BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

BNF Express မှ ဒါရိုက်တာကိုဖြိုးဇော်နှင့် အမေးအဖြေ

မေး - BNF Express.com ကနေ အွန်လိုင်းမှာ အဝေးပြေးကား လက်မှတ်တွေ စပြီးရောင်းချခဲ့တာ ဘယ် အချိန်လောက်က စခဲ့တာပါလဲ။

ဖြေ - (၂၀၁၃) ဇန်န၀ါရီလလောက်မှာ ကျွန်တော် တို့က နိုင်ငံခြားသားတွေအတွက် သီးသန့် Master နဲ့ စရောင်းပေးခဲ့တယ်။ ရောင်းပေးတာကနေ နိုင်ငံသားတွေ ကလည်း ဘယ်လိုပဲရှာရှာ ကျွန်တော်တို့  Website ထဲ ၀င်ဖတ်တယ်။ တကယ်တမ်းကျ သူတို့သုံးလို့အဆင်ပြေလား ဆိုတော့ အဆင်မပြေဘူး။US ဒေါ်လာတွေနဲ့ဖြစ်နေတယ်။ Payment ကလည်း Master တွေဖြစ်နေတယ်။ ဖုန်းတွေက နေ့တိုင်းလက်ခံနေရတယ်။ အပြင်ကို ရောင်းတာမဟုတ်ဘဲ ရုံးအထိ လာဝယ်တာမျိုးတွေရှိတယ်။ အဲ့ဒါနဲ့ ဒီပြည်တွင်း အဝေးပြေးကားလက်မှတ်တွေ စရောင်းမယ်ဆိုပြီးဖြစ်သွား တယ်။ ပြည်ပနိုင်ငံခြားသားတွေအတွက်ရော၊ ပြည်တွင်း ခရီးသွားတွေအတွက်ရော အွန်လိုင်းကနေ ကားလက်မှတ် တွေ ၀ယ်လို့ရအောင် အဝေးပြေးယာဉ် လိုင်းပေါင်း (၁၀၀) ကျော်နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။

မေး - BNF Express ထဲမှာ အဝေးပြေးကားလိုင်း လက်မှတ်ဝယ်တော့မယ်ဆိုရင်  ရနိုင်မယ့်သတင်းအချက် အလက်တွေ။

ဖြေ - ကျွန်တော်တို့ဆီကို ဖုန်းတွေအမြဲတမ်းခေါ် တယ်။ ဘာကြောင့်လဲဆိုတော့ အဝေးပြေးကားလိုင်းတွေ ကို ဖုန်းခေါ်ရင် ပြည်သူတွေအတွက် အရမ်းခက်ခဲတာတွေ့ရ တယ်။ ဘာကြောင့်လည်းဆိုတော့ ဖုန်းကအမြဲ တမ်း Busy ဖြစ်နေတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ Up to Date ဖြစ်တဲ့ သတင်းအချက်အလက်တွေကို အွန်လိုင်းမှာတင်ပေးထား တယ်။ သူတို့ အလွယ်တကူရှာလို့ရအောင် တချို့ကား လိုင်းတွေက ဆောင်းရာသီလိုဟာမျိုးကျရင် တစ်နာရီ လောက် နောက်ဆုတ်တာမျိုးတွေရှိတယ်။ ကားဂိတ်ကို အချိန်မှားရောက်တာတွေ၊ ကားဂိတ်ကနေ မှားရေးပေးလို့ မှားပြီး ရောက်သွားတာတွေဖြစ်တာတွေရှိတယ်။ နံပါတ် တစ်က အဲ့ဒါပေါ့။ ခုနောက်ပိုင်း Traffic Jamp ဖြစ်တာ တွေများလာတော့ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးရအောင်လုပ် ထားတယ်။ ဘတ်စ်ကားလက်မှတ်တစ်စောင်အတွက်နဲ့ ဟို ဟိုဒီဒီသွားပြီး ဒုက္ခခံရတာတွေမဖြစ်ရအောင် ကားဂိတ်တွေ ရဲ့ သတင်းအချက်အလက်တွေ အကုန်လို့ရအောင် တင်ပေး ထားတယ်။

