BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မေးမြန်းထွေလာ ကားလောကပဒေသာ

မေး - ကျွန်တော် ဖောင်ကြီးက ပါ။ နေ့စဉ် ရန်ကုန်မြို့ကို အသွား ^အပြန်စီးဖို့အတွက်  Toyota Belta 2010 တစ်စီးဝယ်ဖို့ ဆုံးဖြတ်ထားပါ တယ်။ Belta 1000 CC ကားနဲ့ Belta 1300 CC 4WD ကားနှစ်စီးမှာ ဘယ်ကားက သင့်တော်ပါသလဲ။ ဂရု စိုက်ရမယ့်အချက်တွေကို  သိချင်ပါ တယ်။ ဦးဦးအော်တို လမ်းညွှန်ပေးပါ။

ကိုမောင်ကျော် (ဖောင်ကြီး)

ဖြေ - Toyota Belta 1000 CC နဲ့ 1300 CC နှစ်မျိုးမှာ အင်ဂျင် ထုထည်စီစီ ကွာခြားတဲ့အတွက် မြင်း ကောင်ရေအားလည်း ကွာပါတယ်။ Belta 1300 CC အင်ဂျင်က ပိုပြီး အားကောင်းတာပေါ့။ နွေရာသီလို အရမ်းပူတဲ့အချိန်မှာ အဲကွန်းသုံးရ မယ်ဆိုရင် 1300 CC အင်ဂျင်က နိုင်နိုင်နင်းနင်းရှိပါတယ်။ ခရီးဝေး မောင်းတာ၊ တောင်ပေါ်လမ်းမောင်း တဲ့အခါမှာလည်း အင်ဂျင်ပါဝါစွမ်း အားများတာ မမှားပါဘူး။ Belta 1300 CC 4WD ကားကိုပဲရွေးပါ။ ဆီစားနှုန်းက (36 mpg) ရှိပါတယ်။

ကားနဲ့ပတ်သက်ပြီး ဂရုစိုက် ရမယ့် အချက်တွေကတော့ အတော် များပါတယ်။ တာယာ၊ ဘရိတ်စနစ်၊ အင်ဂျင်ဝိုင်ပုံမှန်လဲပေးတာ၊ ဘက် ထရီထိန်းသိမ်းတာ၊ အော်တိုဂီယာ ဘောက်မှာ ATF ဆီစစ်ဆေးတာ၊ ကားရေတိုင်ကီအအေးခံစနစ် ဂရုစိုက် ထိန်းသိမ်းတာ၊ ကားအောက်ပိုင်းပြု ပြင်တာ၊ အလိုင်းမင့်ချိန်တာ၊ တာယာ တွေလှည့်ပြီး သုံးရတာ၊ Air Cleaner သန့်ရှင်းဖုန်ခါတာ  စတဲ့အချက် အလက်ပေါင်းအတော်များများကို သိရှိလေ့လာထားဖို့လိုပါတယ်။ ဒီ အကြောင်းတွေရေးပြနေရင် ဂျာနယ် တစ်စောင်တောင် မပြီးပါဘူး။ Auto World ဂျာနယ်မှာ ကားပြုပြင်ထိန်း သိမ်းရေးနဲ့ပတ်သက်ပြီး  အပတ်စဉ် ရေးသားထားပါတယ်။ ကျွန်တော်   ရေးတဲ့ဆောင်းပါးတွေကိုပြန်ဖတ်ပါ။  မရှင်းတာ၊ နားမလည်တာရှိရင် မေးပါ။

ကားပိုင်ရှင်တစ်ဦးဟာ ကား မောင်းတတ်ရုံနဲ့မပြီးပါဘူး။ ကားနဲ့ သက်ဆိုင်တဲ့ အခြေခံဗဟုသုတတွေ သိဖို့လိုပါတယ်။ ကားတစ်စီးကို ဘယ်လို ပြုပြင်ထိန်းသိမ်းရမလဲဆိုတဲ့ အသိတရားနဲ့ အလေ့အကျင့်ကောင်း တွေလိုပါတယ်။ ကားဝပ်ရှော့ပ်တွေ၊ ဆားဗစ်စင်တာတွေ သိကျွမ်းရင်းနှီး နေဖို့လိုပါတယ်။ ဘာဖြစ်ရင်ဘယ်မှာ သွားလုပ်ရမလဲ  သိဖို့လိုပါတယ်။ ခေတ်ပေါ်ကားတွေရဲ့ ပြောင်းလဲတိုး တက်လာတဲ့ နည်းပညာတွေကို တီးမိ ခေါက်မိရှိဖို့လိုပါတယ်။ ကားနည်း ပညာနဲ့ သက်ဆိုင်တဲ့စာအုပ်တွေဖတ် ပါ။ အင်တာနက်မှာလေ့လာပါ။

