BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

တိကျတဲ့အဖြေအတွက် အပြင်ထွက်ကြည့်ပါ

တနေ့က ဖေ့စ်ဘုတ်စာမျက်နှာ မှာ ရန်ကုန်တိုင်း မော်တော်ယာဉ် တင်သွင်းမှုနဲ့ ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲသတင်းတစ်ခု ဖတ်လိုက်ရ ပါတယ်။  ဒါကတော့ ရန်ကုန်တိုင်း ဒေသကြီးမှာ  ကားပါကင် ပါမစ် ကြောင့် မော်တော်ယာဉ်တင်သွင်းခွင့် ကို ပိတ်ထားမယ့်အစား အခွန်တွေ တိုးကောက်ပြီး ပါမစ်တွေချပေးဖို့ ကားလုပ်ငန်းရှင်တွေက အကြံပြု ဆွေးနွေးတယ်လို့ သိရပါတယ်။ အဲ့ဒီ အချက်ကို ပြန်စဉ်းစားစရာအကြောင်း အရာတွေ အများကြီးရှိနေပါတယ်။ အခွန်ဆိုတဲ့အထဲမှာ ကားတင်သွင်းမှု နဲ့ဆိုင်တဲ့ ကုန်သွယ်ရေးခွန်လား၊ ပြည်တွင်းအခွန်ဦးစီးဌာနက ကောက် ခံတဲ့ ၀င်ငွေခွန်လား၊ ဒါမှမဟုတ် က.ည.န ခွန်လား၊ နောက်တစ်ခုက အကောက်ခွန်လား ဆိုတာကိုတော့ တိတိကျကျ မရေးထားပါဘူး။ အဲ့ဒီ ထဲမှာ  ကားတင်သွင်းတဲ့ အချိန်မှာ က.ည.န ခွန်က များစွာ မကောက်ဘဲ တစ်နှစ်တစ်ခါ သက်တမ်းတိုးလိုင်စင် ၀င်မှသာ  တိုးတိုးကောက်သွားရန် လုပ်ငန်းရှင်တစ်ဦးက ဆွေးနွေးထား သလို၊ နောက်လုပ်ငန်းရှင်တစ်ဦးက လည်း ကားများဖျက်သိမ်းရန် သက် တမ်းကို အနှစ်နှစ်ဆယ် မသတ်မှတ် ဘဲ ဆယ့်ငါးနှစ်သို့ ပြောင်းလဲ သတ် မှတ်ပြီး ရန်ကုန်မှာ ဆက်လက်မောင်း နှင်မည်ဆိုပါက အခွန်များ တိုးကောက် ရန် ကိုလည်း ဆွေးနွေးသွားတယ်လို့ သိရပါတယ်။

ရန်ကုန်  ကားပါကင်ပါမစ် ကြောင့် ရန်ကုန်ပါမစ်တွေ ရပ်ဆိုင်း နေပါတယ်။ ဒါကြောင့် ကားအရောင်း အ၀ယ်ကိစ္စအတွက် အခက်အခဲများ ဖြစ်နေတာကြောင့် ရန်ကုန် ကားတင် သွင်းမှုကို အခွန်တိုးကောက်ပြီး ခွင့်ပြု စေချင်ကြောင်း ကားလုပ်ငန်းရှင်တစ်ဦး က အကြံပြုသွားပါတယ်။ ကားတင် သွင်းမှုအပေါ်မှာ ခေတ်အဆက်ဆက် အခွန်နဲ့ပတ်သက်ပြီး စဉ်းစားမိရင် လက်လှမ်းမီရာ မဆလခေတ်က စရ မှာပါပဲ။  မဆလ ခေတ်မှာတော့ ကားတင်သွင်းတဲ့ ပုဂ္ဂိုလ်ဟာ သဘောင်္ သား၊ နိုင်ငံခြား ပညာတော်သင် စေ လွှတ်ခံရသူ၊ နိုင်ငံခြားမှာ အလုပ် လုပ်နေသူ၊ နိုင်ငံတော်က ခန့်ထားတဲ့ နိုင်ငံခြားရောက် ၀န်ထမ်းများစသည့် နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင် ထားနိုင်သူများဖြစ်ပြီး ထိုဝင်ငွေများ အပေါ် အခွန်တာဝန်ကြေသူများဖြစ် ကြပါတယ်။ ပြီးတော့ နိုင်ငံခြားကနေ ကားတင်သွင်းရင် ကုန်သွယ်ခွန် သွင်း မယ်၊ ပါမစ်လျှောက်မယ်၊ ကားရောက် လာရင်တော့ ဆိပ်ကမ်းခွန်တို့ ဘာတို့ ဆောင်ပြီး ကားအမျိုးအစားအလိုက် တန်ကြေးအလိုက်  အကောက်ခွန် ဆောင်မယ်။ က.ည.န (လိုင်စင်) ခွန် ဆိုတာကတော့ အခုဆောင်ရသလို မဟုတ်ပါဘူး။ ထောင်ဂဏန်းလောက် ပဲရှိပါတယ်။