မေး - ၀ယ်ယူမယ့် Customer ကဘယ်လိုပုံစံနဲ့ ၀ယ်ရမလဲ။ ငွေပေးချေမှုကို ဘယ်လိုလုပ်နိုင်ပါလဲ။

ဖြေ - အွန်လိုင်းကနေ၀ယ်မယ်ဆိုရင် လောလော ဆယ် Mobile Application ကတော့ မထွက်သေးဘူး။ လောလောဆယ်ဝင်မယ်ဆိုရင် ကွန်ပျူတာကနေ Mobile Browser ကနေ BNF Express.com ကိုရိုက်ထည့်ပြီးရင် ကိုယ်သွားချင်တဲ့ လမ်းကြောင်းမှ-သို့ ရေး၊ စီးချင်တဲ့ လူဦး ရေ၊ အမည်၊ သွားမယ့်ရက်စွဲကိုရေး၊  အဲ့ဒီမှာ ကားလိုင်းတွေ အများကြီးကျလာလိမ့်မယ်။ အဲ့ဒီထဲကမှ ကိုယ်အဆင်ပြေ မယ့် ကားလိုင်းကိုရွေးချယ်၊ အဆင်ပြေတဲ့ Payment နဲ့ သွားလို့ရပါတယ်။ Payment မှာဆိုရင် လေးမျိုးရှိပါတယ်။ ပထမဆုံးတစ်ခုကတော့ MPU, ATM ကတ်နဲ့ ပေးလို့ရမယ်။ နောက်တစ်ခုကျတော့ Bank Transfer ရှိမယ်။ တတိယ တစ်ခုက Deposit Account နဲ့။ Deposit Account ဖွင့် ထားတာက ကုမ္ပဏီတွေအတွက် အဓိကလုပ်ပေးထားတာ။ နောက်ဆုံးတစ်ခုက သွားမယ့်ရက်က ဒီနေ့ (သို့) မနက်ဖြန် ထားပါတော့။ ကျွန်တော်တို့အွန်လိုင်းက လုပ်ပေးတာ တစ်ခုရှိတယ်။ တချို့ကားဂိတ်တွေကျတော့ ကျွန်တော်တို့ အွန်လိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ မဟုတ်ဘူး။ ဖုန်းနဲ့ တင်ပေးရတာ။ ကိုယ်က စိတ်ကြိုက်ကားလိုင်းရွေးပြီးပြီဆိုရင် Buy Now ဆိုတဲ့  Function ပေါ်လာ လို့ကြည့်လိုက်။ ကား ဂိတ်တွေကို အော်တို SMS ပို့ပေးတယ်။ ကားဂိတ်က အဲ့ဒီ ခုံကအဆင်ပြေရင်  Yes (or) No ပြန်လာတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က Customer ကို SMS ပြန်ပို့ပေးတယ်။ ခရီးသည်က ဂိတ်ကိုတစ်နာရီလောက်စောပြီးသွား ပေးရ မယ်။ Buy Now ကျတော့ အသည်းအသန်အရေးတကြီး သွားချင်တဲ့လူအတွက် အဆင်ပြေတယ်။

မေး - ခုချိန်မှာ ကားလက်မှတ်တွေကို အွန်လိုင်း ကနေ ၀ယ်ယူမှုအခြေအနေက။

ဖြေ  - ၀ယ်ကြတယ်။ ကျွန်တော်တို့ စလုပ်တုန်းက ဆိုရင် ဒီကုမ္ပဏီကဘာလဲ။ ဘယ်သူတွေပါလဲ။ ပိုက်ဆံပေး လိုက်ဖို့ဆိုတာက ယုံကြည်မှုတစ်ခုခုတော့ လိုအပ်တယ် လေ။ အဲ့ဒီတော့ ကျွန်တော်တို့ကို မေးတာတွေရှိတယ်။ ခု နောက်ပိုင်းမှာ အွန်လိုင်းကနေပဲ ကားလက်မှတ်ကို အရမ်း ၀ယ်လာကြတယ်။ တစ်ရက်ကိုအစောင် (၅၀)၊ (၁၀၀) အသာလေးဝယ်တယ်။ ဘာမှမေးမြန်းတာမရှိတော့ဘူး။ ကားကုမ္ပဏီတွေနဲ့လည်း Relationship ရှိတယ်။ သူတို့ ဘက်ကလည်း ဒီ System အတွက် ကျွန်တော်တို့ကို ပိုပြီး ကူညီတာတွေ့ရတယ်။

