BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

အမှတ်(32) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီးခင်မောင်မြင့်နှင့် အမေးအဖြေ

မေး - တပ်ကြပ်ကြီးအနေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထဲ စတင်ဝင်ရောက်လာတာနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အကြောင်း မိတ်ဆက်ပေးပါဦး။

ဖြေ  - ကျွန်တော်က အမှတ် (၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ စုက တပ်ကြပ်ကြီးခင်မြင့်မောင်ပါ။ ယာဉ်ထိန်းရဲတပ်ဖွဲ့ထဲ ကို (၂၀၀၉) ခုနှစ်လောက်ကစပြီး ၀င်ခဲ့တာပါ။ ကျွန်တော့် ဇာတိက စစ်တွေက။ ရန်ကုန်ကိုလာတော့ သင်္ဃန်းကျွန်း အမှတ် (၄) ယာဉ်ထိန်းရဲနယ်မြေက ဦးလေးဆီမှာ တည်း တယ်။ အဲ့ဒီဦးလေးဆီမှာ တစ်နှစ်ခွဲလောက် နေတယ်။ နေရင်းနဲ့ ယာဉ်ထိန်းရဲတွေနဲ့ ရင်းနှီးပြီးတော့ အကျွမ်းဝင် လာတယ်။ ယာဉ်ထိန်းရဲနဲ့ လုပ်ရပ်တွေကို ၀ါသနာပါသလို ဖြစ်လာတယ်။ အဲ့ဒါနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထဲဝင်ဖို့ ဖြစ်လာ  တယ်။ စာရင်းသွင်းလိုက်တယ်။ အဲ့ဒီ နယ်မြေ (၄) မှာ နေရင်းနဲ့ နေရာမျိုးစုံ၊ နယ်မြေ (၄)အပိုင် မီးပွိုင့်တွေကို ရောက်ဖြစ်တယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ကခေါ်တော့ ကျွန်တော် တို့ ၀က်ထီးကန်မှာ သင်တန်းခြောက်လ သွားတက်ရတယ်။ တာဝန်ကျတော့ ရန်ကုန်တိုင်းမှာ ပြန်ကျတယ်။ ပြန်ကျတဲ့ အချိန်မှာ ယာဉ်ထိန်းရဲမဟုတ်သေးဘူး။ ရိုးရိုးရဲပေါ့။ တစ်နှစ် နီးပါးကြာပြီးမှ ယာဉ်ထိန်းရဲဖြစ်လာတာ။ အဲ့ဒီတုန်းက အခုလိုမြို့နယ်အလိုက်မဟုတ်ဘဲ နယ်မြေအလိုက် ခွဲတာ။ နယ်မြေက တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်ပေါ့။ အဲ့ဒီမှာ ကျွန်တော်က နယ်မြေအမှတ် (၂) မှာကျတယ်။ အဲ့ဒီအမှတ် (၂) မှာက ကမ္ဘာအေးဘုရားလမ်း၊ ဗီ မီးပွိုင့်၊ (၈) မိုင်တို့၊ ပြီးတော့ ဦးထောင်ဘိုအ၀ိုင်းတို့ပေါ့။ ပထမဆုံး တာဝန်ထမ်းဆောင်တာက (၈) မိုင်မီးပွိုင့်နားမှာ။ တာဝန် ထမ်းဆောင်ရင်း ရုံးမှာလည်းသင်ပေါ့။ လှည့်ကင်းနဲ့ဖမ်းဆီး ရေးတွေလိုက်ပေါ့။ အဲ့လိုနဲ့ကြာလာတော့ အခု လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဓမ္မစေတီလမ်းကိုရောက်လာတာ။

မေး - ဓမ္မစေတီလမ်းမှာ တာဝန်ထမ်းဆောင်တာ ဘယ်လောက်ကြာသွားပြီလဲ။ တာဝန်ထမ်းဆောင်ရင်းနဲ့ ရခဲ့တဲ့ ထူးချွန်ဆုအကြောင်းလည်း ရှင်းပြပါဦး။

ဖြေ - ဓမ္မစေတီလမ်းမှ တာဝန်ထမ်းဆောင်တာ (၅) နှစ်ရှိသွားပါပြီ။ ထူးချွန်ဆုကို (၂၀၁၂) မှာ 7 Day News Journal က ချီးမြှင့်ခဲ့တာပါ။ ဘာကြောင့်ပေးတာလဲဆိုတော့ အလုပ်တာဝန်ချိန်မှာ စိတ်ရှည်သည်းခံပြီး လုပ်တယ်ပေါ့။ စိတ်မရှည်လို့လည်း မရဘူး။ ကားမောင်းတာက လူပေါင်း စုံရှိတယ်။ ဒေါသထွက်သင့်တဲ့လူကို တစ်ခါတစ်ရံ ဒေါသ ထွက်ပြရတယ်။ နုသင့်တဲ့ လူကိုလည်း  နုပြရတယ်။ အမျိုးစုံပေါ့။ ကားဆိုတာက သိတဲ့အတိုင်းပဲ။ တစ်ချက် ကလေး မှားလိုက်တာနဲ့ ဆောရီးလို့ပြောလို့ရတဲ့အရာ မဟုတ်ဘူး။ အရမ်းအန္တရာယ်များတယ်။ ထိခိုက်မိရုံနဲ့ အများ ကြီး ဆုံးရှုံးသွားနိုင်တယ်။ အဲဒါကြောင့် တာဝန်ထမ်းနေတဲ့ အချိန်မှာ ဘာပဲဖြစ်ဖြစ် စိတ်ရှည်သည်းခံတယ်။ တာဝန် ကျေအောင်လုပ်တယ်။ အဲ့ဒါကြောင့် ဆုချီးမြှင့်ခံရတာပါ။