ပြီးတော့  တပ်မတော်အစိုးရ ခေတ်ဦးပိုင်းမှာ နိုင်ငံခြားငွေ တရား ၀င်ကိုင်ဆောင်ပြီး အခွန်ကျေသူတွေ ထဲမှာ  ပို့ကုန်လုပ်ငန်းရှင်တွေလည်း ပါလာပါတယ်။  ပြီးတော့ ကျန်အခွန် အခတွေကတော့  မူရင်းအတိုင်းပဲ ဆောင်ကြရတယ်။    စစ်အစိုးရ လက်ထက်  ပုဂ္ဂလိကအခန်းကဏ္ဍ ကားတင်သွင်းခွင့်ဟာလည်း သိပ် တော့မကြာလိုက်ပါဘူး။ ဆယ်နှစ် မပြည့်လိုက်ဘူး ရပ်ဆိုင်းသွားပါတော့ တယ်။ နောက်တစ်ကြိမ် ထပ်ဖွင့် လိုက်တာကတော့  ယခင်အစိုးရ လက်ထက် (၂၀၁၁)  ခုနှစ် ကုန်ခါနီး လောက်မှာပါပဲ။ ယခင်အစိုးရဟောင်း ရဲ့ လုပ်ဆောင်ခဲ့မှုထဲမှာ အထူးခြား ဆုံးနဲ့ ပြည်သူတွေ အကြိုက်ဆုံးစာရင်း ၀င်ခဲ့ပါတယ်။ အရင့် အရင်အစိုးရတွေ ရဲ့ မူလည်း လုံးဝပြောင်းလဲသွားပါ တယ်။ ပြည်သူတွေအတွက် အခွင့် အရေးတစ်ခု ပေးလိုက်တာပါ။ ယာဉ် အိုယာဉ်ဟောင်းတွေ ဖျက်သိမ်းပြီး ကားတင်သွင်းခွင့် ပါမစ်တွေ ထုတ် ပေးခဲ့ပါတယ်။ အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံခြားငွေလွှဲဘဏ် မှာ ဒေါ်လာတစ်ရာသွင်းပြီး (၁၃၀၀ စီစီ)၊ (၂၀၀၇) ခုနှစ်ထုတ် မော်ဒယ် ကနေစပြီး အထက်ကားလေးတွေကို မှာခွင့်ပြုလိုက်တာပါပဲ။ အဲ့ဒီအချိန်မှာ တော့ ယာဉ်အိုယာဉ်ဟောင်းနဲ့ ပါမစ် နဲ့ မှာမယ့်သူတွေကတော့ ဘဏ်မှာ ဒေါ်လာတစ်ရာသွင်းစရာမလိုဘဲ ပါမစ်အတွက် ကုန်သွယ်ခွန်၊ ဆိပ် ကမ်းရောက် အကောက်ခွန်ပေး ဆောင်ပြီး က.ည.န ခွန်အနေနဲ့ ပေး ဆောင်ရပါတယ်။ ထူးခြားတာက က.ည.န ခွန်ပါပဲ။ က.ည.န ခွန်က တော့ အရင်အစိုးရတွေထက်စာရင် တော့ ပိုများလာတာပါပဲ။

