BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မေးမြန်းထွေလာ ကားလောကပဒေသာ

မေး - Hilux Double Cab ကားက Showroom မှာ ရောင်းတဲ့ ကားနဲ့ ပြင်ပမှာရောင်းတဲ့ကား မတူ တာ ဘာကြောင့်ပါလဲ။ Intercooler  ပါတာနဲ့ မပါတာဘာကွာပါသလဲ။ 4 x 4 ကားနဲ့ 4 x 2 ကား Suspension ဘာကွာပါသလဲ။ ဘယ်နိုင်ငံထုတ်ံHilux ကားက ပိုကောင်းပါသလဲ။

လင်းလင်း (ခေတ္တ စင်ကာပူ)

ဖြေ - Hilux Double Cab ကားကို နိုင်ငံမျိုးစုံက ထုတ်လုပ်ပါ တယ်။ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ မှာ ထုတ်လုပ်ပါတယ်။ Toyota ဆို ပေမယ့်  ထုတ်လုပ်တဲ့နိုင်ငံကို လိုက် ပြီး အရည်အသွေးနဲ့ဈေးနှုန်းကွာခြား နေပါတယ်။ ဒါကြောင့်မို့ Brand New Showroom မှာ ပြထားတဲ့ကား နဲ့ ပြင်ပဈေးကွက်မှာရောင်းတဲ့ ကား မတူတာပါ။

Hilux Double Cab မှာ ဒီဇယ် ကားနဲ့  ဓာတ်ဆီအား နှစ်မျိုးကွဲပါ တယ်။  ဒီဇယ်ကားမှာတောင် 3.0 Liter အင်ဂျင်နဲ့ 2.5 Liter အင်ဂျင်ဆို ပြီး ဆိုဒ်နှစ်မျိုးရှိပါတယ်။ ဓာတ်ဆီ က 2.7 Liter ရှိပါတယ်။ ဂီယာ ဘောက်စ်မှာလည်း Auto နဲ့ Manual ဆိုပြီးနှစ်မျိုးရှိပါသေးတယ်။ ပြီးတော့ 4WD က 4 x 4 ပါ။ 4 x 2 ဆိုတာ ကတော့ နောက်ဘီးနှစ်ဘီးပဲ မောင်း တာပါ။

4WD နဲ့  4 x 2 အောက်ပိုင်း ဖွဲ့စည်းပုံကွာခြားပါတယ်။ Intercooler ပါတဲ့ကားက  တာဘိုချာဂျာ အင်ဂျင်ပါ။ တာဘိုချာဂျာဆိုတာ အင်ဂျင်အိတ်ဇော တွန်းကန်အားနဲ့ တာဘိုင်ဒလက်ကို  လည်စေပြီး အင်ဂျင်ထဲကို လေများများဝင်ရောက် နိုင်အောင်  Blower က အတင်းမှုတ် သွင်းပေးတာပါ။

တာဘိုချာဂျာက ပြင်ပလေတွေ ကို ဖိသိပ်လိုက်တဲ့အတွက် အပူချိန် မြင့်တက်သွားပါတယ်။ ဒီလေတွေကို  Intercooler ထဲဖြတ်သန်းစေပြီး အေး သွားမှ အင်ဂျင်ထဲ ရောက်ပါတယ်။ Intercooler ဆိုတာ ဖိသိပ်လိုက်တဲ့ လေပူတွေကို အေးသွားအောင် အအေးခံပေးတဲ့ ကိရိယာပါ။ ကား စက်ဖုံးအပေါ်မှာ Intercooler လေ အေးဝင်ပေါက်ပါတာ တွေ့ပါလိမ့် မယ်။ တာဘိုချာဂျာပါတဲ့ အင်ဂျင်က ပါဝါပိုပြီး ကောင်းပါတယ်။

Toyota Hilux ကို  နိုင်ငံစုံက ထုတ်လုပ်ပါတယ်။   အကောင်းဆုံး ကတော့ ထိုင်းနိုင်ငံ Mahdi Motor Thailand က ထုတ်လုပ်တဲ့ Hilux Vigo Double Cab ကားပါပဲ။ Brand New ကားကိုဝယ်ချင်ရင်  Showroom ကပဲဝယ်ပါ။   အာမခံပေးထားပါ တယ်။  Toyota Service Centre ရှိ တဲ့အတွက်  After Sales Service လုပ်ပေးပါတယ်။

မေး - Toyota Belta ကားမှာ စတီယာရင်က ပင်နီယံခတ်သံ ထွက် နေပါတယ်။ ဘာကြောင့်ဖြစ်တာပါ လဲ။ ဘာလုပ်သင့်ပါသလဲ။

ဇာနီမောင် (မန္တလေး)

