BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

Prime Gate Co.,Ltd. Exporter For Trading Japanese Used Cars မှ ပြည်တွင်းတာဝန်ခံ ကိုစည်သူလင်းနှင့် အမေးအဖြေ

မေး - Prime Gate ကုမ္ပဏီက ဂျပန်နိုင်ငံအခြေစိုက် ဆိုတော့ ဒီမြန်မာပြည်တွင်းမှာ စပြီးလုပ်ငန်း လုပ်ဖြစ်တဲ့ အချိန်လေး။

ဖြေ - Prime Gate ကုမ္ပဏီက ဂျပန်နိုင်ငံမှာ အခြေ စိုက်ထားတာပါ။ ဒီမြန်မာပြည်မှာ စဖြစ်တာက ပြီးခဲ့တဲ့ နှစ်ကသူတို့ဘာသာသူတို့ တိုက်ရိုက်စလုပ်တယ်။ အခုကျ တော့ ဒီပြည်တွင်းမှာ ရုံးဖွင့်ပြီးလုပ်တာပေါ့။ အဓိက လေလံ ဆွဲပေးတဲ့ဝန်ဆောင်မှု ပါ။

မေး - လေလံဝန်ဆောင်မှုပေးတာမှာ ပုံစံလေးတွေက။

ဖြေ - One Price လည်းရှိ တယ်။ Auction House က ၀ယ်တာလည်းရှိတယ်။ လေလံက၀ယ်တာကျတော့ ပြိုင်ဆွဲရတာပေါ့။ One Price ကျတော့ သတ်မှတ်ဈေးရှိပြီး သား။ ကြိုက်ရင်ဝယ်။ ပြောရရင် တစ်ခွန်းဈေးပေါ့။ One Price ကျတော့ ဈေးကနည်းနည်းပိုနိုင်တာပေါ့။ ကျွန်တော် တို့က ဆိပ်ကမ်းအရောက် CIF တန်ဖိုးနဲ့ သွင်းပေးတယ်။ ၀န်ဆောင်မှုစရိတ်တွေ အများကြီး လျှော့ပေးထားတယ်။

မေး - အခုလောလောဆယ်  လေလံမှာအရောင်းအ၀ယ် အခြေအနေက။

ဖြေ - ၀ယ်တဲ့လူတွေက ဈေးတန်းတစ်ခုတော့ရှိတယ်။ အခုတလော Probox ကားတော်တော်လေး ပြန်လိုက်လာ တယ်။ ပြီးခဲ့တဲ့လပိုင်းလောက်က Fielder  တအားအ၀ယ် လိုက်ခဲ့တာ အခုအဲ့ဒါကရပ်သွား တယ်။ Fielder က ဖရိန် ကောင်းတယ်။ Taxi စလစ်နဲ့ကပ်ကျတာများတယ်။ အခွန် လျှော့တော့ Fielder ကို ၀ယ်တာများတယ်။ အခုကျတော့ အခွန်က မလျှော့တော့ င်္ Fielder က မကိုက်တော့ဘူး။ မကိုက် တော့ Fielder ကိုမ၀ယ်ဘဲ သိန်း (၁၀၀) လောက်ပဲသုံးမယ် ဆိုရင် Probox ပဲကျန်တော့ သူ့ကိုအ၀ယ်များလာတယ်။ AD Van လည်းရှိပေမယ့် Probox ကိုပိုကြိုက်ကြတယ်။ ဈေးကလည်း ပြိုင်ဆွဲတဲ့အခါ ယန်းဈေးမှာလည်း တက် လာတယ်။

မေး - One Price ရယ်၊ Stock ရယ်၊ Auction House ထဲကရယ်ကို Customer တွေက ဘယ်လိုရွေးချယ် ၀ယ်ယူလေ့ရှိကြလဲ။

