BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ကားပြပွဲ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့် က အရှေ့တောင်အာရှတွင် မျက်နှာ အငယ်ရဆုံး လေဆိပ်၊ ခုတော့ အာရှ တစ်ခွင် Top Ten စာရင်းဝင်လေဆိပ် ဖြစ်သွားပြီခင်ဗျ။ ကမ္ဘာ့နိုင်ငံအသီး သီးက ဘိုးရင်း အဲယားဘတ်စ်တွေ လေးဆယ့်ငါးစင်းနဲ့ အခြားအလယ် အလတ်တန်းစားလေယာဉ် ငယ်တွေ အစီး တစ်ရာ့ငါးဆယ်လောက် ချောင် ချောင်ချိချိ ဆင်းနိုင်တက်နိုင်တဲ့ လေ ဆိပ်ဖြစ်သွားပြီခင်ဗျ။

ဒီနေ့

          အဲ့ဒီလေဆိပ်ကြီးမှာ အရင် နေ့တွေကနဲ့မတူ လူတွေ ပိုများနေ တယ်ခင်ဗျ။ လေဆိပ်  လုံခြုံရေး ၀န် ထမ်းတွေအပြင် ကုတ်အင်္ကျီ အနက်၊ ဘောင်းဘီအနက်၊ မျက်မှန် အနက် တပ်ဆင်ထားတဲ့ ဂျက်လီနဲ့ ခပ်ဆင် ဆင်တူတဲ့ သက်တော်စောင့် တော် တော်များများကိုလည်း တွေ့ရတယ် ခင်ဗျ။ အဲ့ဒီလို ရှုပ်ယှက်ခတ်နေတဲ့ အချိန်မှာပဲ သက်တော်စောင့် Leader လုပ်သူ တစ်ယောက်နားမှာ တပ်ထား တဲ့ စကားပြောကိရိယာလေးကို လက် ညှိုးတစ်ဘက်နဲ့ထောက်ရင်း ]]နေရာ ယူ နေရာယူ ဘောစိလာပြီ ဘောစိ လာပြီ}} ဆိုပြီး လေဆိပ် အပြင် ဘက်ကို ပြေးထွက်လာတယ် ခင်ဗျ။ သက်တော်စောင့်များ နေရာယူပြီး ချိန်မှာပဲ လေဆိပ်အ၀င်ပေါက် တည့် တည့်ကို အနက်ရောင် ဇိမ်ခံ ကားကြီး တစ်စီးနှင့်အတူ နောက်ထပ် ကားငါး စီးလောက် တစ်ပြိုင်တည်း ထိုးရပ် လာတယခင်ဗျ။

