BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

လာဆွဲထုတ်မှ ဘာလဲလုပ်ကြတဲ့ လူတွေ

မဟာဗန္ဓုလ  လမ်းပေါ်မှာ ယာဉ်ထိန်းအရာရှိတစ်ယောက် အခု လို  ဖုန်းပြောနေတာ ကြားလိုက်ရ တယ်။ ]]ကိုအောင်ဝင်းရေ ကရိန်း မောင်းတဲ့ ထွန်းထွန်းကို မြန်မြန် လွှတ်လိုက်ဗျာ။ ဒီကားက ဦးသန့် အရေးအခင်း မတိုင်မီကတည်းက ရပ် ထားတာ၊ ခုထိကို ပြန်မထွက်နိုင် တောဘူး}} တဲ့...

သြော်...ကျွန်ုပ်လည်း ဒီမော် တော်ပီကယ်ကို သေချာကြည့်ရင်း စိတ်တိုမိတယ်။ ဘာလဲဗျ ဦးသန့် အရေးအခင်းကတည်းက ဆိုတော့။ ကြာပြီဆို ကြာပြီပြောပေါ့။ တော်ကြာ ကျွန်ုပ်တို့ကို အားကျပြီး သရော်စာ လျှောက်ရေး မတော်တာ ကောက် တွေးနေရင် ဒုက္ခ။ သရော်စာက ရေးစရာရှိရင် ဆွဲတယ်၊ မူးယစ်ဆေး ထက်ဆိုး။

ခဏနေတော့ ကရိန်းကားပေါ် မှာ ယာဉ်ထိန်းရဲ  နှစ်ယောက်ပါ လာပြီး စောစောက ကားကို ဆွဲထုတ် ဖို့ ချိတ်တွေဘာတွေ တပ်လိုက်တယ်။ ကျွန်ုပ်က ခပ်သွက်သွက်လေး နောက် ဆုတ်လိုက်တယ်။ တော်ကြာ ကိုယ့် ဖိနပ်လေး ကရိန်းကားနဲ့ ရောပါသွား ရင်ဒုက္ခ။ ပြီးခဲ့တဲ့ လကပဲ ထီးတစ် ချောင်း ပျောက်ထားတာ ပူပူနွေးနွေး လေဗျာ။ အဲ...စောစောက ကရိန်းကား ထွက်သွားတော့မှ မိန်းမတစ်ယောက် ပြာပြာသလဲနဲ့ ]]ကျွန်မကား...ကျွန်မ ကား...ဘယ်ကို ဆွဲသွားတာလဲဟင်}} ဆိုပြီး မေးနေလေရဲ့။ ကျွန်ုပ်က မသိ ချင်ယောင် ဆောင်နေလိုက်တယ်။

အဲ့ဒီအခိုက် ရဲဘက်ပြေးလိုလို၊ စစ်သုံ့ပန်းလိုလို အရက်နံ့ တထောင်း ထောင်းထနေတဲ့ ငပိန်ရောက်လာပြီး ]]အဲ့ဒီကား  ဘယ်မှာရှိမလဲဆိုရင် (၅၂) လမ်းရုံးကို လှမ်းဆက်၊ ပေး အရက်ဖိုး}} တဲ့။ ဟိုက် မဟာရန်ကုန် မှာ ဘာမေးမေး ပွဲခပေးနေရပါရော။ ကားအဆွဲခံရတဲ့ ယာဉ်ပိုင်ရှင် အမျိုး သမီးက အဲ့ဒီပိန်ညောင်ညောင် ကတုံး ဆံပင်နဲ့ ကောင်ကို ငါးရာတန် တစ်ရွက်  ထုတ်ပေးလိုက်တော့ ဒီ ကောင်က ဘာပြောတယ်မှတ်လဲ...

]]စိတ်ချ၊ ဟိုမှာသွားရှင်း၊ အစ် မကား ဘာမှမဖြစ်စေရဘူး၊ ဥပဒေ နဲ့အညီ ရေဆေးဆီထိုးလေး လုပ်ပြီး စည်းကမ်း ဖောက်ဖျက်ကြေး ဒဏ် ဆောင် ဒါပဲ။ မသာက  ပုပ်တော့မယ်၊ ကျန်ရစ်သူက လွမ်းနာကျနေတုန်း၊ ငိုမနေပါနဲ့ဗျာ}}တဲ့။ ကောင်းရော ဟ...အရက်သမားက တရားဟော တယ်ဆိုတာ မှန်ပါ့ဗျာ။ ကျုပ်လည်း အဲ့ဒီကတုံး ငပိန်ငမူးကို သဘောကျ တာနဲ့ သူ့နားသွားပြီး     ]]ရော့ ငါ့ဆီက နှစ်ရာ အမြည်းဖိုး}} ဆိုတော့ ကျွန်ုပ်လက်ကို ဆွဲပြီး (၁၆) လမ်းထဲ ခေါ်သွားလေရဲ့။ အဲ့ဒီလမ်း အလယ်  လောက်ရောက်တော့...ငမူးက...

