BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ဝန်းရခံ Car Sale Center Services Company Limited ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းမင်းမောင်နှင့် အမေးအဖြေ

မေး -  ၀န်းရံခကား Sale Center ကို စပြီးဖွင့်ခဲ့တဲ့ အချိန်လေးနဲ့ ကုမ္ပဏီနှစ်ပတ်လည်ပွဲလေး လုပ်ဖြစ်တာကို ပြောပြပါဦး။

ဖြေ - ကုမ္ပဏီနှစ်ပတ်လည်ပွဲက တစ်ခါမှ မလုပ်ဖူး သေးဘူး။ ဒါပထမဆုံးအကြိမ်ပေါ့။ အဓိက ကံစမ်းမဲဖောက် ပေးချင်တာပါ။ ပွဲလည်းလုပ်ရင်း ဧည့်သည်တွေ၊ သူငယ် ချင်းတွေပါဖိတ်ပြီး ပွဲလေးလုပ်လိုက်တာပေါ့။ ကံစမ်းမဲ နှိုက်ပေးတာလည်း အပြင်မှာ ဒီအတိုင်းလုပ်တာထက်စာရင် အခမ်းအနားလေးနဲ့ လုပ်တော့အသိအမှတ်ပြုတာပေါ့။ ကား Sale Center ကို စဖွင့်ခဲ့တာကတော့ လေးနှစ်ဝန်းကျင် ရှိသွားပါပြီ။

မေး - ကားအရောင်းဝန်ဆောင်မှုပုံစံနဲ့ ဘယ်လိုကား အမျိုးအစားတွေ ရောင်းချပေးနေတယ်ဆိုတာ ပြောပြပါဦး။

ဖြေ - ထုံးစံအတိုင်းပါပဲ။ ကားရောင်းပေးတယ်။ နာမည်ပေါက်၊ နာမည်ထွက်တဲ့အထိ လုပ်ပေးတယ်။ အခု ကတော့ လေလံဆွဲချင်တဲ့လူက နည်းသွားပါပြီ။ မျက်မြင် ၀ယ်တာ များလာတယ်။ ကားအမျိုးအစားကတော့ လော လောဆယ် ဂျပန်အမှတ်တံဆိပ်ကိုပဲရောင်းပေးနေပါတယ်။

မေး - ကားတင်သွင်းခွင့်မူဝါဒ ပြောင်းလဲပေးလိုက် တဲ့အချိန်ကစပြီး ကားအရောင်းစင်တာတွေတော်တော် များများဖွင့်ခဲ့ကြပြီး တချို့ကလည်းပိတ်သွားကြတယ်။ အခု ၀န်းရံခ ကတော့ ဒီကာလအထိ အရောင်းစင်တာဖွင့်လှစ် ထားနိုင်တဲ့အချက်လေး။

ဖြေ - အဓိကçကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ပေါင်းစုပြီး လုပ်တဲ့အချိန်မှာ ကားလုပ်ငန်းနဲ့ ပတ်သက်ပြီး အကျွမ်းတ၀င်ရှိတာက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်။ အဲ့ဒါဦးစီးပြီးလုပ်တဲ့အခါကျတော့ လုပ်ငန်း ရေရှည်ရပ်တည်နိုင်လာတဲ့အဆင့်မျိုး ဖြစ်လာတာပေါ့။ နောက် မြန်မာပြည်လူထုက ဘယ်လိုကားမျိုးကိုကြိုက်တတ် လဲ။ အဲ့ဒါမျိုးကို ဦးတည်ပြီးသွင်းတယ်။ အခုနောက်ပိုင်းမှာ ရန်ကုန်အ၀ယ်သမားက ပြည့်သလောက်ဖြစ်နေပါပြီ။ နယ် သမားကလည်း နောက်ပိုင်းလာဝယ်တဲ့သူတွေက ဈေးကြည့် တဲ့အပိုင်းဖြစ်နေတယ်။ ဈေးကိုပဲကြည့်ပြီး ၀ယ်တာဖြစ်နေ တယ်ပေါ့။ ကားရဲ့ ကွာလတီကိုလည်းကြည့်ပြီး ၀ယ်သင့် တယ်လို့ ကျွန်တော်ကတော့ထင်တယ်။ အခုလူတော်တော် များများက ဘယ်လိုဖြစ်နေလဲဆိုတော့ ကားကောင်းတာ ကိုကြည့်ပြီးဝယ်တာနဲ့   ဈေးကိုကြည့်ပြီးဝယ်တာနှစ်ပိုင်းကွဲသွားတာပေါ့။ အဲ့ဒီမှာ ကျွန်တော်တို့က ညီမျှအောင် နည်းနည်းလိုက်ညှိပြီး သွင်းရတာပေါ့။ နောက်စီးနင်းသူက ဘယ်လိုအရောင်၊ ဘယ်လိုအမှတ်တံဆိပ်၊ ဖိုးဝှီး၊ တူးဝှီးမှာ ဘယ်ဟာကို ကြိုက်လဲဆိုတာတွေ အဆင်ပြေအောင် ရောင်း ရင်းနဲ့ သွင်းနေရတာ ပေါ့။