ပထမဆုံး ကားပေါ်က ဆင်း လာသူကတော့ အသက် ငါးဆယ် အရွယ်လောက်ရှိတဲ့ ပိန်ပိန်ပါးပါး ခပ်သွယ်သွယ်၊ ဥရောပ ၀တ်စုံကို အကျအန၀တ်ဆင်ထားတဲ့ လူတစ်ဦး ဆင်းလာတယ်ဆိုရင်ပဲ ခုနတုန်းက သက်တော်စောင့်တွေ ထို ပုဂ္ဂိုလ်နား မှာ အသင့်ဝိုင်းရံလိုက်တယ်ခင်ဗျ။ ထိုပုဂ္ဂိုလ်ကား အခြားသူ မဟုတ် မြန်မာနိုင်ငံရဲ့ အကြီးဆုံး KS ဆောက် လုပ်ရေးလုပ်ငန်းပိုင်ရှင်သူဌေးတစ်ဦး၊ မြန်မာနိုင်ငံတွင် KS ဘဏ်ခွဲပေါင်း လေးရာခုနစ်ဆယ် အသစ်ဖွင့်ရန် စိုင်း ပြင်းနေတဲ့ ဘဏ်ခွဲတွေပါပါမယ်ဆိုရင် ဘဏ်ခွဲပေါင်း ငါးရာလောက်ကို တစ်ဦးတည်း  ပိုင်ဆိုင်ထားတဲ့  KS ဘဏ်သူဌေးကြီး၊ ကမ္ဘာ့စက်မှုလုပ်ငန်း ကုမ္ပဏီများ အသင်းကြီးရဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့အပြင် ကမ္ဘာကျော် KS အမှတ်တံဆိပ် ဇိမ်ခံကားများကို ထုတ်လုပ်နေတဲ့ ကားစက်ရုံပိုင်ရှင် သူဌေးကြီး မောင်ကျောက်ဆူးပဲ ဖြစ် တယ်ခင်ဗျ။ သူ့နောက်မှာ ဆင်းလာ တဲ့ သူတွေကတော့ ဒီနေ့ မောလီးဝုဒ် (ဟောလီးဝုဒ်နှင့်  နာမည်ဆင်တူ အောင်ပေးထားခြင်း) မှ ကမ္ဘာကျော် သရုပ်ဆောင်များဖြစ်ကြတဲ့ ရွှေပုံစကွီ၊ ၀က်ပုံလေဒီ၊ မဏီရတနာတို၊ ကမ္ဘာ ကျော်မင်းသမီး ဆွိအောချိုတို့အပြင် ကမ္ဘာကျော်ရုံမက အင်္ဂါဂြိုဟ်သားမ များပင် အသေရရ အရှင်ရရ ကြိုက် လွန်းသော မင်းသားရွှေတိုး၊ ပြည် တယ်မှူး၊ မင်းသား မြင့်<ကတို့အပြင် အခြား  မင်းသားသုံးလေးယောက် လည်း ဆင်းလာတာ တွေ့ရတယ် သ  ဗျ။

မီဒီယာတွေဆိုတာလည်း ရိုက် လိုက်ကြတဲ့ ဓာတ်ပုံတွေက တဖျတ် ဖျတ်၊ တချို့ဂျာနယ်သတင်းထောက် တွေဆိုရင် ဒီ ဓာတ်ပုံသတင်းလေး လွတ်သွားမှာစိုးလို့ဆိုပြီး ညကတည်း က လေဆိပ်တက္ကစီတန်းမှာ လာပြီး ညအိပ်တောင် စောင့်ကြသတဲ့။

]]သူဌေးကြီး ဦးကျောက်ဆူး အနေနဲ့ အခု အမေရိကားကို သွား မယ့်ခရီးစဉ်က  ဘာအတွက်ပါလဲ ခင်ဗျာ}}

]]အော်...အမေရိကန် နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့မှာ လုပ်မယ့် နိုင်ငံ တကာ ဇိမ်ခံကားသစ်မိတ်ဆက်ပွဲကို သွားမှာပါ}}

]]အစ်မ ၀က်ပုံလေဒီကလည်း ဒီပွဲမှာ လိုက်ပါရတဲ့ အကြောင်း လေး...}}

]]ဟိုလေ...မီးကို သူဌေးကြီး ကလည်း ဖိတ်တာရယ်၊ ပြီးတော့ နိုင်ငံတကာ ပြပွဲဖြစ်တယ်ဆိုတော့ ကမ္ဘာအရပ်ရပ်က ၀က်ပုံရဲ့ ပရိသတ် တွေလည်း လာကြမယ်ဆိုတော့လေ... အဲ...အဲ့တာကြောင့် ဒီပွဲကို လိုက်ဖြစ် သွားတာပါ}}

]]အော်...ဒါနဲ့ သူဌေးကြီးခင်ဗျ အခုသူဌေးကြီးစီးမယ့်လေယာဉ်မှာလဲ  KS တံဆိပ်  တပ်ထားတာ တွေ့လို့ သူဌေးကြီး ၀ယ်ထားတဲ့ ကိုယ်ပိုင် လေယာဉ်လားဆိုတာ  သိပါရစေ ခင်ဗျ}}

]]ဒါက ၀ယ်ထားတာ မဟုတ် ဘူးခင်ဗျ။ ကျွန်တော့် KS ကုမ္ပဏီ ကမကြာခင် ဘိုးရင်းကုမ္ပဏီနဲ့ အပြိုင် ဈေးကွက်ထဲကို ထုတ်ရောင်းတော့မယ့် အဲယားဘတ်စ်ပါခင်ဗျ။ အခုဆိုရင် အမှာစာတွေလည်း ရနေပါပြီ ဟဲ..ဟဲ}}

