BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မဟူရာလမ်းများပေါ်က သွေးနီရောင်ရင့်ရင့်

ယခုတလော  (ကွမ်း)နှင့် ပတ် သက်သည့် သတင်းဆောင်းပါးများကို စဉ်ဆက်မပြတ်  ဖတ်နေရပါသည်။ ဦးစွာ (၂၀၁၆)ခုနှစ် ဇွန်လ (၁၄) ရက် နေ့ထုတ်  The Daily Eleven  သတင်း စာတွင် (ကွမ်းစားမှု လျှော့ချရေးနှင့် ကွမ်းတံတွေး စည်းကမ်းမဲ့ ထွေးမှု ပပျောက်ရေးအတွက် အွန်လိုင်းလူထု စစ်တမ်းအပြင် မြေပြင်စစ်တမ်းပါ ပူးတွဲကောက်နေ) ဟူသော သတင်း အပြင် (၂၀၁၆) ခုနှစ် ဇွန်လ (၁၆) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ လည်း (ကွမ်းစားသုံးခြင်းသည် ပြည်သူ တစ်ရပ်လုံး၏ ကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာဖြစ် ပေါ်စေနိုင်သည့်အပြင် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးမှုများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုဖြစ် ပေါ်စေနိုင်) ဆိုသည့် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အရ ထုတ်ပြန်ထားသော စာသားတချို့ကို လည်း သိခွင့်ရခဲ့ပါသည်။

ထိုနည်းတူ (၂၀၁၆) ခုနှစ် ဇွန်လ (၁၇) ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါ ရှင်သန် (အမရပူ) ၏ (ကွမ်းစားတာဟာ  မင်္ဂလာ လား) ဆောင်းပါးတွင်ပါရှိသည့် လောကီ ကျမ်းလာ မင်္ဂလာတရားများမှာ မှတ် သားစရာ ကောင်းလှပါပေသည်။ ဤ သို့သာမက ဆောင်းပါးရှင်နှင့် အသိ အင်ဂျင်နီယာ အကြီးအကဲတို့ ရပ် စကားပြောဖြစ်စဉ် (သူတို့က ကွန် ကရစ် လောင်းဖို့ သန့်ရှင်းရေးလုပ် သား၊ ကားသမားတွေက ကွမ်းတံ တွေး ထွေးသွားခြင်းနှင့် စည်းကမ်းမရှိ ကြလို့ စိတ်ညစ်ရကြောင်း) ပြောပြပုံ။ မနေ့က   လမ်းလျှောက်ထွက်တော့ ကွန်ကရစ်လမ်းတစ်လျှောက် ကွမ်း တံတွေးတွေ ရဲရဲတောက်နေတောကို စိတ်မကောင်းစွာ တွေ့ရပုံ။

ကျောင်းရှေ့မှာ ဂိတ်ထိုးထား သော တက္ကစီလေးငါးခြောက်စီးအထဲ က စကားကြီးစကားကျယ်အလွန်ပြော တတ်သော အသက်အကြီးဆုံး အဘိုး ကြီးနှင့် ဆောင်းပါးရှင် လမ်းမပေါ် ရပ်စကားပြောရင်း (မြန်မာတွေ စည်း ကမ်းမရှိကြောင်း ဖောင်နေအောင်ပြော သည်။ ပြီးတော့ သူကိုယ်တိုင် အဲဒီ လမ်းပေါ်မှာပဲ   ကွမ်းတံတွေးတွေ ဖျန်းခနဲ  ထွေးလိုက်သည်။ ကောင်း ရောပဲ) စာသားမှာ အငှားယာဉ်မောင်း တချို့၏ စရိုက်ကိုဖော်ပြနေပုံ စသည် တို့မှာ ဆောင်းပါးရှင် မေးထားသော (ကွမ်းစားတာဟာ မင်္ဂလာ) ရှိ မရှိ စဉ်းစားသင့်သော အချက်ပင် ဖြစ်ပေ ၏။

စာရေးသူသည်  ဗဟန်းဂွတ္တ လစ် ဈေးကွေ့မှ တောင်ဥက္ကလာပ မြင်သာဈေးသို့ ဘီအမ် (၂၃၅ ^၂၄၅ ^၂၅၅) စသည်တို့ကိုစီး၍ နိစ္စဓူဝ အလုပ်သွားနေရသူ  ဖြစ်ပါသည်။ တစ်နေ့သောအခါတွင်ဖြစ်၏။ ယာဉ် မောင်း၏ ညာဘက်ဘေးရှေ့ထိုင်ခုံ တွင် နေရာရ၍ လိုက်ပါစီးနင်းခဲ့ပါ သည်။ ယာဉ်မောင်းမှာ စာရေးသူနှင့် မျက်နှာမူရှိနေသဖြင့် သူ့ကိုလေ့လာ မိပါသည်။ ယာဉ်မောင်းမှာ လူလတ် ပိုင်းဖြစ်ပြီး သဘောကောင်းပုံရသည်။ ကားကိုလည်း စိတ်ရှည်ရှည် မောင်းပါ သည်။ သို့ရာတွင် ကွမ်းကိုမူ အဆက် မပြတ် ၀ါးနေပါသည်။