က.ည.နခွန်ကို ကောက်တယ် ဆိုတာကလည်း ၀င်လာတဲ့ယာဉ်တွေ ရဲ့ ပြေးလမ်းတွေအတွက် လမ်းတွေ၊ တံတားတွေ တည်ဆောက်ပြုပြင်ဖို့လို့ သိထားကြပါတယ်။ ယခင်အစိုးရ တွေလက်ထက်မှာ တံတားတည် ဆောက်မှုတွေကို ဦးစားပေးလုပ်ကိုင် ခဲ့ပေမယ့် လုံလောက်မှု မရှိခဲ့ပါဘူး။ ကားတွေ  တင်သွင်းခွင့်ပြုလုပ်မှ ရန်ကုန်မှာ ခုံးကျော်တံတားတွေပါ တည်ဆောက်လာပါတယ်။ ကားတင် သွင်းခွင့်  ပြုလုပ်ပေးလိုက်ပြီးမှ ရန်ကုန်မှာ ယာဉ်ကြောကျပ်မှုတွေ တစ်နေ့ထက်တစ်နေ့ တိုးပွားလာပါ တယ်။ အဲ့ဒီအခက်အခဲတွေကို ဖြေ ရှင်းဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ကလည်း အကျပ်တွေ့နေပါတယ်။ ပြုလုပ်ခဲ့တဲ့ ဖြေရှင်းမှုတိုင်းအတွက် မှန်ကန်တဲ့ အဖြေတစ်ခုထွက်မလာ ဘူးလို့လည်း ဆိုကြပါတယ်။ ရန်ကုန် မှာ ကားပါကင်ထောက်ခံချက်နဲ့ ကားပါမစ်ခွင့်ပြုမည့် ကိစ္စဟာလည်း ယာဉ်ကြာကျပ်တည်းတဲ့အတွက် ဖြေ ရှင်းမှုတစ်ခု ပြုလုပ်တာလို့ပဲယူဆပါ တယ်။ ရန်ကုန်မှာ ကားပါကင် အတွက်ခွင့်ပြုနိုင်တဲ့ မြို့နယ်တွေ အများကြီးရှိပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင် ^မြောက်ဥက္က လာ၊ သာကေတ၊ တောင် ^မြောက် ဒဂုံလို နေရာမျိုးတွေမှာ ကိုယ့်ခြံ ကိုယ့်ဝန်း၊ ကိုယ့်အိမ်ရှေ့မှာ ရပ်စရာ ထားစရာနေရာတွေ အများကြီးရှိပါ တယ်။ ဒါပေမယ့် ဒီကားတွေဟာ အမြဲတန်း ဒီလိုရပ်ထားမှာမဟုတ်ပါ ဘူး။ လမ်းမကြီးတွေပေါ်ကို ပြေး ထွက်လာကြမှာပါ။ ဒီတော့ ဒီကား တွေကြောင့် ယာဉ်ကြောကျပ်မှုတွေဖြစ် လာရတယ်လို့ ယူဆလို့ရပါတယ်။ အခုလည်း ရန်ကုန်လိုင်စင်မရတော့ နယ်လိုင်စင်တွေလုပ်ပြီး ရန်ကုန်ယာဉ် ကြောထဲမှာ တိုးဝင်ပြီး ကျပ်ကျပ်သိပ် သိပ် လှုပ်ရှားသွားလာနေတော့ ဘာ ထူးခြားမှုများ ရှိလာသလဲလို့ စဉ်းစား မိပါတယ်။

နိုင်ငံတကာမှာ  ယာဉ်ကြော ကျပ်မှုတွေ ရှိပါတယ်။ အဲ့ဒါကို ဘယ် လို ဖြေရှင်းသလဲဆိုတာ လေ့လာဖို့ လိုပါတယ်။ စင်ကာပူလိုနိုင်ငံမှာ ကားတစ်စီးဝယ်ရင် ကားတန်ဖိုးထက် များတဲ့ မြို့ပြအခွန်ကြေးကို ပေးဆောင် ကြရပါတယ်။  ဒါဟာလည်း သူတို့ နိုင်ငံက ကျဉ်းကျဉ်းလေးပါ၊ ရန်ကုန် တိုင်းလောက်ပဲ ရှိမှာပေါ့။ ဒီတော့ သူတို့ နိုင်ငံကားတွေ ကျပ်သိပ်မှု သိပ်သည်းစတွေ မြင့်မလာစေဖို့ စီအီး အို လို့ခေါ်တဲ့ အခွန်ကြေး တိုးမြှင့် ထားတာပါပဲ။ ဒါပေမယ့် နေ့စဉ် ပြေး ဆွဲနေတဲ့ ကားအစီးရေ ရန်ကုန်ထက် ပိုများပါတယ်။ သူတို့ဆီမှာ ယာဉ် ကြောကျပ်တည်းမှုကို တခြားနည်းနဲ့ ဖြေရှင်းတာတွေလည်း ရှိပါတယ်။

          တစ်ချိန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ယာဉ်ကြောကျပ် မှုဟာ နာမည်ကြီးပါတယ်။ ဒါပေမယ့် ယနေ့အချိန်မှာတော့ ယာဉ်ကြော ကျပ်မှုကို အနိုင်ယူ ဖြေရှင်းနိုင်ခဲ့ပါ ပြီ။ ဘန်ကောက်မှာ ကားအစီးရေ ခြောက်သန်းရှိတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ ယနေ့အထိ မှတ်ပုံ တင်ထားတဲ့ မော်တော်ယာဉ်ဟာ ခုနစ်သိန်းကျော်လောက်ပဲ ရှိပါတယ်။ ဘန်ကောက်မြို့ကို ကွေ့ဝိုက်စီးဆင်း နေဆဲ့ ကျောက်ဖရားမြစ်ဟာလည်း ယာဉ်ကြောကျပ်တာကို ကူညီဖြေရှင်း ပေးနေပါတယ်။ ဒါကလည်း ရန်ကုန် မှာ ယာဉ်ကြောကျပ်မှုဖြေရှင်းပေးတဲ့ နေရာမှာ ထည့်သွင်းစဉ်းစရာတစ်ခု ပါပဲ။