ဖြေ - ဟိုဘက်မှာရှိတဲ့ကုမ္ပဏီက ဒီမှာရုံးခွဲလာဖွင့် ထားတာဆိုတော့ ဒီဘက်က အဓိကငွေရေးကြေးရေးပိုင်း တာဝန်ယူရတယ်။ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ရောက်ဖို့ လုပ်ရတာ ပေါ့။ အဓိက မြန်မာပြည်မှာကြိုက်တာ က Auction ထဲကကို ပိုကြိုက်ကြတယ်။ Stock ထဲက ဟာကို အဲ့လောက်မကြိုက်ကြဘူး။ Stock ထဲကထက် စာ ရင် Auction ထဲကကိုပိုကြိုက်တယ်။ ဟိုဘက်မှာ ကုမ္ပဏီ ရှိတော့ ရွေးချယ်ရတာ ပိုလွယ်ကူတာပေါ့။ မြန်မာပြည် Market ထဲကတစ်ခုထဲ မဟုတ်ဘဲ အခြားကတွေလည်း Stock ထဲက၀ယ်ကြတာရှိတော့ ဈေးကွာတာရှိနိုင်တယ်။ မြန်မာပြည်က (၉၀) ရာခိုင်နှုန်းက လေလံမှာပဲဆွဲကြတာ။ (၁၀) ရာခိုင်နှုန်းကဘဲ Stock ထဲက ၀ယ်ကြတာ။ One Price ကတော့ စိတ်မရှည်တဲ့လူတွေ ၀ယ်ကြတာများတယ်။ သူတို့ ပေးတဲ့ဈေးနဲ့ One Price ထဲမှာရှိတဲ့ကားနဲ့ တန်မယ်ထင် ရင်ဝယ်ကြတယ်။ အဓိကçက ၀ယ်ရောင်းသမားထက်စာရင် ကိုယ်တိုင်စီးမယ့်လူ ၀ယ်ကြတာများတယ်။ ၀ယ်ရောင်း သမားကျတော့ ပြန်ရောင်းမယ့်သူဆိုတော့ ဈေးသက်သက် သာသာနဲ့ ရွေးချယ်လို့ရတဲ့ဟာကိုပဲ ၀ယ်ကြတာများတယ်။

မေး - (၂၀၁၄) ထက်စာရင် ရောင်းအားက (၂၀၁၅) မှာ ဘယ်လိုရှိမလဲ။ ရန်ကုန်လိုင်စင်နဲ့ Free Permit  သွင်း ရင် ပါကင်ထောက်ခံချက်တောင်းရတဲ့အတွက် အဲ့ဒါကို ဘယ်လိုမြင်မိလဲ။

ဖြေ - (၂၀၁၄) ထက်စာရင် ရောင်းအားကအနည်းငယ် လျော့သွားတယ်။ နည်းနည်းတော့လျော့တာပေါ့။ မူဝါဒ အပြောင်းအလဲကလည်းများတော့ အဲ့ဒါလည်းပါတယ်။ နောက် ကုမ္ပဏီတွေကလည်းများတော့ သူလျှော့ ကိုယ် လျှော့နဲ့ အပြိုင်အဆိုင်လုပ်ကြတော့ အစီးရေလျော့သွား တယ်။ နောက် ကားပါကင်ရှိမှ ကားသွင်းရမယ်ဆိုတာ မှန် တယ်။ ဒါပေမယ့် တစ်ခုတည်းလုပ်လို့မရဘူး။ အားလုံး စုပေါင်းပြုပြင်မှရမယ်။ ပြောရရင် လမ်းဘေးမှာ ကားရပ် တာတွေက အစပေါ့။ အားလုံးပြုပြင်မှရမယ်။

မေး - လက်ရှိမှာ ပြည်တွင်းက၀ယ်ယူတဲ့ Customer တွေရဲ့ ကားဝယ်ယူမှုက ဘယ်လိုပုံစံမျိုးရှိနိုင်လဲ။