မေး - တပ်ကြပ်ကြီးတာဝန် ထမ်းဆောင်နေတဲ့ အချိန်မှာ ယာဉ်မောင်းတွေဆီက ယာဉ်ကြောရှင်းရှင်းလင်း လင်းအမြဲသွားနေရတယ်လို့ ပြန်ကြားရပါတယ်။ တာဝန် ထမ်းဆောင်နေတဲ့အချိန် ဘယ်လိုစိတ်မျိုးနဲ့ အလုပ်လုပ်ဖြစ် ပါလဲ။

ဖြေ - အစိုးရ၀န်ထမ်းမှ မဟုတ်ပါဘူး။ တခြားပုဂ္ဂလိ က ၀န်ထမ်းတွေ အားလုံးဘယ်နေရာမှာမဆို အလုပ်လုပ် တဲ့လူက ပင်ပန်းတာပဲ။ ကြိုးစားတဲ့လူ၊ တာဝန်သိတဲ့လူ ဆိုတာ ပင်ပန်းတာပဲ။ ကားက တစ်ခါတလေမှာ အရမ်း ပိတ်တယ်။ တစ်နေကုန်ပိတ်တာမျိုးရှိတယ်။ ဒါပေမယ့် ကျွန်တော့်ခံယူချက်က ကျွန်တော်တာဝန်ထမ်းဆောင်နေ တယ်။ အဓိက ကျွန်တော့် ဆရာသမားတွေရဲ့ ကျေးဇူး၊ မိဘတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်ကျန်းမာနေရင် အလုပ်လုပ်နိုင်တယ်။ အဲ့လိုခံယူထားတယ်။ အဲ့ဒါကြောင့် ကားတွေ တအားပိတ်တဲ့နေ့ဆိုလည်း အစွမ်းကုန်ကြိုးစား ပြီး လုပ်တာပဲ။ တစ်ခါတလေ မနက်စာ ထမင်းစားချိန်က ညနေ (၃) နာရီ၊ (၄) နာရီလောက် ဖြစ်သွားတာမျိုးရှိတယ်။ နောက်ပြီး ကျွန်တော်လုပ်တာ ကိုင်တာ၊ ကြိုးစားတာကို ပြည်သူတွေက အသိအမှတ်ပြုတဲ့အတွက် ၀မ်းသာတယ်။ ပီတီလည်းဖြစ်တယ်။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်တော့် အနေနဲ့ ကြိုးစားပြီး တာဝန်ထမ်းဆောင်ဦးမယ်လို့ ဆုံးဖြတ် ထားတယ်။

မေး - ဘယ်လိုနေ့တွေမှာ ယာဉ်ကြောပိတ်တာမျိုးကို ကြုံတွေ့ရတတ်လဲ။

ဖြေ - ယာဉ်ကြောကျပ်တဲ့ အနေအထားက ပုံမှန် မရှိဘူး။ ဘယ်နေ့မှာ ကားကအရမ်းကြပ်ပြီး ဘယ်နေ့မှာ ချောင်နေတယ်ဆိုတာမျိုး မဟုတ်ဘူး။ ကြပ်ချင်တဲ့နေ့မှာ ကြပ်တယ်။ ချောင်ချင်တဲ့နေ့မှာ ချောင်တယ်။ တချို့က စနေ၊ တနင်္ဂနွေမှာ ကားကြောချောင်မယ်လို့ ထင်တာရှိတယ်။ အဲ့လိုမဟုတ်ဘူး။ ပိတ်နေတာမျိုးရှိတယ်။ တနင်္လာနေ့ဆိုရင် ကားကြပ်မယ်ထင်ကြပေမယ့် ချောင်နေတာမျိုးတွေရှိတယ်။ မိုးရွာရင်တော့ ကြပ်တယ်။

