BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မေးမြန်းထွေလာ ကားလောကပဒေသာ

မေး - ကျွန်တော် နံပါတ်အနက် ဗင်ကားတစ်စီး ၀ယ်ထားပါတယ်။ Taxi (YGN) လုပ်မယ်ဆိုရင် လုပ်ရ မယ့် လုပ်ငန်းအဆင့်ဆင့်ကို သိချင်ပါ တယ်။

ဦးလှခိုင် (မင်္ဂလာဒုံ)

ဖြေ - ပထမဆုံး ကားအုံနာ Book မှာ ဦးလှခိုင် အမည်ပေါက်ဖြစ် အောင်လုပ်ပါ။ လက်ရှိယာဉ်မှတ်ပုံ တင်စာအုပ် (အုံနာဘုတ်)က ဘယ်သူ့ နံပါတ်၊ ဘယ်မြို့နယ်လိပ်စာနဲ့ ရှိနေ ပါသလဲ။ ပြည်တွင်းအခွန်မှာ အခွန် ဆောင်ရပါလိမ့်မယ်။ လက်ရှိယာဉ် မှတ်ပုံတင်စာအုပ်  ထုတ်ပေးထားတဲ့ က.ည.နရုံးကို  သွားပါ။  စုံစမ်းပါ။ မေး ပါ။

ဦးလှခိုင် အမည်ပေါက်ပြီးရင် နံပါတ်အနီပြောင်းပြီး အငှားယာဉ် တက္ကစီ  လုပ်လိုကြောင်း  ပြောပါ။ ကမ-၃ စာအုပ် (အုံနာဘုတ်) မှာ ဦးလှခိုင် အမည်ပေါက်ပြီးမှ လုပ်ငန်း လိုင်စင် လုပ်ရပါတယ်။ က.ည.န ရုံး မှာ တစ်ခါတည်း လုပ်လို့ရပါသလား မေးပါ။ မရသေးရင် ၀ါးတန်းလမ်းက ပို့ဆောင်ရေး စီမံကိန်းရုံးမှာလုပ်ရပါ တယ်။ အားလုံးပြီးရင် နောက်ဆုံး City Taxi မှတ်ပုံတင်ဖို့၊ မ.ထ.သ (ရုံးချုပ်) ကိုသွားပါ။ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမိတ္တူပဲ လိုပါတယ်။ သွင်းရမယ့် ငွေပမာဏတွေကို သက် ဆိုင်ရာရုံးမှာမေးပါ။ တစ်ပတ်လောက် တော့ အချိန်ပေးရပါလိမ့်မယ်။ ဘာမှ မခက်ခဲပါဘူး။ ကိုယ်တိုင်လုပ်ပါ။ ပွဲ စား မအပ်ပါနဲ့။

မေး - City Taxi မှတ်ပုံတင် ကိစ္စမေးချင်ပါတယ်။ မလုပ်ရင် ဖမ်း မယ်ဆီးမယ် အရေးယူမယ်ဆိုတော့ လုပ်ရတော့မှာပေါ့။ ဒါပေမယ့် သက် တမ်းကျော်နေတာခက်တယ်။ ဒဏ်ငွေ ဆောင်ရမလားသိချင်ပါတယ်။

ဦးကျော်နိုင် (မြောက်ဒဂုံ)

ဖြေ - City Taxi ကိစ္စကို မ.ထ.သက ဆက်လုပ်နေပါတယ်။ ယာဉ်ပိုင်ရှင်တွေ အခက်အခဲမရှိအောင် ဒီလ (၁၆) ရက်နေ့ကစပြီး ဖြေလျော့ မှုတွေ  လုပ်ပေးနေပါတယ်။ ယာဉ် မောင်းမပါဘဲ တက္ကစီကိုပဲ အရင်ဆုံး မှတ်ပုံတင်လုပ်ပေးပါတယ်။ ပိုင်ရှင်ရဲ့ ခံဝန်ချက်တော့ လိုတာပေါ့။ ယာဉ် မောင်းနောက်မှရှာတွေ့မှ ယာဉ်မောင်း အတွက် ထပ်ပြီး မှတ်ပုံတင်လုပ်ပါ။   ]ခ} လိုင်စင်နဲ့ တက္ကစီ ခိုးမောင်းနေတာ တွေများလို့ ]ဃ} လိုင်စင်နဲ့ယာဉ် မောင်းကိုပဲ တာဝန်ပေးပါ့မယ်လို့ ပိုင်ရှင်က ၀န်ခံရပါတယ်။ ရက်လွန် ဒဏ်ကြေးတွေ ပေးစရာမလိုတော့ပါ ဘူး။ မှတ်ပုံတင်ကြေး (၃၀၀၀) ကျပ် နဲ့ ကတ်ပြားကြေး၊ ဓာတ်ပုံကြေး (၉၀၀၀) ကျပ်ပဲ ကျသင့်ပါတော့မယ်။