ရန်ကုန်မြို့ဟာ မြစ်ချောင်း တွေနဲ့  ၀န်းရံနေပါတယ်။ ရန်ကုန် ဆိပ်ကမ်းနဲ့  ဘုရင့်နောင်၊ လှိုင်သာ ယာ၊ ရွှေပြည်သာ၊ ကြည့်မြင်တိုင် စတဲ့စက်မှုဇုန်တွေ၊ ကုန်စည်ဈေး ကွက်တွေကို ကွန်တိန်နာတွေ၊ ကုန် ပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် လှိုင် မြစ်ကို အသုံးချလို့ရသလို၊ တောင် ^မြောက်ဒဂုံ၊ မင်္ဂလာဒုံလို စက်မှုဇုန် တွေအတွက်လည်း ပုဇွန်တောင် ချောင်း၊ ရန်ကုန်မြစ်၊ တိုးမြစ်၊ ပဲခူး မြစ်တွေကို အသုံးချလို့ ရပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီး မှာ ယနေ့မှစပြီး မြန်မာနိုင်ငံကလည်း အမီလိုက်ရပါတော့မယ်။ဒီမိုကရေစီ စီးပွားရေးစနစ်နဲ့အညီ ထုတ်ကုန်တွေ လည်းတိုးပွားလာ ကုန်သွယ်မှုတွေ မြင့်တက်လာတဲ့အထဲမှာ မော်တော် ကားတွေလည်း အများအပြားတိုး လာမှာပါ။ ဒီတော့ အခုအချိန်မှာ ကတည်းက  အထပ်မြင့်ကားလမ်း တွေ၊ နိုင်ငံတကာအဆင့်မီအောင် မြို့ တွင်းမြို့ပြင်ကားလမ်းတွေကို တည် ဆောက်ပြုပြင် သွားနိုင်မှ နောင်လာ မည့် ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက် မှာ  လမ်းပန်းဆက်သွယ်ရေး တွေ ချောမွေ့သွားနိုင်မယ်လို့ ယုံကြည်ပါ တယ်။

          ရန်ကုန်မြို့နေ   လူထု အတွက် ကားပါကင်ထောက်ခံချက် နဲ့  ကားပါမစ်ချထားမှု၊ အခွန်တိုး ကောက်ပြီး ကားတင်သွင်းခွင့်ပြုမယ် ဆိုတာအဖြေတစ်ခု မဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာလည်း ပြုလုပ် တယ်လို့  မကြားမိပါဘူး။ တကယ်ဆို ဒီလိုလုပ်ရတာလည်း ရန်ကုန်ယာဉ် ကြောကျပ်မှုကို အဖြေရှာလို့ မရသေး ဘူးလို့ထင်ပါတယ်။ တကယ်တမ်း ထိထိရောက်ရောက် ဖြေရှင်းမယ်ဆို ရင် နိုင်ငံခြားက ကျွမ်းကျင်တဲ့ ပညာ ရှင်တွေရဲ့ အကူအညီလိုသလို၊ ဒီလို ဖြေရှင်းနေတဲ့   နိုင်ငံများမှာလည်း ထိထိရောက်ရောက်နဲ့ သွားရောက် လေ့လာဖို့လိုပါတယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်ခဲ့ကြတာ နှစ်ပေါင်း ငါးဆယ်ကျော်ပါပြီ။ ဘာတစ်ခုမှ အောင်မြင်မှု မရခဲ့သေးပါဘူး။ ငါ့ ထက်တတ်တဲ့ သိတဲ့သူမရှိဘူးဆိုပြီး ပြောခဲ့တဲ့လူတွေတောင် သူတို့ လုပ် ရပ်တွေ မအောင်မြင်လို့ စည်းဝိုင်း အပြင်ထွက်ပြီး ထိုင်နေကြရပါပြီ။ ဒီတော့ ဒါတွေအားလုံး ပြေလည်ဖို့ အိမ်ထဲမှာ ထိုင်ပြီး တစ်ယောက် တစ် မျိုး စဉ်းစားနေမယ့်အစား တံခါးလေး ကိုဖွင့်ပြီး အိမ်ပြင်ကို ထွက်ကြည့် လိုက်ကြပါလား ခင်ဗျာ...       

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။