မေး - တာဝန်ထမ်းဆောင်ရင်းနဲ့ ထူးထူးခြားခြား အဖြစ်အပျက်ကြုံခဲ့ရတာမျိုးရှိလား။

ဖြေ - ရှိတယ်။ အဲ့ဒီနေ့က မိုးကတော်တော်ကို ရွာ နေတာ။ ကားတွေက လေးဘက်လေးတန် ပိတ်နေတာ။ တစ်ဖက်ယာဉ်ကြောကို အရင်ရှင်းထုတ်မယ်ပေါ့။ ဓမ္မစေတီ လမ်းဘက်မှာ အရမ်းများလောက်ပြီ ခေါ်တော့မယ်ဆိုပြီး ဒီဘက်ကိုပိတ်တဲ့အချိန်မှာ လိုင်းကားတစ်စီး ၀င်လာတယ်။ အဲ့ဒါနဲ့ လက်လှမ်းတားပြီး ပိတ်လိုက်တယ်။ တမင်သက် သက်ရည်စူးပြီး ပိတ်တာတော့မဟုတ်ဘူး။ ပိတ်ပြီးတစ်ဖက် ယာဉ်ကြောကိုခေါ်နေပြီပေါ့။ အဲ့ဒီလိုလှမ်းအချက်ပြနေ တော့ လိုင်းကားကို သတိမထားမိလိုက်ဘူး။ ဟိုဘက်ကိုပဲ အာရုံစိုက်နေတာ။ ဒီဘက်လည်းလှည့်လိုက်ရော လိုင်းကားပေါ် က ခရီးသည်တွေအားလုံးက ဆင်းသွားပြီ။ ယာဉ်မောင်းရော၊ စပယ်ယာရော မရှိတော့ဘူး။ အဲ့ဒါနဲ့ ခရီးသည်တစ်ယောက် ကို ဘာလို့ဆင်းကြတာလဲလို့ လှမ်းပြီးမေးတော့ ဒီကားက လူတစ်ယောက်တိုက်ပြီး မောင်းလာတာတဲ့။ ယာဉ်မောင်းနဲ့ စပယ်ယာက ထွက်ပြေးသွားပြီတဲ့။ အဲ့ဒါနဲ့ ကားပေါ်တက် သော့တန်းလန်းချန်ခဲ့တာကိုသိမ်းရတယ်။ ခပ်လှမ်းလှမ်း မှာ ကောင်မလေးတစ်ယောက်ကို တိုက်ခဲ့တာ။ နည်းနည်း တော့နာသွားတယ်။ သေတော့ မသေလို့ တော်သေးတယ်။ အဲ့ဒါလေးက ထူးထူးခြားခြား အမှတ်တရပါပဲ။

မေး - ယာဉ်မောင်းသူတွေနဲ့ ခရီးသွားပြည်သူတွေ အတွက် ယာဉ်ထိန်းရဲတစ်ယောက်အနေနဲ့ စကားလက် ဆောင်လေး ပြောပေးပါဦး။

ဖြေ- ပြည်သူတွေကို ယာဉ် ထိန်းရဲတစ်ယောက်အနေနဲ့ ပြောချင်တာက ကားမောင်းသူတွေ၊ လမ်းအသုံးပြုသူတွေ၊ ခရီးသည်တွေအားလုံး ဂရုစိုက်စေချင်ပါတယ်။ ကားပေါ်ကို ခရီးသည်တက်တာနဲ့ စပယ်ယာကလည်း သတိထားရမယ်။ လမ်းအသုံးပြုသူတွေကလည်း လမ်းကိုစနစ်တကျနဲ့ ဖြတ် ကူးရမယ်။ ရှေ့ကပြောသွားတဲ့အတိုင်း ကားက ထိမိခိုက်မိ တာနဲ့ ဆောရီးလို့ပြောလို့ရတဲ့အရာမဟုတ်ဘူး။ တချို့က ပြောတယ်။ အဲ့ဒီကား တိုက်ရဲရင်တိုက်ကြည့် တရားစွဲမယ် ဆိုတာမျိုးတွေ ခဏခဏကြားရတယ်။ တရားစွဲမှာက နောက်၊ ကိုယ်က အရင်သေမှာ။ မသေတောင် ထိခိုက် နစ်နာမှုတွေဖြစ်နိုင်တယ်။ ကိုယ်တိုင်က သတိရှိသင့်တယ်။ စည်းမဲ့ကမ်းမဲ့ မောင်းတဲ့ လိုင်းကားတွေ ခေါက်ရေရ ဖို့ကျော်တက်၊ ပြိုင်လုမောင်းကြ တယ်။ အဲ့လိုမဖြစ်သင့်ဘူး။ မတော်တဆ  ထိခိုက်ခဲ့ရင် ခေါက်ရေရတာနဲ့ မမျှဘဲ လိုတာထက်ပိုပြီး ဆုံးရှုံးနိုင်တယ်။ သတိထားသင့်တယ်။ နောက် တက္ကစီတွေ ရပ်ချင်တဲ့နေရာရပ်တယ်။ ခရီးသည် ကလည်း တားချင်တဲ့နေရာကတားတယ်။ နောက်ကပါလာတဲ့ ကားသမားနဲ့ စကားများတာ ခဏခဏတွေ့ရတယ်။ ကိုယ် ပိုင်ကားတွေဆိုလည်း ကားမောင်းတဲ့အချိန်မှာ စိတ်မရှည် ကြဘူး။ ပိတ်နေရင်လုမောင်းပြတယ်။ ဒါကြောင့်စိတ်ရှည် ရှည်ထားဖို့အားလုံးလို အပ်တယ်။

ဟုတ်ကဲ့ပါ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။