BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

တာယာများဘေးကင်းလုံခြုံမှုနှင့် ထိန်းသိမ်းခြင်း

တာယာကြောင့် မော်တော် ယာဉ်များ အမြန်လမ်းတွင် ဖြစ်ပွား နေသော ယာဉ်တိမ်းမှောက်မှုသတင်း များကို မကြာခဏ ကြားသိနေရပါ သည်။ ကားတစ်စီးတွင် တာယာဘီး များ ဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးသော အချက်ဖြစ်ပါသည်။ ကားတစ်စီးကို မောင်းနှင်၍ စီးသွား ခြင်းသည်  စင်စစ် ကျွန်ုပ်တို့သည် တာယာဘီးများကို ခွစီးနေခြင်းသာ ဖြစ်ပါသည်။  လမ်းမျက်နှာပြင်နှင့် ကားတစ်စီးလုံးထိတွေ့နေသော အရာ မှာလည်း တာယာဘီးများသာဖြစ်ပါ သည်။ အကြောင်း တစ်ခုခုကြောင့် တာယာဘီး ပေါက်သွားခြင်း၊ တာယာ ကွဲထွက်ခြင်း၊ တာယာလေပေါင်ကျ သွားခြင်းသည် မြန်နှုန်းမြင့် မောင်း နေသော ကားတစ်စီးကို တိမ်းမှောက် ပျက်စီးသွားစေနိုင်ပါသည်။

ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း သူတိုင်း တာယာ အရေးကြီးကြောင်း သတိမပြုမိကြပါ။ တာယာကြောင့် ဒုက္ခကြုံတွေ့ရမှ တာယာ Safety  အရေးကြီးကြောင်း နားလည်လာကြ သည်။ ယာဉ်မောင်းသူတိုင်း တာယာ အကြောင်း သိမှတ်ဖွယ်ရာများကို သိရှိထားသင့်ပါသည်။ တာယာ Safety ကို သိရှိထားလျှင် တာယာကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို ကာကွယ်နိုင်ပါမည်။ တာယာကြောင့် ဖြစ်ရသော ယာဉ်မတော်တဆမှုများ ကို ကြိုတင်တားဆီးနိုင်ပါမည်။

ယနေ့ အသုံးပြုနေသော တာယာ များသည် လေထိုးရသော တာယာများ သာဖြစ်သည်။ တာယာတစ်လုံး၏ ခွန်အားမှာ တာယာအတွင်း ထိုးသွင်း ထားသော လေပေါင်ဖိအားဖြစ်သည်။ ချွတ်ယွင်းချက်တစ်ခုခုကြောင့် တာယာ လေပေါင်ဖိအားကျ ဆင်းသွားပြီး လေ မရှိတော့လျှင်  ခွန်အားမရှိသော တာယာများဖြစ်သွားပါသည်။ ယာဉ် နှင့် ကုန်အလေးချိန်များကို ထမ်း မထားနိုင်သော တာယာများဖြစ်သွား ပါသည်။ ကားတာယာဘီးများသည် ယာဉ်တစ်စီးလုံး၏ အလေးချိန်ကို ထမ်းဆောင်ထားပြီး အမြန်နှုန်းအမျိုး မျိုးဖြင့် လမ်းပေါ်တွင် အန္တရာယ်ကင်း ရှင်းစွာ ရွေ့လျားနိုင်ရန် ဆောင်ရွက် ပေးသည်။

တာယာများကို ရွေးချယ်သုံးစွဲ ရာတွင် မိမိကားအရွယ်အစားနှင့် လိုက်ဖက်ညီသော တာယာအမျိုးအစား ကို ရွေးချယ်ရပါမည်။ တာယာများ တွင် ရေဒီယယ်တာယာနှင့် ဘိုင်ယာ့စ် ဟူ၍ နှစ်မျိုးရှိပါသည်။ ရာသီဥတု အခြေအနေ၊ လမ်းအခြေအနေနှင့် ကားအမျိုးအစား အခြေအနေများပေါ် မူတည်၍ ရွေးချယ်သုံး စွဲသင့်ပါသည်။ နွေ၊ မိုး၊ ဆောင်းရာသီ အားလုံးတွင် သုံးနိုင်သောတာယာ များကို All-Sea son Tire ဟုခေါ်ပါ သည်။

