BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ဝန်းရံခကားအရောင်းမှ မန်နေးဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်နှင့် အမေးအဖြေ

မေး  - ၀န်းရံခ ကားအရောင်းစင်တာဖွင့်တာက ဘယ်လောက်ကြာနေပြီလဲ။ လက်ရှိမှာ ကားနဲ့ပတ်သက်တဲ့ မူဝါဒအပြောင်းအလဲများခဲ့တော့ အဲ့ဒီအခိုက်အတန့်ကာလ မှာ Showroom တွေ၊ အရောင်းစင်တာတွေရဲ့ အနေအထား။

ဖြေ  - ၀န်းရံခက လေးနှစ်ကျော်ပါပြီ။ မူဝါဒက ပြောရရင် ကျွန်တော်တို့ မနှစ်ကတည်းက သိထားတဲ့အသိ က (၂၀၁၀ ကနေ ၂၀၁၃ အထိ) မော်ဒယ်တွေမှာစလစ်ကပ် ရမယ်ဆိုပြီး သိထားတာ မကန့်ကွက်ခဲ့ဘူး။ (၂၀၀၆) မော်ဒယ်အနိမ့်ဆုံး ထားသွင်းရမယ်ဆိုတာလည်း လက်ခံ တယ်။ အဓိကပြဿနာဖြစ်တာက ကွန်ဆိုင်းမန့်ပဲ။ မနှစ်က (၂၀၁၁ က နေ ၂၀၁၄ အထိ) နှစ်တွေမှာ ဖြတ်သန်းခဲ့သမျှပြော ရရင် နှစ်ကုန်ခါနီး ပါမစ်ပေးတဲ့ Date နဲ့ပဲ ဆုံးဖြတ်ခဲ့တာ။ ဒီနှစ်ကျတော့မှ့ Showroom ကွန်ဆိုင်းမန့်က မနှစ်ကထဲ အကျုံးမ၀င်ဘူးတွေ ဖြစ်သွားတယ်။ ဒါက မဖြစ်သင့်ဘူး။ ကျွန်တော်တို့မှားရင် အရေးယူ။ Showroom သမားတွေ အတွက် သီးသန့်ကန့်သတ်သလို ဖြစ်သွားလို့ ဒါကိုတင်ပြ ပြီး တောင်းခဲ့တာပါ။ လျှော့ပေါ့ဖြေလျော့လိုက်တာမှာ အဓိက မီးသတ်ကားတို့၊ လူနာတင်ယာဉ်တို့၊ နိဗ္ဗာန်ယာဉ် တွေအတွက် စဉ်းစားရင်းမှ ကြီးကော်က ဘယ်လို ပုံစံချထားလဲဆိုပြီး ပြန်လုပ်တာမျိုးပါ။ အဲ့ဒီလိုပြောင်းလဲ လိုက်လို့ မထိခိုက်ဘူးလားဆိုတော့ အထိအခိုက်တော့ရှိ တယ်။ ကြိုတင်စီစဉ်ထားတဲ့ Plan တွေက အကုန်ပျက်သွား တော့ တချို့ကလည်းကျေနပ်သလို၊ တချို့ကလည်း မကျေ နပ်ကြဘူး။ ကျေနပ်တဲ့ လူနဲ့ မကျေနပ်တဲ့လူတွေကြားမှာ လွန်ဆွဲသလိုဖြစ်သွားတာပေါ့။

မေး  - ပထမ က.ည.န က မူဝါဒကထုတ်ပြန်ပြီး နောက်ပိုင်း တချို့က ကြိုတင်ပြင်ဆင်ခဲ့တယ်။ ပါမစ်တွေ ကြိုလျှောက်တာမျိုးရှိခဲ့တယ်။ အဲ့ဒီမှာ တစ်ခါမူဝါဒပြန်ပြင် ထုတ်တော့ ထိခိုက်နစ်နာမှုတွေရှိခဲ့ပါလား။