ယာဉ်မောင်းသည် ဈေးကွေ့ မှတ်တိုင်တွင်ရပ်စဉ် ယာဉ်နောက် လိုက်ကို  ကွမ်းတစ်ထုပ်ဝယ်ခိုင်း သည်။ ပြီးလျှင် ထုတ်၍ ၀ါးသည်။ ကွမ်းတံတွေးကို ထွီခနဲလမ်းမပေါ်သို့ ထွေးလိုက်သည်။ ကားထွက်ရာ လမ်းတစ်လျှောက်  မှတ်တိုင်တိုင်း တွင်လည်း ကွမ်းတံတွေးတွေကို ထွီ ခနဲ ထွီခနဲ ထွေးတတ်ပါသည်။ မိုး ကောင်းဘုရားမှတ်တိုင်သို့ရောက် သောအခါ ကွမ်းတစ်ထုပ်နှင့် ရေသန့် ဘူးတစ်ဘူးကို ယာဉ်နောက်လိုက်အား ၀ယ်ခိုင်းပြန်ပါသည်။ ထို့နောက် စား ထားသော ကွမ်းကျန်များကို ပါးလုတ် ကျင်းပြီး လမ်းမပေါ်သို့ ထွေးထုတ်ပါ သည်။ ပြီးလျှင် ကွမ်းထပ်စားပြန်ပါ သည်။ စာရေးသူမှာ သူ၏ပြုမူ စား သောက်ပုံများကို စေ့စေ့ကြည့်ပြီး ပြုံး နေမိပါသည်။

ရထားသံလမ်းသို့ ရောက်သော အခါ ရထားလာနေသဖြင့် လမ်းကူး တံခါး ပိတ်ထားသောကြောင့် မော် တော်ယာဉ်များအားလုံး ရပ်ထားကြ ပါသည်။ ထိုအချိန်တွင် ယာဉ်မောင်း လူရွယ်မှာ စာရေးသူအား ရယ်မော ပြီး...]]အဘက ကျွန်တော့်ကို ကြည့် ပြီး ဘာဖြစ်လို့ ပြုံးနေတာလဲ}} ဟု လှမ်းမေးပါလေသည်။ စာရေးသူက  ဘာမှန် ပြန်မဖြေသေးဘဲ ပြုံးတုံ့တုံ့ လုပ်နေရာ ယာဉ်မောင်းလူရွယ်က     ]]ပြောပါအဘရဲ့ ကျွန်တော် စိတ်မဆိုး တတ်ပါဘူး ဟဲ ဟဲ}} ဟု ထပ်မံ၍ မေးပြန်ရာ စာရေးသူက ရင်းရင်းနှီးနှီး လေသံဖြင့်..

]]သားရဲ့နောက် ဘေးကားဘော် ဒီမှာ ကွမ်းတံတွေးမထွေးရ၊ တွေ့ရှိက ဒဏ်ငွေတစ်သောင်းကျပ် ရေးထား တာဖတ်မိလို့ပါ}} ဟု အရွှန်းဖောက် ရင်းဖြေလိုက်ရာ ယာဉ်မောင်းလူရွယ် က သဘောပေါက်သွားပြီး ]]ဆိုင်း ဘုတ်က ကားပေါ်ထွေးမှ ပေးရမှာကို ရေးထားတာအဘရဲ့။ ကျွန်တော်က ကွမ်းတံတွေးကို လမ်းပေါ်ထွေးထုတ် တာလေ}} ဟု တဟားဟား ရယ်မော ရင်း   ချေပပြောဆိုပါလေသည်။ တကယ်ဆိုမူ ကွမ်းတံတွေးကို ပလပ် စတစ်အိတ် သို့မဟုတ် ရေသန့်ဘူး ခွံတွင်ထွေးပြီး အမှိုက်ပုံးထဲထည့်သိမ်း လိုက်ပါက ကောင်းလေစွာဟု တွေး မိပါတော့သည်။

ထိုမှတဖန် မိတ်ဆွေတစ်ဦး ပြောပြခဲ့သော မလေးရှားနိုင်ငံရောက် ကွမ်းကြိုက်မောင် တစ်ဦးအကြောင်း ကို ပြောပြလိုပါသည်။ ကွမ်းကြိုက် မောင်၏အမည်မှာ ဆိတ်သိုးဟုသိရပါ သည်။ တနင်္ဂနွေစက်ရုံပိတ်ရက်တွင် ဖြစ်၏