မေး - ဆလွန်းကားဖြစ်ဖြစ်၊ စတေရှင်  ၀ပ်ဂွန်ပဲဖြစ်ဖြစ် သိန်း (၁၁၀) ကနေ သိန်း (၁၅၀) ၀န်းကျင် လောက်ရှိတဲ့ ခရီးဝေးစီးလို့ကောင်းတဲ့ လူစီးကား အမျိုးအစားတွေကို ရွေး ချယ်ပေးပါ။

ကိုမြတ်နိုင် (မန္တလေး)

ဖြေ - သိန်း (၁၅၀) ၀န်းကျင် လောက်ရှိတဲ့  အိမ်စီးကားအတွက်  Toyota အုပ်စုထဲမှာ Fielder နဲ့ Honda အုပ်စုထဲက Airwave ကား တွေကောင်းပါတယ်။ ဗင်ကားဖြစ်တဲ့ အတွက် ခရီးဝေးသွားရင် ပစ္စည်း လည်းတင်လို့ကောင်းပါတယ်။ Nissan အုပ်စုထဲမှာ သိပ်ကောင်းတဲ့ ကားမ တွေ့ပါဘူး။ တကယ့် ကားကောင်းစီး ချင်ရင်တော့ သိန်း (၂၀၀) အထက်မှာ ပဲရှိပါတယ်။ ဒေါ်လာငွေ လဲနှုန်းတွေ မြင့်လာတဲ့အတွက် နံပါတ်မကျသေး တဲ့ ကားကောင်းတွေ ဈေးတက်နေပါ တယ်။ မနှစ်က ထွက်ထားတဲ့  F,G အက္ခရာတန်းကားဆိုရင် ဈေးနည်း နည်းသက်သာပါလိမ့်မယ်။ C အက္ခရာ အုပ်စုထဲမှာ ဟိုတုန်းက Toyota Mark II တို့၊ Crown တို့ ကားကောင်းတွေ ရှိပါတယ်။ သိန်း (၁၀၀) လောက်နဲ့ရ နိုင်မယ်ထင်ပါတယ်။ ဈေးကွက်ထဲမှာ စုံစမ်းကြည့်ပါ။ ရန်ကုန်ဆင်းလာမှ အဆင်ပြေမယ် ထင်ပါတယ်။

မေး - ကားအင်ဂျင် အခေါ် အဝေါ်တွေထဲမှာ DOHC ဆိုတာ ဘာကိုပြောတာပါလဲ။ VVT-i အင်ဂျင် ဆိုတာလဲ ဘယ်လိုအဓိပ္ပာယ်လဲ ဦးဦး အော်တိုရှင်းပြပေးပါ။

ဦးစိုးမောင် (ဗန်းမော်)

ဖြေ - DOHC ဆိုတဲ့ အတို ကောက်စာလုံးက Double Over Head Camshaft လို့ အဓိပ္ပာယ်ရပါ တယ်။ DOHC အင်ဂျင်ဆိုတာ ကင်မ် ရှပ် နှစ်ချောင်းပါတဲ့ Over Head Camshaft Engine ကို ဆိုလိုတာပါ။ ခေတ်ပေါ်  ကားအင်ဂျင်တွေက ဗား (Value) အရေအတွက်များများပါတဲ့ အတွက် Camshaft နှစ်ချောင်းသုံး ထားပါတယ်။ 16 Valvs အင်ဂျင် ဆိုရင် ပစ္စတင်တစ်လုံးကို ဗား (၄) ချောင်းနဲ့ ပစ္စတင် (၄) လုံးအတွက် ဗား (၁၆) ချောင်းရှိပါတယ်။