KS အမှတ်တံဆိပ် လေယာဉ် ကြီး ကောင်းကင်မိုးသားထဲ တစ်ရှိန် ထိုးပျံတက်သွားတယ်ခင်ဗျ။ လေဆိပ် ထဲက လက်ဝှေ့နှုတ်ဆက်သူတွေက တော့ ခုထိ မိုးသားတိမ်လိပ်တို့ကို ကြည့်နေဆဲပဲခင်ဗျ။

LAST VEGAS

International Airport

 လေယာဉ်ကတစ်ဆင့် ပိုက်လုံး ကျုဒ်ထဲက ထွက်လိုက်တယ်ဆိုရင်ပဲ အများသူငှာသွားနေတဲ့ထွက်ပေါက် မဟုတ်၊ အထူးဧည့်သည်တော်များ သီးသန့်စီးတဲ့ ဓာတ်လှေကားအပေါက် ၀တည့်တည့်ကိုရောက်လာတယ် ခင်ဗျ။ လေဆိပ်တစ်ခုလုံးမှာလည်း မြန်မာအလံတွေကို ချိတ်ဆွဲထားတာ တွေ့ရတယ်ခင်ဗျ။ အလွန်ကြီးမားတဲ့ ဗီနိုင်းပိုစတာကြီးတွေမှာလည်း သူဌေး မောင်ကျောက်ဆူးပုံနဲ့အတူ Welcome to Mr. Kyauk Sue ဆိုတဲ့ စာတန်းတွေကိုလည်းနေရာအနှံ့ ချိတ်ဆွဲထားတယ်ခင်ဗျ။

]]ဟလို မစ္စတာကျောက်ဆူး}} ]]ဟလို ပရက်စီးဒင့် မစ္စတာ အိုဘား မား}} ]]ဟောင်း ဒူး ယူဒူး}} ]]ဒူး အခြေအနေကောင်းပါတယ် မစ္စတာ အိုးဘားမား}} ]]၀ဲလ်မဒမ် ကျောက်ဆူး နိုးဆီး}} ]]အော်သူလား ရင်ဘတ်မှာ ၀ဲပေါက်နေလို့ ဒီတစ်ခေါက်ပါမလာ ဘူး}} ]]အိုကေ အိုကေ}} ]]စိမ်း တူ ယူ}} ]]သိုင်းကယူ သိုင်းကယူ}} ]]ဥုံဖွ ဥုံဖွ}}

အမေရိကန် သမ္မတ အိုဘား မားနဲ့ သူဌေးမောင်ကျောက်ဆူးတို့ အပြန်အလှန်နှုတ်ဆက်ကြတယ် ခင်ဗျ။

နိုင်ငံတကာ ကားပြပွဲကြီး

]]လေဒီ အန် ဂျန်းဒဲမန်း အခု အချိန်ကစပြီး နိုင်ငံတကာ ကားပြပွဲ  ကြီးကို ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ၊ ဒီ ကားပြပွဲမှာ နိုင်ငံတကာက လာ ရောက်ပြသကြတဲ့ ကားတွေနဲ့အတူ ကားကုမ္ပဏီ ပိုင်ရှင်များကိုလည်း မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ။ ပထ မဦးစွာ စတိတ်နံပါတ် (၁) မှာ တင် ထားတဲ့ ကားနှစ်စီးကတော့ ကမ္ဘာ့ ဇိမ်ခံကားဈေးကွက်မှာ ဝေစု အများ ဆုံးရထားတဲ့ KS ဇိမ်ခံကားပဲ ဖြစ် ပါတယ်ခင်ဗျာ...}}

တက်ရောက်လာသူ အားလုံး က စတိတ် နံပါတ် (၁) ကို လှမ်း ကြည့်ကြတယ်ခင်ဗျ။ အစီအစဉ် ကြေ ညာသူက ဆက်လက်ပြီး ကြေညာ တယ်ခင်ဗျ...

