပါ။ မိုးရွာ ရင် ရှေ့လေကာမှန်က မြင်ကွင်းတွေ မကြည်တော့ဘူး ၀ါးနေပါတယ်။ ည ပိုင်းဆိုရင် ပိုဆိုးပါတယ်။ ဘာမှသဲသဲ ကွဲကွဲမမြင်တော့ပါဘူး။ ကျွန်တော် ဘာလုပ်သင့်ပါသလဲ။

ကိုကျော်ဝင်းအောင် (မန္တလေး)

ဖြေ - ကိုကျော်ဝင်းအောင် ပြန်လဲထားတဲ့ လေကာမှန်က တရုတ် မှန်ဖြစ်ပါလိမ့်မယ်။ အော်မှန်ကိုပဲ ရအောင်ရှာပြီးပြန်လဲလိုက်ပါ။ ၀ိုင်ဘာအရွက်ကို တရုတ်၊ ယိုးဒယား လုံးဝမသုံးပါနဲ့။ ဂျပန်အော်ပဲသုံးပါ။ ရာဘာကွန်ပေါင်းအသားချင်းမတူပါ ဘူး။ ကားမှန်ကိုကြည်အောင်ဆေးပေး တဲ့ဆေးရည်ကို  Washer ဘူးမှာထည့် သုံးပါ။ွှ Washer က ရေပန်းမော်တာ ကောင်းရဲ့လား။ မကောင်းရင် ပီနံကျ ၀ယ်သုံးပါ။

ညပိုင်းအမြင်စွမ်းအားကောင်း အောင် ရှေ့မီးကြီးတွေလဲပါ။ ပြန်ချိန် ပါ။ LED မီးတွေပြောင်းသုံးကြည့်ပါ။ နောက်ပိုင်း ကိုကျော်ဝင်းအောင် မျက်စိကို မျက်စိဆရာဝန်နဲ့ ပြန်စစ် ဆေးပါ။ Night Blindness ရောဂါ ရှိနေသလား။   ဒီရောဂါရှိတဲ့ ယာဉ် မောင်း ညပိုင်းကားမမောင်းသင့်ပါ။

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။