ဖြေ - စတီယာရင် စနစ်မှာ ပွန်းစားပြီး ချောင်နေတဲ့နေရာရှိနေလို့ အသံမြည်တာပါ။ အောက်ပိုင်းနဲ့ စတီယာရင် Link အဆက်တွေ၊ တိုက်ရော့ဂေါ်လီသီးတွေ စစ်ဆေးပါ။ စတီယာရင် ဂီယာဘောက်မှာ ဂီယာ ၀ိုင်ရှိသလားစစ်ပါ။ ဂီယာဝိုင် မရှိရင် အသံထွက်ပါတယ်။ စတီယာရင်စနစ် ကို ကျွမ်းကျွမ်းကျင်ကျင်ပြင်နိုင်တဲ့ ၀ပ်ရှော့ပ်မှာပြကြည့်ပါ။

မေး - Chevrolet ကားအင် ဂျင်မှာ Ecotec ဆိုပြီး စာတမ်းပါ တယ်။ အဲ့ဒါ ဘာအဓိပ္ပာယ်ပါလဲ။ ဦးဦးအော်တို ရှင်းပြပေးပါ။

မင်းအောင် (အင်းစိန်)

ဖြေ -  General Motors (GM) ရဲ့ Trademark ပါပဲ။ Chevrolet ကားတွေကို GM ကားကုမ္ပဏီကထုတ် လုပ်ပါတယ်။ Ecotec စာလုံးရဲ့ အဓိပ္ပာယ်က (Emission Control Optimization Technology) လို့ အဓိပ္ပာယ်ရပါတယ်။ GM ရဲ့ အီမစ် ရှင်း ထိန်းချုပ်မှု နည်းပညာပါ။ အကောင်းဆုံး အီမစ်ရှင်းထိန်းချုပ်မှု နည်းပညာကြောင့်  GM ကထုတ်တဲ့ ကားတွေဟာ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုထိခိုက်မှုအနည်းဆုံးဖြစ်ပါ တယ်။

မေး - Back Firing ဖြစ်တယ် ဆိုတာ ဘာကိုပြောတာပါလဲ။ ဘာ ကြောင့် Back Firing ဖြစ်တာလဲ။ Back Firing ဖြစ်ရင် ဘာတွေထိခိုက် နိုင်ပါသလဲ။

ကိုအောင်မြင့် (ပဲခူး)

ဖြေ - ကားအိတ်ဇောပိုက်မှာ ဖောင်းဒိုင်းဆိုပြီး ထပ်ဆင့်ပေါက်ကွဲ မှုဖြစ်ပြီး အသံကျယ်ကျယ်လောင် လောင်ဖြစ်တဲ့ဖြစ်ရပ်မျိုးကို Back Fire ဖြစ်တယ်လို့ ပြောပါတယ်။ တစ် ခါတလေ သေနတ်ပစ်သလို အသံ အကျယ်ကြီး မြည်ပါတယ်။ ဘေးက လမ်းသွားလမ်းလာ ခရီးသည်တွေ လန့်ဖြန့်သွားပါတယ်။ Back Fire ဖြစ်တာ ဓာတ်ဆီအင်ဂျင်တွေ၊ CNG အင်ဂျင်ကားတွေမှာ အဖြစ်များပါ တယ်။

ဘာကြောင့်ဖြစ်ရသလဲ ဆိုတော့ မီးတိုင်မင်မမှန်ရင် ဖြစ်တယ်။ ပလပ် တွေကောင်းကောင်းမခုတ်ရင် မီး မလောင်ဘဲ ထွက်သွားတဲ့ လောင်စာ-  လေ အရောတွေဟာ အိတ်ဇောပိုက် ထဲရောက်မှ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲမှုပြင်းလို့ အသံအကျယ်ကြီး မြည်ပါတယ်။ Valve Timing တွေ မှားရင်လည်း ဖြစ်ပါတယ်။ Timing Belt ကြိုးချော်ထွက်သွားပြီး တိုင်မင် မှားသွားရင်လည်း ဖြစ်တတ်ပါတယ်။

ပလပ်ကြိုးတွေ ပြန်တပ်တာ မှားရင်လည်း Back Fire ဖြစ်တတ် ပါတယ်။ Back Fire ဖြစ်တာ မကောင်းပါ။ ပတ်ဝန်းကျင်ဆူညံသံ တွေကြောင့် လမ်းသွားလမ်းလာလူ တွေကို အနှောင့်အယှက်ဖြစ်စေပါ တယ်။ ပြင်းထန်တဲ့ ထပ်ဆင့်ပေါက်ကွဲ မှုကြောင့် အိတ်ဇောဘူးတွေ ပျက်စီး စေပါတယ်။ Back Fire ဖြစ်စေတဲ့ ချွတ်ယွင်းအားနည်းချက်ကို ရှာပြီး ပြုပြင်ပါ။                     

ဦးဦးအော်တို

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။