]]ဒီဇိမ်ခံကားကြီးရဲ့ ပိုင်ရှင် ကတော့ ကမ္ဘာကျော်  ထရီလျံနာ သူဌေးကြီး Mr.  ကျောက်ဆူး (Myanmar) ပဲ ဖြစ်ပါတယ်ခင်ဗျာ}}

အစီအစဉ် ကြေညာသံ အဆုံး သူဌေးကြီး ဦးကျောက်ဆူးရပ်နေတဲ့ ကြမ်းပြင်ကွက်ဟာ တဖြည်းဖြည်းမြင့် တက်လာပြီး ပရိသတ်တွေရဲ့ ခေါင်း တလုံး အမြင့်မှာ ရပ်သွားတယ်ခင်ဗျ။ အဲ့ဒီအချိန်မှာပဲ စတိတ်ပေါ်မှာ ရှိတဲ့ ကားဆီကို သရုပ်ဆောင် ဆွိအောချို ရောက်သွားပြီး ကားရဲ့ ဘောနက်ဖုံး ပေါ်ကို ခြေတစ်ချောင်း လှမ်းတင် လိုက်တယ်ခင်ဗျ။ ကြည့်နေတဲ့ ပ ရိသတ်တွေက ]]အို}} ဒုတိယအဆင့် အနေနဲ့ သူရဲ့ ခြောက်လက်မလောက် ရှိတဲ့ ဒေါက်ဖိနပ်နဲ့ အောက်ခြေတစ် ချောင်းပါထပ်တင်ပြီး ကားအမိုးပေါ် မှာ ထိုင်ချလိုက်တယ်ခင်ဗျ။ ပရိသတ် ကလဲ ]]ဟယ်}} အာမေဋိတ်သံတွေ အမျိုးမျိုးနဲ့ပေါ့ခင်ဗျာ။

ပြီးတော့ အောက်ကိုပြန်ဆင်း လာပြီး ကားတံခါးဆွဲဖွင့် ပရိသတ်ကို ဖလိုင်းကစ်လုပ် ကားထဲဝင်ထိုက် လိုက်ချိန်မှာပဲ ]]၀ရော ၀ရော}} ဆိုတဲ့ ဆိုင်ကယ်သံကြီးနဲ့အတူ ရမ်ဘိုစတား လုံး စင်ရှေ့ကို ရောက်လာတယ်ခင်ဗျ။ ပြီးတော့ သူဌေးမောင်ကျောက်ဆူးကို တစ်ချက် ကြည့်တယ်။ သူဌေးက ခေါင်းညိမ့်ပြလိုက်တော့ ဘာပြော ကောင်းမလဲခင်ဗျာ။ သူကိုင်နေကြ တကယ့်သေနတ်အစစ်ကြီးနဲ့ တဒိုင်း ဒိုင်းပစ်ပါလေရော၊ အိုဘားမားလဲ ကြမ်းပြင်ပေါ် ၀ပ်၊ ပရိသတ် အားလုံး လည်း ကြမ်းပြင်ပေါ်ဝပ်၊ မ၀ပ်တာ ဆိုလို့  သူဌေးမောင်ကျောက်ဆူး တစ်ယောက်ပဲ ရှိတယ်ခင်ဗျ။ ရမ်ဘို လည်း အားရပါးရပစ်ပြီး ဆိုင်ကယ် ကြီး  မောင်းထထွက်လာတော့မှ ပရိသတ်လည်း ခေါင်းထောင်လာ တော့ ခင်ဗျ၊ ပရိသတ် စိတ်ထဲ ထင် ထားတာက ခုလောက်ဆို ဆွိအောချို တော့ သွေးအိုင်ထဲ မှောက်လျက်လဲ နေလောက်ပြီပေါ့။ ဒါပေမယ့် ပရိသတ်ကခေါင်းထောင်ကြည့်လိုက် တဲ့အချိန်မှာ ကားရော၊ မော်ဒယ်ပါ ပျောက်နေတယ်ခင်ဗျ။ ဒီတော့မှ သူဌေးကျောက်ဆူးက..