]]စောစောက မိန်းမမျိုးတွေ အလကားဟာတွေ။ ကားကိုထင်ရာ ရပ် ဟိုက လာဆွဲတော့ မျက်ရည် စမ်းတမ်းတမ်းနဲ့။ ယာဉ်ကြောမကျပ် အောင် အားလုံးထိန်းရမှာလေ။ ခင် ဗျားလည်း ကားမစီးနိုင်ပေမယ့် လမ်း လျှောက်ရင် ခြေကားယား၊ လက် ကားယားမသွားသင့်ဘူး။ တော်ကြာ သူများကား ဘက်မှန် သွားရိုက်မိ လို့ပြုတ်ထွက်သွားရင် လျော်နေရဦး မယ်။ ရှင်းလား...သွား စည်းကမ်းရှိ၊ နည်းလမ်းသိ။ ဒါပဲနော် ယောက်ဖ။ ကျုပ်ပြောတာ ကျေနပ်လား၊ လာဆွဲမှ ဘာလဲဟ လုပ်မနေနဲ့}} ဆိုပြီး ကျွန်ုပ်ကို တရားတွေ ဟောနေလိုက် တာဗျ။ ကျွန်ုပ်ကတော့ ပျော်ပျော်နေ တတ်သူဆိုရင် အရူးလည်း ပေါင်း၊ ငမူးလဲပေါင်း။

လူတော်တော်များများက အမူး သမားဆို လန့်ဖျပ်နေတတ်ပေမယ့် ကျွန်ုပ်က တစ်ခါတလေ အဲ့ဒီငမူးတွေ ဆီက ရေးစရာကုန်ကြမ်းတွေရတယ်။ အခုပဲကြည့်လေ ]]လာဆွဲမှ ဘာလဲ ဟ}} လုပ်မနေနဲ့တဲ့။ အဲ့ဒါ တော်တော် နက်ရှိုင်းတဲ့စကားပဲ။ လမ်းဘေးမှာ ကာလရှည်ကြာ ရပ်နားတဲ့ကားပဲဖြစ် ဖြစ်၊ ဒုစရိုက်လုပ်ငန်းနဲ့ အသက်မွေး ၀မ်းကျောင်းတဲ့ သူပဲဖြစ်ဖြစ်၊ တရား ဥပဒေကို တစ်နည်းနည်းနဲ့ ချိုးဖောက် ထားသူပဲဖြစ်ဖြစ် သက်ဆိုင်ရာက လာ ဆွဲမှာ သေချာနေပေရော့။ ဒါကြောင့် ငမူးစကား မထူးမခြားဆိုပြီး လျှော့ တွက်လို့မရဘူး။ လာဆွဲမှ ဘာလဲဟ ဖြစ်နေမယ်။

အဲ...လမ်းဘေး  ကားတွေကို ကရိန်းနဲ့ထိန်းကျောင်း ဒဏ်ငွေတပ် ရိုက်သလိုပဲ လမ်းပြောင်းပြန် ၀င်ချင် သလိုဝင်၊ ထွက်ချင်သလိုထွက်နေတဲ့ ရေသန့်လှည်းတွေ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ၊ မီးသွေးတွန်းလှည်းတွေ၊ လက်ဖက်သုပ်လှည်း၊ အုန်းသီးရေ ရောင်းတဲ့လှည်း၊ ထီရောင်းတဲ့လှည်း၊ အင်္ကျီအ၀တ်အစား  ရောင်းတဲ့လှည်း အဲ့ဒါတွေကိုလည်း မြေပြင်ကရိန်းနဲ့ မရရင် ဝေဟင်ကရိန်းနဲ့ ဆွဲကြစမ်းပါ ဗျာ။