တာယာရွေးချယ်ရာတွင် တာ ယာ ဘေးပန်းသား၌ ထုတ်လုပ်သည့် နေ့စွဲ တာယာထမ်းနိုင်သော ၀န်အား အညွှန်းကိန်းနှင့် အမြင့်ဆုံး မောင်း နိုင်သော အမြန်နှုန်းအညွှန်းကိန်းတို့ ကို ဖော်ပြထားသည်။

ဥပမာ - Load Index Rating

71 = 761 lbs

75 = 853 lbs

80 = 992 lbs

85 = 1135 lbs

90 = 1323 lbs

100 = 1764 lbs

 နမူနာဖော်ပြရလျှင်...

တာယာဘေးသား၌ P205/ 65R 15 85 H စာတန်းရေးထားလျှင် နောက်ဆုံးစာလုံး 85 H သည် ၀န်ချိန် အားနှင့် အမြင့်ဆုံးမောင်းခွင့်ရှိသော အမြန်နှုန်းကို ရည်ညွှန်းပါသည်။ 85 ကိန်းဂဏန်းသည် Load Index ဇယား တွင် 1135 lbs အလေးချိန်ခံနိုင်သည် ဟု အဓိပ္ပာယ်ရသည်။ H သင်္ကေတ သည် အမြန်နှုန်းဇယား၌ တစ်နာရီမိုင် (၁၃၀) နှုန်း မောင်းနိုင်သည်ဟု ဆိုလို ခြင်းဖြစ်သည်။

Tire Speed Rating

R = 106 mph

S = 112 mph

T = 118 mph

U = 134 mph

H = 130 mph

V = 149 mph

 အနာအဆာရှိသော တာယာ၊ ဒဏ်ရာရှိသောတာယာ၊ ပန်းသားစား နေသောတာယာ၊ ကွန်ပေါင်းပြန်တင် ထားသောတာယာများ၊ သက်တမ်း လွန်နေသော တာယာများ အထက်ပါ အညွှန်းကိန်းဇယားပါ အရည်အသွေး သတ်မှတ်ချက်များနှင့် မကိုက်ညီ တော့ပါ။

တာယာတစ်လုံး၏ အကောင်း ဆုံးလုပ်ဆောင်ချက်ရရှိရန် ထိုးသွင်း ထားသော လေပေါင်ဖိအားမှန်ကန်ရ ပါမည်။ တာယာတစ်လုံးတွင် အများ ဆုံးခံနိုင်သော လေပေါင်ဖိအားကို တာယာဘေးသားတွင်ရေးထိုးထားပါ သည်။ လေပေါင်များလွန်းပါက တာယာပန်းသား အလယ်ပိုင်းများပို၍ အစားမြန်မည်။ တာယာလေပေါင် နည်းပါက ဘေးနှုတ်ခမ်းသားပန်းသား ပို၍စားသွားမည်။ တာယာလေပေါင် ဖိအားမှန်ကန်ရေးသည် တာယာတစ် လုံးသက်တမ်းရှည်အသုံးခံနိုင်ရေး အတွက် အရေးကြီးပါသည်။

လေပေါင်လျော့နည်းနေသော တာယာကို   ကြာကြာခိုင်းပါက တာယာကွန်ပေါင်းသားများပူလာပြီး နောက်ဆုံးတာယာကွဲထွက်သွားနိုင် သည်။ မြန်နှုန်းမြင့်သွားနေသော ကားတစ်စီးတွင် အကြောင်းတစ်ခုခု ကြောင့် လေလျော့သွားပါက ဘီးပြား သွားပြီး နောက်ဆုံးဒစ်ဝှီးကွေနှင့် ကြိတ်မိကာ တိမ်းမှောက်သွားနိုင် သည်။ ခရီးဝေးမထွက်မီ တာယာဘီး အားလုံးကိုစစ်ဆေးပါ။ လေပေါင်ချိန် ပါ။ လေပေါင်ဖိအားမည်မျှထိုးရမည် ကို ပိုင်ရှင်လက်စွဲစာအုပ်တွင် ဖော်ပြ ထားပါသည်။ သို့မဟုတ် ကားတံခါး ပေါက်ဘောင်၌ ဖော်ပြထားတတ်ပါ သည်။ မော်ဒယ်မြင့်ကားများတွင် တာယာကြောင့် ဘေးအန္တရာယ်မဖြစ် စေရန် တာယာလေဖိအား စောင့် ကြည့်စနစ်တပ်ဆင်ထားပေးပါသည်။ ကားမောင်းနေစဉ် တာယာဘီးလေး လုံးစလုံး၏ လေဖိအားအခြေအနေကို ဒတ်ခ်ျဘုတ်တွင် ဖော်ပြနေပါသည်။ အကယ်၍ ကားဘီးတစ်လုံးပေါက် သွားပြီး လေလျော့သွားပါက ချက် ချင်းသတိပေးပါသည်။