ဖြေ - ပြောရရင် ဒီနေရာမှာ ကျွန်တော်အကြံပြုချက် လေးပြောချင်တယ်။ အရင်တုန်းကဆိုရင် ကားတစ်စီး တစ် ထောင်ကျော်ရှိခဲ့တယ်။ ခုချိန်မှာထားပါတော့ Mark II တစ်စီး စီးမယ်။ (၁၅၀) ၀န်းကျင်လောက်ဆိုစီးလို့ရပြီ။ ဒီကားအရင်က ထောင်ကျော်တန်နော်။ ဒါပေမယ့် (၁.၃) မှာ (၂၀၁၀) သွင်းလို့ရတယ်။ သူက Free Permit  ဖြစ် သွားပြီ။ (၂၀၁၀) ကို Mark II မထွက်တော့ဘဲ Mark X  တို့၊ Harrier တို့၊ ပြီးရင် Alphard တို့။ အဲ့ဒီ (၂၀၁၀) ကို သွင်းမယ်ဆိုရင်တောင် အရင်က ထောင်ကျော်တန်ဖိုး လောက် မရှိတော့ဘူး။ စီးမယ်ဆိုရင် စီးနိုင်မယ်။ ဒါပေမယ့် အောက်မှာရှိတဲ့ သိန်း (၁၀၀) လောက်ကိုပဲ စလစ်အဟောင်း ကပ်စီးကြတယ်။ ကောင်းတာ မကောင်းတာထက် ဈေးက တော့ အရမ်းသက်သာသွားတယ်။ ကားရဲ့ ကွာလတီပိုင်းနဲ့ နည်းပညာပိုင်းက (၁၀) နှစ်လောက် နောက်ကျသွားပြီ။ (၂၀၁၀) မော်ဒယ် (1.3) တွေက ဈေးပေါတဲ့အတွက် သိန်း (၁၀၀) ကျော်နဲ့ ၀ယ်လို့ရတယ်။ နည်းပညာပိုင်းကျတော့ ခုနပြောတဲ့ဟာနဲ့ယှဉ်ရင် နည်းပညာပိုင်းက Update နီး ပါးဖြစ်နေပြီ။ ကားကကြည့်ရင်တော့ ဈေးပေါတယ် ထင်ရ ပေမယ့် Luxury တော့ သိပ်ဆန်မှာမဟုတ်ဘူး။ ဒါပေမယ့် နည်းပညာတော့မြင့်မယ်။ စလစ်ကပ်ဝယ်ရတဲ့ကားက မော်ဒယ်အရမ်းကွာတော့ နည်းပညာအရ မတန်ဘူးလို့ထင်ရ တယ်။ (၂၀၁၀) စီးမယ်ဆိုရင် လွန်ခဲ့ တဲ့ (၄) နှစ်လောက်က နည်းပညာကို စီးရမယ်။ အဲ့ဒါကြောင့် ၀ယ်ယူစီးနင်းတဲ့အခါ Update ဖြစ်တာကို အားပေးချင်တယ်။

မေး - အဲ့ဒီလို မော်ဒယ်မြင့်၊ နည်းပညာမြင့်ကားတွေကို ပဲ သွင်းပြီး ပြည်တွင်းစီးနင်းနိုင်တဲ့ သူတွေလည်း တတ်နိုင်ရ မယ်ပေါ့။ အဲ့ဒီဟာအတွက် အကောင်းဆုံးနည်းလမ်းရှိနိုင်မလား။

ဖြေ - ကျွန်တော့်အမြင်ပြောရရင် (၂၀၁၀) အထက် ကိုပဲ ပေးသွင်း။ ပြီးတော့ အခွန်လေးကို နည်းနည်းလျှော့။ ဒါဆိုလို့ရှိရင် ပြည်တွင်းကို ကားကောင်းတွေပဲ ၀င်လာရင် တိုင်းပြည်လည်းလှလာမယ်။ အခုက ကားစုတ်တွေပဲသွင်း နေရတယ်။ ပေးရတာချင်း Amount  က အတူတူပဲဟာကို။ အခုက သိန်း (၁၀၀)နဲ့ လွန်ခဲ့တဲ့ (၁၄၊ ၁၅) နှစ်လောက်က ကားကို ၀ယ်ပြီးတော့သွင်းနေတာ။ ကားအဟောင်း သံသရာ က ပြီးနိုင်မှာမဟုတ်တော့ဘူး။ အခုနက ပြောသလိုမော်ဒယ့် Update ဖြစ်တဲ့ကားလို၊ နည်းပညာမြင့်တဲ့ ကားလိုကို အခွန်လျှော့ပြီးသွင်းရင် မြန်မာပြည်ကလှနေမှာပဲ။ မြန်မာ ပြည်က လှဖို့လိုတယ်လို့တော့ ထင်တာပဲ။

မေး - Prime Gate ကိုသိပြီးသား Customer  တွေရော၊ မသိသေးတဲ့သူတွေအတွက်ရော စကားလက် ဆောင်လေး။

ဖြေ - အဓိက ကျွန်တော်တို့ Customer တွေနဲ့ ခိုင်မာတဲ့  Realtionship  ကိုလုပ်ပေးချင်တယ်။ Customer တစ်ယောက်က ကျွန်တော်တို့နဲ့ဆက်ဆံပြီးလုပ်တဲ့အခါ စိတ်ချမ်းသာမှု ရစေချင်တယ်။ ရေရှည်သွားချင်တယ်။ အတတ်နိုင်ဆုံး ၀န်ဆောင်မှုကောင်းကောင်းပေးချင်တယ်။

ဆက်သွယ်ရမယ့်လိပ်စာက

အမှတ် (၇၉)၊ ပထမထပ်၊ အခန်း (၂)၊ နံ့သာလမ်း၊ အလုံမြို့နယ်။

 ဖုန်း - ၀၉ ၄၉၈၈၁၅၈၂၊   ၀၉ ၄၂၁၁၆၆၈၉၆ ကို ဆက်သွယ်နိုင်ပါတယ်။

ဟုတ်ကဲ့ပါ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။