မေး - ပြည်တွင်းခရီးသွားတွေအနေနဲ့ အွန်လိုင်း ကနေ ကားလက်မှတ်ဝယ်တာမျိုးက အကျွမ်းတ၀င်ရှိလာ ပြီလား။

ဖြေ - ရှိပါတယ်။ ခုဆိုရင် ကုမ္ပဏီတွေက အွန်လိုင်း က၀ယ်တာပဲ လုပ်ကြတယ်။ နိုင်ငံခြားမှာနေတဲ့သူတွေ၊ ဥပမာ စင်ကာပူကနေ ပြန်လာမယ်။ ရန်ကုန်မှာမနားချင်ဘူး။ မန္တလေးကို တိုက်ရိုက်သွားချင်တယ်။အဲ့လိုဆိုရင် ရန်ကုန်-မန္တလေးကား လက်မှတ်ကို တိုက်ရိုက်ဝယ်ထားတယ်။ Visa Master တွေနဲ့ပိုပြီးဝယ်ထားတယ်။ တစ်ခါတလေ ရန်ကုန် ကထွက်တဲ့ကားတွေဆို အလွယ်တကူဝယ်လို့ ရနိုင်ပေမယ့် ဥပမာ မန္တလေးကနေ ထွက်တဲ့ကား၊ ပုဂံကနေထွက်တဲ့ ကားတို့ဆိုရင် ကိုယ်ကအဲ့ဒီနေရာမှာရှိမနေရင် ကြိုဝယ်ဖို့ ကခက်တယ်။ အဲ့လိုမျိုးဆိုရင် အွန်လိုင်းကနေ၀ယ်တာ ပိုအဆင်ပြေတယ်။

မေး - ၀ယ်ယူစီးနင်းတဲ့ Customer တွေက ဘယ်လို ငွေပေးချေမှုလုပ်ပြီး စီးတာများလဲ။

ဖြေ - Bank Transfer နဲ့ Deposit ပေးချေမှုနဲ့ စီးကြတာများတယ်။ အေးဂျင့်တွေက Deposit နဲ့ ၀ယ်တာ များတယ်။ သူတို့အတွက် အရမ်းသက်သာတယ်။ လက် မှတ်တစ်စောင်ကို (၅၀၀) ကျပ်လောက်လျော့တယ်။ (၁၀) စောင်ဆိုရင် (၅၀၀၀) သက်သာတာထက်စာရင် သူတို့က ဘာသဘောကျလဲဆိုရင် အလုပ်မရှုပ်ဘူး။ ဘိုကင်လုပ်လိုက် တယ်။ သူတို့ Deposit Account ထဲဝင်သွားတယ်။ ခဏ နေ သူတို့ SMS ရောက်လာပြီ။

မေး - BNF Express ရဲ့ Customer တွေအတွက် စကားလက်ဆောင်လေး။

ဖြေ - BNF Express ဖြစ်လာဖို့ အချိန်တွေ၊ လူအား တွေအများကြီး ကြိုးစားပြီးလုပ်ထားတယ်။ ဒီဟာရဲ့ အဓိက ရည်ရွယ်ချက်က မြန်မာပြည်ရဲ့ ဘတ်စ်ကားလိုင်း Up to Date သတင်းအချက်အလက်တွေကို တတ်နိုင်သမျှ ခရီးသွား ပြည်သူတွေကို အမှန်ကန်ဆုံး ရအောင်ကြိုးစားထားတာပါ။ သုံးကြည့်ပါ။ ပြည်သူလူထုသုံးလို့ အဆင်ပြေတဲ့နည်းပညာ ထိ ကျွန်တော်တို့ကြိုးစားသွားမှာပါ။

ဆက်သွယ်ရမယ့် လိပ်စာက

အမှတ် (၃၉၁)၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့ နယ်။

ဖုန်း   - ၀၉ ၄၅၀၀၅၅၇၂၀၊ ၀၉ ၄၂၈၀၁၆၂၃၄၊ Website   ကြည့်ချင်ရင် www.bnfexpress.com ကို ကြည့်လို့ရပါတယ်။

ဟုတ်ကဲ့ပါ။ ဖြေကြားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။