မေး - ကားတွေ စပြီး သွင်းခွင့်ပြုတုန်းက ၀ယ်ယူတဲ့ ပုံစံနဲ့ အခုနောက်ပိုင်းဝယ်ယူတဲ့ပုံစံတွေက ပြောင်းလဲသွား ပါလား။

ဖြေ - ဟုတ်ကဲ့။ နည်းနည်းတော့ ပြောင်းလဲပါတယ်။ စပြီး သွင်းခွင့်ပြုပြုချင်းလူတွေက ကားဆိုတာကို မမြင်ဖူး ပုံစံနဲ့ပေါ့။ ဒါပေမယ့် အဲ့ဒီအချိန်မှာ လူတွေက ကားကောင်း တာကို သွင်းတာများတယ်။ နောက်ပိုင်းကျတော့ ကီလိုများ လည်း ဂျပန်ွ Recommendation က ကောင်းပါတယ်ဆိုပြီး ကီလိုလျှော့ရောင်းတဲ့ ပုံစံမျိုးလည်း သွင်းလာကြတာတွေ့ရ တယ်။ နည်းနည်းလျှော့တာကို ပြုပြင်ပြီးသွင်းတာလည်း ရှိတယ်။ ကားကောင်းချည်းပဲ သီးသန့်သွင်းတာရှိတယ်။ ကီလိုနည်းတာကိုပဲကြိုက်ပြီး ကားကောင်းမှ ကြိုက်တာ လည်းရှိတယ်။ အဲ့ဒီအပေါ်မှာ မျိုးစုံပဲပေါ့။ ရောင်းတဲ့လူနဲ့ ၀ယ်တဲ့ လူနဲ့တည့်တယ်ဆိုတာလည်း တကယ်ကျတော့ ၀ယ်တဲ့လူကလည်း ကျွန်တော်တို့ ကြိုက်တာကို လက်ခံဦး မှ။ တေ့တေ့ဆိုင်ဆိုင် ဖြစ်သွားတဲ့အခါမှသာ တည့်တာ။

မေး - ကားအရောင်းစင်တာတွေ ရပ်တည်ဖို့ခက်ခဲ တာမှာ မူဝါဒအပြောင်းအလဲတွေကြောင့်ရော သက်ဆိုင် လား။

ဖြေ - ဒီနှစ်ထဲမှာဆို မူဝါဒတော်တော်ပြောင်းတယ်ပေါ့ နော်။ နိုဝင်ဘာကစပြီး တော်တော်ပြောင်းတယ်။CIF တန်ဖိုးတွေ မလျှော့ဘူး။ ကားဟောင်းသွင်းတဲ့ မူဝါဒနဲ့ ပတ်သက်ပြီး တော်တော်ပြောင်းတယ်။ ဒေါ်လာငွေဈေးနဲ့ ပတ်သက်ပြီး ကမောက်ကမတွေဖြစ်တယ်။ ပြောင်းတဲ့အပေါ် မှာ ဘယ်လိုပဲ ရိုက်ခတ် ရိုက်ခတ် ကားလုပ်ငန်းရှင်တွေ အကုန်လုံးက ခံရတာချည်းပဲ။ ကားရောင်းတဲ့နေရာမှာတော့ နှစ်မျိုးရှိတာပေါ့။ ထိုင်ပြီး ကားအရောင်းစင်တာနဲ့ ရောင်း နေတဲ့ ကျွန်တော်တို့ လုပ်ငန်းကပိုပြီးထိပါတယ်။ တစ်နိုင် တစ်ပိုင်လုပ်တဲ့လူက တစ်အချက် အခွန်မဆောင်ရပါဘူး။ နောက်ပြီး သူတို့အနေနဲ့ တရားဝင် TT လုပ်ရတာက Free Permit ကိုပဲလုပ်ရတာပါ။ ကျွန်တော်တို့က အဲ့ဒါတွေလုပ် ရတာအပြင် တရားဝင်အခွန်လည်းဆောင်ရတယ်။ ရေရှည် မှာတော့ တစ်ပိုင်တစ်နိုင်လေးတွေက ရပ်တည်နိုင်သေးပေ မယ့် ကားအရောင်းစင်တာတွေက မြေနေရာငှားရမ်းခကြီး တာ တစ်မျိုး၊ အမြတ်ခွန်ဆောင်ရတာတစ်မျိုးဆိုတော့ ဒေါ်လာအပြောင်းအလဲနဲ့ ကြားထဲမှာပိုပြီး နစ်နာပါတယ်။ ကားအရောင်းစင်တာတွေ တစ်ခုပြီးတစ်ခု ပိတ်တဲ့အခါ ကားအစီးရေများတော့ ထိခိုက်နစ်နာမှုပမာဏကနည်းနည်း များတယ်။ အဲ့ဒါကြောင့်လည်း နောက်ဆုတ်သွားတာမျိုး တွေ ရှိတယ်။