ရန်ကုန်မှာ လူတော်တော်တော် စည်းကမ်းပျက်နေတယ်။ ရေသန့်ဘူး ပို့တဲ့  ကောင်ကလည်း လုပ်သက် တစ်နှစ်ကျော်တာနဲ့ လမ်းပြောင်းပြန် မိုင်နှစ်ရာလောက် တွန်းရဲလာတယ် ဗျ။ ယာဉ်ကြာကျပ်ရခြင်းရဲ့ တရားခံ တွေကတော့ အများကြီးပဲဗျ။ ဆိပ် ကမ်းမှာ ကုန်တင်ကုန်ချကားတွေကို အချိန်တစ်ခု မသတ်မှတ်နိုင် သလို၊ ထရပ်ကား အမျိုးမျိုးကိုလည်း အချိန် ကန့်သတ်သင့်တယ်ဗျ။ အဆိုး ဆုံး ကတော့  လူတစ်ယောက်တည်းက တက္ကစီ အစီးနှစ်ဆယ်လောက် ၀ယ် ထောင်ထားတာမျိုးပေါ့။ ၀င်ငွေမြတ် တာထက် ယာဉ်တွေကျပ်လာတဲ့ ဒုက္ခ ကို အလေးထားသင့်တယ်ဗျ။ လက်ရှိ ရန်ကုန်မှာ ရွေ့လျားထမင်းဆိုင်၊ ရွေ့ လျား  ကွမ်းယာဆိုင် စသဖြင့် တွန်း လှည်း  မျိုးစုံစုပြုံနေပြီး ဟိုအရင် က လမ်းဘေး ဈေးရောင်းချခွင့်ကို ညနေ သုံးနာရီနောက်ပိုင်း ဆိုပေမယ့် အခု တော့ မနက်အရုဏ်ဆွမ်းချက်တဲ့ အ ချိန်ကနေ ညသန်းခေါင်ကျော် မိုး လင်းပေါက်အထိ ပြောင်ပြောင် တင်း တင်း လုပ်နေကြတယ်ဗျ။

ကျွန်ုပ်တို့လည်း မဟာရန်ကုန် ကို ကယ်တင်ချင်လွန်းလို့ ရေးနေပေ မယ့် ဈေးသည်တွေ ကြည့်လိုက်ရင် လည်း နောက်တိုးတွေက များ၊ အိမ်စီး ကားတွေ၊ တက္ကစီတွေ ကြည့်လိုက် ရင်လည်း နောက်တိုးတွေက  များ။ Without ကားတွေကိုတောင် ဒဏ် ကြေးဆောင်ခိုင်းပြီး လိုင်စင်ထုတ်ပေး သယောင်ယောင်  ကြားနေရပြန်ပြီ။ တကယ်ဆို အဲ့ဒီလွှို Without တွေကို ထိရောက်စွာ နှိမ်နင်းရမှာလေ။ ဒဏ် ကြေးနဲ့ လည်ရင်လည်သလို လုပ်နေ တာ တကယ်ဟုတ်ခဲ့ရင်တော့ ရန်ကုန် နာတယ်ဗျ။ ဒါကြောင့် အဲ့ဒီစနစ်ဆိုး ကြီး မဟုတ်ပါစေနဲ့လို့ ဆန္ဒပြုပါ တယ်ဗျ။

ကားဆိုတာ စိတ်ကြိုက်တင် သွင်းလို့ရပေမယ့် လက်ရှိလမ်းအခြေ အနေကို ကြည့်ရမယ်လေ။ ပြီးတော့ ဟိုချောင်ထိုး၊ ဒီနားကပ်ရပ်၊ သူများ ခြံစည်းရိုးဝင်ပွတ်နဲ့ ရှုပ်ယှက်ခတ် နေတာပဲဗျ။ ယာဉ်ကြောချောင်ဖို့ ဆိုရင် အားလုံးက အသိတရားလက် ကိုင်ထားပြီး လုပ်ကြမှ ရမှာဗျ။ တချို့ အိမ်တွေ တစ်လလောက်မှ တစ်ခါသုံး တဲ့ကားကို လမ်းဘေးမှာ ပိတ်ဖြူကြီး ခြုံပြီး ပစ်ထားကြတာ။ လူဆို မွန်း ကြပ်ပြီးသေလောက်ပြီ။ အခု ကျွန်ုပ် တို့ရှေ့မှာ မျက်နှာပြောင်တိုက်ပြီး ကားလမ်းပေါ် ဈေးတက်ရောင်းနေ ကြတဲ့ ထမင်းဆိုင်တွေဟာ အရင်လို နှစ်ဝိုင်းသုံးဝိုင်း  မဟုတ်တော့ဘူး။ ဘားလမ်းပေါ်က ဆိုင်ဆိုရင် လမ်း တစ်ဝက်လောက် ရောက်နေပြီ။ သူတို့ ကို ပညာပေးစည်းရုံးသင့်တယ်ဗျ။ လူ တွေကလည်း  ခက်တယ်။ လာဆွဲမှ ဘာလဲဟ လုပ်ချင်ပေမယ့် လာမဆွဲ မချင်းတော့ အေးဆေး...

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။