]]ပရိသတ်ကြီးခင်ဗျာ ခုန စကားလုံး (ရမ်ဘို) ပစ်သွားတဲ့ကျည် တွေက တကယ့်အစစ်ကျည်တွေပါ၊ ဒါပေမယ့် ရမ်ဘိုဟာ ပစ်ရင်းပစ်ရင်း သူ့မျက်စိရှေ့မှာပဲ ကားကပျောက်သွား တော့ သူ ဆက်ပစ်လို့မရတော့ဘူး ခင်ဗျ။ တကယ်တော့ ကျွန်တော့်ကား ရော ကျွန်တော့်မော်ဒယ်ရော မသေပါ ဘူးခင်ဗျ။ အဲ့ဒီလို ရန်သူတွေနဲ့ တွေ့ တဲ့အခါ၊ အကြမ်းဖက်သမားတွေနဲ့ တွေ့တဲ့အခါ လက်တွေ့ရင်ဆိုင်ရပြီ ဆိုရင် ကျွန်တော်တို့ KS  ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်  နည်းပညာဖြစ်တဲ့ ကိုယ်ပျောက်နည်းစနစ် လျှပ်စီးပတ် လမ်းနဲ့ ကားကို လွှမ်းခြုံလိုက်တဲ့အခါ ကားဟာ ပတ်ဝန်းကျင်အရောင်နဲ့ တစ်သားတည်းဖြစ်သွားတော့ ရန်သူ မျက်စိလည်သွားတာပေါ့ခင်ဗျာ၊ ပြီး တော့မှ ကားဟာမြေပြင်ပေါ်ကမသွား ဘဲ ကောင်းကင်ကို ရပ်နေရာကနေ ထိုးတက်သွားပြီး အခြားနေရာကို အန္တရာယ်ကင်းကင်းနဲ့ မောင်းနှင် သွားနိုင်ပါတယ်ခင်ဗျာ။ ဟော ပြော ရင်းဆိုရင်း ဟိုမှာ ကျွန်တော့်ကား ပျံလာနေပါပြီခင်ဗျ}}

သူဌေးမောင်ကျောက်ဆူးလက် ညှိုးညွှန်ပြရာ ကြည့်လိုက်တော့ မျက် နှာကျက်နား ကပ်ပျံလာတဲ့ KS  ကားကိုတွေ့လိုက်တော့ ပရိသတ် အားလုံး လက်ခုပ်လက်ဝါးတီး အား ပေးကြတယ်ခင်ဗျ။ ]]ကျောက ဆူး ကျောက်ဆူး ဒုန်း ဒုန်း ဒုန်း}}     ]]မြန်မာ မြန်မာ မြန်မာ ဒုန်း ဒုန်း ဒုန်း}}

]]ကျွန်တော်ဟာ ဒီကားကို လူ တိုင်း ၀ယ်စီးနိုင်တဲ့ဈေးနဲ့ ရောင်းပေး မှာပါခင်ဗျာ။ အဲ...လိုချင်ရင်တော့ KS ၀က်ဆိုက်ထဲမှာ ၀င်ပြီး KS ကိုယ် ပျောက်ကားလို့ ရိုက်ထည့်ပြီး အမှာ စာပေးပို့နိုင်ပါတယ်ခင်ဗျာ...}}

]]ရွှီ...ဖြောင်း...ဖြောင်း...}}

]]ဗျို့ ဆရာကြီး ဆရာကြီး ဘယ်ဆင်းမှာလဲ}}

]]ဘာလဲ ကားမှာမလို့လား ၀က်ဘ်ဆိုက်ထဲ ၀င်ကြည့်လေကွာ}}

]]ဟာဗျာ ဘာတွေလာပြောနေ တာလဲ၊ ဒီမှာ ဂိတ်ဆုံးရောက်နေလို့ ဘယ်ဆင်းမှာလဲလို့ မေးနေတာ}}

]]ဟေ  ဘယ်ကိုရောက်နေလဲ}}

]]လှိုင်သာယာ}}

]]သွားပါပြီကွာ ငါက ပန်းဆိုး တန်းဆင်းမှာ}}

ဘတ်စ်ကားစီးရင်း ထိုင်ခုံရ တာနဲ့ မောင်ကျောက်ဆူး အိပ်ပျော် သွားတာခင်ဗျ။

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။