တာယာတစ်လုံးသည် ထုတ် လုပ်သောနေ့မှစ၍ ခြောက်နှစ်သာ သက်တမ်းရှိသည်ဟု သတ်မှတ်ထား ပါသည်။ သက်တမ်းလွန်နေသော တာယာများ၏ အတွင်းပိုင်းတွင်ရှိ သော စတီးဝါယာကြိုးများ၊ ရာဘာ ကွန်ပေါင်းသားများ၏ ကြံ့ခိုင်မှု အားနည်းလာပါသည်။ အမြန်လမ်း တွင်ပွင့်ထွက်သော တာယာများတွင် သက်တမ်းလွန်တာယာများပါနေပါ သည်။ သက်တမ်းလွန်တာယာတစ် လုံးသည် ပန်းသားမည်မျှပင် ကောင်း နေပါစေ မသုံးသင့်ပါ။ တိုက်ဆွေး တာယာဖြစ်၍ သင်နှင့်သင့်မိသားစု အသက်ကို ရန်ရှာနိုင်ပါသည်။ ကွန်တိန်နာကျတာယာအဟောင်း များ၊ ပန်းတင်ထားသော ကွန်ပေါင်း ပြန်တင်ထားသော တာယာများ မသုံးပါနှင့်။    ကြိုးပေါ်နေသော တာယာများ၊   ဘေးသားဆူထွက်နေ သော   တာယာများ၊ လိမ်နေသော တာယာများ   လုံးဝမသုံးပါနှင့်။ တာယာတစ်လုံးသည် အမြန်ဆုံး ထမ်းဆောင်နိုင်သော ၀န်အား (အလေးချိန်) သတ်မှတ်ချက်ရှိပါ သည်။ Overload ထမ်းခိုင်းပါက Highway တွင် တာယာကွဲထွက် တတ်ပါသည်။ ဇုန်ထုတ်လိုက်ထရပ် ကားများတွင် လူနှင့်ကုန်ပစ္စည်း အပြည့်တင်၍ အမြန်လမ်းတွင်မောင်း ပါက တာယာကွဲထွက် ပွင့်ထွက်ပြီး ကားမှောက်သောသတင်းများ မကြာ ခဏ ဖြစ်ပွားနေခြင်းသည် တာယာကို မနိုင်ဝန်ထမ်းခိုင်းခြင်းကြောင့်ဖြစ်ပါ သည်။

ဘီးပေါက်သွားသော်လည်း တာယာလုံးဝပြားချပ်မသွားဘဲ ဆက် လက်မောင်းသွားနိုင်သော တာယာ မျိုးကို Run Flat Tire ဟုခေါ်ပါသည်။ ထိုတာယာမျိုးသုံးလျှင် ဈေးကြီးသော် လည်း စိတ်ချရသည်။ တာယာဘီး လုံးဝပြားမသွား၍ အန္တရာယ်မဖြစ် နိုင်ပါ။ တာယာများတွင် လေမထိုးဘဲ နိုက်တြိုဂျင်ထိုးပါက လေပေါင်ဖိအား ကြာကြာခံသည်။ တာယာသက်တမ်း လည်းပိုခံပါသည်။ ရိုးရိုးလေထိုးပါက လေထဲတွင်ရေငွေ့များပါ၍ တာယာ အတွင်း၌ အစိုဓာတ်ဖြစ်နေပါသည်။ အောက်ဆီဂျင်သည် သံကြိုးမျှင်များ ကို သံချေးတက်ဆွေးစေပြီး တာယာ သက်တမ်းကို တိုတောင်းသွားစေခြင်း ဖြစ်ပါသည်။ နိုက်တြိုဂျင်ထိုးခြင်း သည် အကောင်းဆုံးဖြစ်ပါသည်။