မိတ်ဆွေနှင့် ဆိတ်သိုးတို့ ကွာလာလမ် ပူမြို့ပေါ်မှနေထိုင်ရာ နယ်မြို့လေးသို့ ပြန်ရန် ကားဂိတ်တွင် ကားစောင့်နေ ကြစဉ်ဖြစ်သည်။ မိတ်ဆွေမှာ မြန်မာ့ မြေမှ မိသားစုနှင့် ဖုန်းပြောနေသည်။ ဆိတ်သိုးမှာမူ စီးရက်ဖွာရင်း ကွမ်း ၀ါးနေသည်။ ထိုအချိန်တွင် မိန်းမပျို လေးတစ်ဦးက ဆိတ်သိုးကို စိုက် ကြည့်နေသည်။    ဆိတ်သိုးက သူ့အားစိတ်ဝင်စားသည် အထင်နှင့် ပီတီဖြာနေ၏။ ခဏကြာသော် စီးက ရက် ကုန်သွားသဖြင့် စီးကရက်တိုကို ပလက်ဖောင်းပေါ်သို့  ဟန်ပါပါလွှတ် ပစ်လိုက်သည်။  ကွမ်းတံတွေးကို လည်း ဗျစ်ခနဲကားလမ်းမပေါ်သို့ ထွေးပစ်လိုက်လေသည်။

မိန်းမပျိုလေးမှာ ဆိတ်သိုးကို ပြုံး၍ကြည့်ပြီး အနားသို့ရောက်လာ သည်။ ဆိတ်သိုးအနားသို့ရောက်လျှင် မိမိမှာ စည်ပင်ရဲဖြစ်ကြောင်း ၀န်ထမ်း ကတ်ကိုထုတ်ပြပြီး စည်းကမ်းမဲ့ ကွမ်း တံတွေးထွေးခြင်း၊ စီးကရက်တို ပစ် ခြင်းအမှုဖြင့် ရုံးခန်းသို့ခေါ်ဆောင် သွားပြီး မလေးရင်းဂစ် (၃၀) ဒဏ်ငွေ ရိုက်လိုက်ပါလေသည်။ စီးကရက်တို ကို မီးသေချာငြှိမ်း၍ အမှိုက်ပုံးထဲ သို့ထည့်ရန်၊ ကွမ်းတံတွေးကို ပလပ် စတစ်အိတ်ထဲထွေး၍ စည်းကမ်း တကျ သိမ်းရန်ပင် ဆုံးမလိုက်ပါသေး သည်။ ဆိတ်သိုးတစ်ယောက်မှာမူ မျက်နှာကြီးရှုံ့မဲ့လျက်။

အလားတူအဖြစ်အပျက်မျိုးကို ဆရာမောင်ချစ်ငြိမ်  ရေးသားသော ကိုရီးယားရောက်စ ကမောက်ကမ ကိုယ်တွေ့ဝတ္ထုတိုတစ်ပုဒ်တွင် ဖတ်ခဲ့ ဖူးပါသည်။ ဇာတ်လမ်းမှာ ကိုရီးယား နိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားလူငယ်တစ်ဦး မှတ်တိုင်၌ ကား စောင့်စဉ် ကွမ်းတံတွေးကို လမ်းမပေါ် သို့ တဗျစ်ဗျစ်ထွေးသည်ကို မြင်လိုက် သော  လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း အမျိုးသမီးက ရောဂါကြောင့် ပါးစပ် ထဲမှ သွေးများထွက်တာဟု ထင်ပြီး ဆေးရုံတင်ရန် အတင်းဆွဲခေါ်ရာ အဲ့ဒီ လူငယ်ခမျာ သူ့အား ဖမ်းပြီးအထင်နှင့် ခြေဒုံးတပ်၍ ပြေးခဲ့ရသောအကြောင်း ဖြစ်ပါသည်။ ဤကား စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းကြောင့်  ရရှိ လိုက်သည့် အကျိုးဆက်ပင်မဟုတ်တုံ လော။

တစ်ဆက်တည်း စာရေးသူ၏ အတွေးတွင်လည်း (စည်းကမ်း) ဟူ သည် မိမိနိုင်ငံပိုင်မြေပေါ်၌သာမက မည်သည့်ရေမြေဒေသ နေရာမရွေး လိုက်နာ ကျင့်သုံးကြမည်ဆိုပါက တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး အဖြစ် ဂုဏ်တင့်နေမည်ဟူ၍သာ...

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။