Overhead Valve Engine နဲ့ Over Head Camshaft Engine ဆို ပြီး နှစ်မျိုးရှိပါတယ်။ Overhead Valve Engine မှာ Camshaft က အင်ဂျင်ဘလောက်ထဲမှာ ရှိပါတယ်။ ဗားတွေကို Push Rod(ပလွေရိုးတံ) နဲ့ တွန်းပါတယ်။ OHC လို့ခေါ်တဲ့ Over Head Camshaft အင်ဂျင်မှာ တော့ Camshaft က Engine Head မှာပဲရှိပါတယ်။ Camshaft ကို  Timing Belt ကြိုး (ဒါမှမဟုတ်) ချိန်း ကြိုးနဲ့ ဆွဲလှည့်ပေးပါတယ်။ ခေတ် ပေါ်ကားအင်ဂျင်တွေက ဗားအရေ အတွက်  များများပါတဲ့အတွက်ီDOHC အင်ဂျင်အမျိုးအစားဖြစ်ပါ တယ်။ Camshaft နှစ်ချောင်းရှိပါ တယ်။ Valve တွေက ပစ္စတင်တစ်လုံး မှာ လေးချောင်းနှုန်းပါ။ ပစ္စတင် ခြောက်လုံးထိုး   အင်ဂျင်ဆိုရင် 24 Valve ရှိပါတယ်။

VVTi ဆိုတာက Toyota Engine တွေမှာသုံးတဲ့အတိုကောက် စာလုံးပါ။ Variable Valve Timing အင်ဂျင်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီ ကနေ့ခေတ်ပေါ်  ကားအင်ဂျင်တွေမှာ Variable Valve Timing နည်းပညာ ကို သုံးလာကြပါတယ်။ အင်ဂျင် လည်ပတ်နှုန်း r.p.m မြင့်မားတဲ့ အချိန် မှာ အင်ဂျင်ထဲကိုလေနဲ့ လောင်စာ ဆီအရော များများဝင်လာနိုင်အောင် Intake Valve ကိုကြိုတင်ပြီး ပွင့်နိုင် အောင် ဒီဇိုင်းပြောင်းလာကြတယ်။ ဒီလိုမျိုးဗားတိုင်မင် ပြောင်းလဲပေးနိုင် တဲ့အင်ဂျင်မှာ အင်ဂျင်စွမ်းဆောင်ချက် တိုးတက်လာတယ်။ ဗားတိုင်မင်ကို အင်ဂျင်ဝိုင်ပန့်ဖိအားနဲ့ ဆက်နွှယ်ပြီး ပြောင်းလဲနိုင်အောင် ဒီဇိုင်းလုပ်ထား ပါတယ်။ အင်ဂျင်လည်ပတ်နှုန်း မြင့် လေ အင်ဂျင်ဝိုင် ဖိအားများလာလေ ဖြစ်လေ့ရှိပြီး Valve ပွင့်ချိန်ကို စောစေခြင်းဖြစ်တယ်။ ထိုလိုမျိုး ဗား တိုင်မင်ပြောင်းလဲမှ အင်ဂျင်ထဲကို လေများများဝင်နိုင်ပြီး အိတ်ဇော အငွေ့တွေလည်း  များများထွက်လာ နိုင်တယ်။

ဗားတိုင်မင် ပြောင်းလဲခြင်း၊ သဘောတရားနဲ့   VVT-i အင်ဂျင် အကြောင်း   အသေးစိတ်ရေးပြဖို့ စာမျက်နှာနေရာ   အခက်အခဲရှိပါ တယ်။ VVT-i နည်းပညာအကြောင်းကို (၂၀၁၂) ခုနှစ်က ကျွန်တော်ဆောင်း ပါး ရေးဖူးပါတယ်။ ပြန်ရှာပြီးဖတ် ကြည့်ပါ။ နောင်အလျဉ်းသင့်ရင် ဗား တိုင်မင်ပြောင်းလဲခြင်းအကြောင်းတွေ ကိုအသေးစိတ်ရှင်းပြပါ့မယ်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။