တာယာဘီးများကို ခြောက်လ တစ်ကြိမ် အတွင်းအပြင်လှည့်ပြီးသုံး ပေးပါ။ တာယာပန်းသားပွန်းစားမှု ညီညာစေပါသည်။   တာယာဘီး အလိုင်းမန့်  ပုံမှန်ချိန်ပေးပါ။ ကား အောက်ပိုင်းဆပ်စပန်းရှင်းမကောင်း ပါက ပြုပြင်ပါ။   ချုပ်တန်းရာဘာ ဘွတ်များစားပြီး ချောင်နေပါက အသံ စုံထွက်လာမည်။ တာယာဘီးများ၊ ဒစ်ဝှီးများကို Wheel Balancing ချိန်ပါ။  တာယာ Balance Out နေပါက အမြန်နှုန်းတင်မောင်းလျှင် ဘီးတုန်ခါမှုဖြစ်မည်။

ရာသီဥတု  လမ်းမျက်နှာပြင် အခြေအနေနှင့် ကိုက်ညီသော တာယာ ကိုရွေးချယ်သုံးပါ။ မိုးရာသီတွင် ရေခွဲအားကောင်းသော တာယာများကို ရွေးသုံးပါ။ ကမ္ဘာကျော်နာမည်ကောင်း ရထားသော တာယာတံဆိပ်များကို သာရွေးသုံးပါ။ အရည်အသွေး ညံ့ သော တာယာများသည်  တာရှည် အသုံးမခံသကဲ့သို့ သင့်အတွက် Safety မဖြစ်ပါ။ အလွိုင်းကွေ သုံး လျှင်လည်း ကားအရွယ်အစားနှင့် မလိုက်ဖက်သော အလွိုင်းကွေများ မသုံးပါနှင့်။ အရည်အသွေးညံ့သော အလွိုင်းကွေများသည် မြန်နှုန်းမြင့် မောင်းပါက ကျိုးပဲ့ထွက်နိုင်သည်ကို သတိပြုပါ။ တာယာလဲလျှင် ပန်းဒီဇိုင်း တူ အမျိုးတူတာယာကို အစုံလိုက် လဲပါ။ တာယာဒစ်ဝှီးနတ်များ တင်း ကျပ်နေပါစေ။ Spare တာယာကို လည်း ပုံမှန်လေပေါင်ချိန်ပါ။ စစ်ဆေး ပေးပါ။

 မိုးရေတင်နေသော လမ်းများ၊ တောင်ကျရေနှင့်ပါလာသော ရွှံ့နွံ့ ကျောက်စရစ်ခဲများ လမ်းပေါ်တင်နေ ပါက အထူးသတိထားပြီး မောင်းပါ။ အရှိန်ပြင်းမောင်း၍ခပ်ကြမ်းကြမ်းကား ကွေ့ခြင်းသည် တာယာများကို ပွန်း စားသွားစေပါသည်။ ABS ဘရိတ် စနစ်မပါသော ကားများ၊ ဘရိတ်ဖိအား ညီညာစေရန် ဘရိတ် ဆားဗစ်စင် လုပ်ပေးပါ။ ဘရိတ် တစ်ဘက်တည်း မိနေခြင်းကြောင့် မိုး ရာသီတွင် စလစ် ဖြစ်နိုင်ပါသည်။ တာယာဘီးပေါက်သွားပါက လမ်းဘေး အန္တရာယ် လွတ်ရာသို့ ကားကိုရွေ့ ထားပါ။ ရောင်ပြန် တြိဂံပြားအနီကို ပေ (၅၀) ခန့် အကွာတွင် ထောင်ပြ ထားပါ။ နောက်ကား ၀င်ဆောင့်မိ တတ်ပါသည်။ စုံမီး အ၀ါထွန်းပြထား ပါ။ တာယာဘီး ထောင်ပြထားပါ။

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။