မေး - အခုဗဟိုဘဏ်က ဒေါ်လာကို ဘယ်လောက် ဆိုပြီး သတ်မှတ်ပေးလိုက်တော့ ကားဈေးက အပြောင်း အလဲရှိနိုင်လား။

ဖြေ - ပြောင်းတာပေါ့။ အဓိက ငွေဈေးတည်ငြိမ်ဖို့လဲ လိုတာပါ။ ငွေဈေးပြောင်းတာ၊ မပြောင်းတာကို ဂရုမစိုက် ဘူး။ ငွေဈေးတည်ငြိမ်နေရင် အလုပ်လုပ်ရတာ တည်ငြိမ် တာပေါ့။

မေး - ကားပါကင်ထောက်ခံချက်နဲ့ တင်သွင်းတဲ့ အပေးစိစစ်မှုတွေ လုပ်သွားမယ့်အပေါ်မှာ အမြင်လေး။

ဖြေ - စိစစ်မှုလုပ်ပေမယ့် ထိရောက်မှု မရှိဘူးထင် တယ်။ ပါကင် ကိစ္စက ပါကင်စနစ်ကို ဘယ်လိုကောင်းမွန် အောင် စီမံဆောင်ရွက်မလဲ။ ဘယ်လိုအားနည်းတဲ့ ဥပဒေ တွေကို ပြင်မလဲဆိုတာပဲလုပ်ရမှာ။ ပါကင်ရောင်းစားလို့ လည်း ကန့်ကွက်လို့ မရဘူး။ မရောင်းရဘူးလို့ ဘယ်လို စိစစ်မလဲဆိုတာထက် ချပြီးမပေးခင်ကတည်းက စိစစ်ရ မယ်။ စိစစ်တဲ့နေရာမှာလည်း ကြန့်ကြာမှုမရှိအောင် နိုင်ငံ တကာမှာ ဘယ်လိုလုပ်နေလဲဆိုတာ ကြည့်ပြီးလေ့လာရမှာ။ ပါကင်စနစ်လုပ်တာသည် မှန်သည်၊ မှားသည် ဘာမှမပြော လိုဘူး။ ဒါပေမယ့် အဲ့ဒီပါကင်စနစ်ကြောင့် မဖြစ်သင့်တာ မဖြစ်အောင် လစ်ဟာမှုမရှိအောင်၊ သေချာအောင် ပေါ်လစီ ချပြီးနောက်က  ဘယ်လိုပြန်လာနိုင်လဲဆိုတာ သေချာ စဉ်းစားပြီးမှ သုံးသပ်ပြီး မူလေးတွေ တော့ပြင်ရမယ်ထင်တယ်။

မေး - ၀န်းရံခကနေ Customer  တွေအတွက်စကား လက်ဆောင်လေး။

ဖြေ - ၀န်းရံခကိုမသိသေးတဲ့ Customer တွေအနေ နဲ့ ကျွန်တော်တို့ ဆီမှာတစ်ခါဝယ်ပြီးတာနဲ့ နောက်ထပ် လာဝယ်ချင်အောင် အဆင်ပြေစွာ ရောင်းပေးနေပါတယ်လို့။ ဒါပေမယ့် လုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာ လစ်ဟာမှုလေး တွေရှိပေမယ့် တတ်နိုင်သလောက်တော့ ၀န်ဆောင်မှုပေး နေပါတယ်။ တတ်နိုင်သလောက်လည်း ကျေးဇူးတုံ့ပြန်ပါ တယ်။ အခုလို ကံစမ်းမဲဖောက်ပေးတဲ့ပမာဏက သိန်း (၅၀၀) ၀န်းကျင်လောက်ရှိပါတယ်။ ဒါက ကိုယ့်ရဲ့လုပ်ငန်းနဲ့ ပတ် သက်တဲ့ လူတွေကိုပြန်ပြီး ကျေးဇူးတုံ့ပြန်ပေးတာပါ။

ဆက်သွယ်ရမယ့်လိပ်စာက

အမှတ် (၁) ဗဟိုလမ်း၊ ဘူတာရုံလမ်းနှင့် ပါရမီလမ်းကြား၊ လှိုင်မြို့နယ်။

ဖုန်း - ၀၉ ၇၃၇၃၈၅၈၅၊ ၀၉ ၇၉၇၉၈၅၈၅၉ ကို ဆက်သွယ်နိုင်ပါတယ်။

ဟုတ်ကဲ့ပါ။ ဖြေကြားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။