မေး - ရန်ကုန်မှာ မှတ်ပုံတင် ထားတဲ့ကားကို နယ်မြို့ က.ည.န ရုံး တစ်ရုံးမှာ နယ်ခရီးလွန်ပုံစံနဲ့ လိုင်စင် သက်တမ်းတိုးခွင့်  ပေးပါသလား။ ကားသစ်တွေကို လိုင်စင်သက်တမ်း ဘယ်လောက်ပေးပါသလဲ။

ကိုသာအေး (မုံရွာ)

ဖြေ - ရန်ကုန် က.ည.န ရုံးမှာ မှတ်ပုံတင်ထားတဲ့ကားကို လိုင်စင် သက်တမ်းတိုးဖို့ ရန်ကုန်ရုံးမှာပဲ လုပ် ပေးပါတယ်။ နယ်ရုံးတွေမှာ အရင်က လို နယ်ခရီးလွန်သက်တမ်းတိုးပေး တာမျိုးလုပ်မပေးတော့ပါ။ ကိုသာ အေးက နယ်မှာဆိုတော့ ရန်ကုန်ကို သက်တမ်းလာတိုးဖို့  သီးသန့်ဆင်း မလာနိုင်လည်း ကိစ္စမရှိပါဘူး။ သက် တမ်းကျော်သွားရင်လဲ လိုင်စင်တိုးလို့ ရပါတယ်။ ဒဏ်ကြေးပဲ ဆောင်ရပါ တယ်။ ရန်ကုန်ကို အဆင်ပြေတဲ့အချိန် မှလာပြီး အေးအေးဆေးဆေး သက် တမ်းတိုးလို့ရပါတယ်။ ကားသစ်တွေ ကို လိုင်စင် သက်တမ်း (၂)နှစ် ပေး ထားပါတယ်။

မေး - ကျွန်တော်  Toyota Corolla 2012 တစ်စီးဝယ်ထားပါ တယ်။ ကားက  အသစ်နီးပါးကောင်းပါ တယ်။   ကျွန်တော်စိုးရိမ်တာက အော်တိုဂီယာဆီတို့၊ ဘရိတ်ဆီတို့၊ အင်ဂျင်ဝိုင်တို့ စစ်ဆေးလဲလှယ်ရမယ့် ကိစ္စ။ ကျွန်တော်နားမလည်လို့ ဘယ် ၀ပ်ရှော့ပ်မှာ လုပ်သင့်ပါသလဲ။ ဦးဦး အော်တို လမ်းညွှန်ပေးပါ။

ဦးဖြိုးအောင် (အငြိမ်းစား)

(ကျောက်တံတား)

ဖြေ - ဦးဖြိုးအောင် ၀ယ်ထား တဲ့ကားက ကားသစ်ဆိုတော့ ပုံမှန် ထိန်းသိမ်းတာလောက်ပဲ  လိုပါတယ်။ ကိုယ်တိုင်  ဘာမှမလုပ်တတ်ရင် Toyota Service Centre ကိုသွားပါ။ Toyota Car Showroom က ဆားဗစ် စင်တာဖွင့်ထားပါတယ်။ အလုံလမ်းနဲ့ ဗဟိုလမ်းထောင့်မှာ  ရှိပါတယ်။ Toyota ကထုတ်တဲ့ Auto ပါဝါဆီ၊ အင်ဂျင်ဝိုင်တွေနဲ့  တခြား Spare Parts အစစ်တွေ ရပါတယ်။ စနစ်ကျ တဲ့  Toyota Service Centre မှာပဲ ကားကို  ပုံမှန်လာပြပါ။ ကားဘီး အလိုင်းမန့်ချိန်တာ၊ အင်ဂျင်ပိုင်းဆိုင် ရာ စစ်ဆေးတာအားလုံးကို ပစ္စည်း ကိရိယာ စုံစုံလင်လင်နဲ့ လုပ်ပေးနေပါ တယ်။ အသေအချာလေ့ကျင့်သင်ကြား ထားတဲ့ မက္ကင်းနစ်ဆရာတွေက ကူညီ ပေးပါလိမ့်မယ်။

ကားတစ်စီးမှာ ပုံမှန်ထိန်းသိမ်း စစ်ဆေးပေးရတဲ့အရာတွေရှိပါတယ်။ ဒီအကြောင်းတွေကို Auto World ဂျာနယ်မှာ အပတ်စဉ် ကျွန်တော်ရေး ပေးနေပါတယ်။ အသေးစိတ်သိချင် တာတွေရှိခဲ့ရင် ဖုန်းဆက်ပြီးမေးနိုင် ပါတယ်။ Toyota Service Centre မှာလည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။