ဖြေ  - ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ အရောင်းစင်တာတွေပဲ နစ်နာသွားတယ်။ တစ်ဦးချင်း ပါမစ်လျှောက်ထားတဲ့သူတွေက (၂၀၁၀ ကနေ ၂၀၁၃ အထိ) သွင်းထားတာ ကြိုလျှောက်ကြတာပေါ့။ အရေအတွက် လည်း တအားများပါတယ်။ ဒေါ်လာဈေးလည်း တက်သွား တယ်။ အခု အဲ့ဒီကားသွင်းပြီးပြန် ရောင်းရင် အကျိုးအမြတ် ရမှာပဲ။ အမြတ်ကိုမျှော်မှန်းပြီး လုပ်ထားတာဖြစ်တဲ့အတွက် အမြတ်နည်းသွားတာပဲရှိမယ်။ ဆုံးရှုံးမှု တအားမများဘူး။ အဓိကသူတို့မှာ နစ်နာမှုတစ်ခုက ထည့်ထားရတဲ့ပိုက်ဆံ။ အဲ့ဒီတုန်းက တစ်ဒေါ်လာကို (၁၃၀၅၊ ၁၃၁၅) ကျပ်လည်းရှိ တယ်။ အမျိုးမျိုးပေါ့။ အခုချိန်မှာ (၁၂၉၂) ကျပ်နဲ့တွက်ရင် အဲ့ဒီပိုက်ဆံတွေ နိုင်ငံခြားရောက်သွား ရင် (၁၃၀၀) ကျော် တန်သေးတယ်။ အဲ့ဒီတော့ ပါစင်နယ်လျှောက်ခဲ့တဲ့ သူတွေ က အမြတ်တအားကြီးမများ တောင်ဆုံးရှုံးမှုမရှိဘူး။ အမြတ် နည်းတာပဲရှိမယ်။ ကျွန်တော်တို့က  အဓိက ကားပါကင် ပြဿနာနစ်နာမှုရှိမယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကွန်ဆိုင်းမန့်မှာ နစ်နာသွားတာက ဒီဇင်ဘာ (၃၀၊ ၃၁)မှာ Showroom ကွန်ဆိုင်းမန့်တွေ စလစ်ကပ်ရမယ်ဆိုတော့ အရောင်းလျှောက်ရတယ်။ ပါကင်ဝယ်ပြီး လျှောက်ရတယ်။ အဲ့ဒီမှာ ပါကင်ဖိုးပါသွားပြီ။ (၂၅၊ ၃၀)လောက် ရောင်းထား ပြီးရင် ကျန်တာ ရန်ကုန်နဲ့ကပ်လိုက်တာပဲ။ အဲ့ဒီတော့ ရောင်းရတာ လူရွေးသွားတယ်။ ရန်ကုန်လိပ်စာကြိုက်လား မေးရတယ်။ ကျန်တာကတော့ စလစ်ကို ၀ယ်ပြီးလျှောက်တာ ထူးပြီး မနစ်နာဘူး။ မြတ်လား၊ မမြတ်လား CIF ထွက်လာ မှ ဆုံးဖြတ်လို့ရမှာ။ CIF အပေါ်မူတည်နေတယ်။ ဈေး ကွက်က ပြောင်းနိုင်တယ်။ နောက်နှစ်မှာ ကားအသစ်စီးချင် ရင် (2000CC) နဲ့ (1800CC) မှာ အရမ်းနည်းနိုင်တယ်။

မေး  - မူဝါဒအချိန်းအပြောင်းမှာ ကားဈေးလှုပ်ပြီး မြင့်တက်ခဲ့တယ်။ ခုချိန်မှာအရင်ဈေးကို ပြန်မရောက်သေး တာတွေရှိတော့ အဲ့ဒီအချက်အပေါ်မှာရော။

ဖြေ  - ပြောကြတယ်။ ကားဈေးကျတယ်။ အရင် ဈေးပြန်မရောက်သေးဘူးပေါ့။ အဲ့ဒါလက်မခံဘူး။ အမှန်က အရင်ဈေးကိုပြန်ရောက်သွားတာ။ စလစ်ကားက စလစ်ဈေး အတက်အကျပေါ်မူတည်တယ်။ Free Permit မှာ ဆိုရင် ဥပမာ (1.3) Honda Fit က ရန်ကုန်လိုင်စင်၊ နယ်လိုင်စင်မှာ လည်း ဈေးကွာတယ်။ နောက်ပြီး Grade ပေါ်မူတည်တယ်။ Fit (2010) ကို မှန်ဖြူ နယ်လိုင်စင်နာမည်ပေါက် ရောင်းရင် (၁၀၅) သိန်း၊ ရန်ကုန် လိုင်စင်နဲ့ဆိုရင် (၁၁၅) သိန်း။ မှန် မည်းဆိုရင် ရန်ကုန်လိုင်စင်က ဟိုးအရင်ကတည်းက (၁၂၅) ရောင်းတယ်။ အဲ့ဒီတော့ မှန်ဖြူနဲ့ မှန်မည်းမှာ (၁၀) သိန်း ကွာတယ်။ ရန်ကုန်ပါကင်အခြေအနေ၊ ဒေါ်လာအခြေအနေ အဲ့ဒါတွေ ထည့်တွက်ရမယ်။ ဆိုတော့ အကုန်လုံးခြုံကြည့် လို့မရ ဘူး။ ပြောရရင်အခုတက်သွားတဲ့ ဈေးက ပြန်ကျတာ (၁၀) သိန်းကျန်ခဲ့မှာပဲ။ ဘာကြောင့်လဲ ပါကင်က (၁၃၊ ၁၄) သိန်းနဲ့ ကပ်ထားခဲ့ကြရတာ။ နောက်ဒေါ်လာတက်တာ။ အဲ့ဒီ Fit လိုကားဆိုရင် တစ်စီးကို သုံးသိန်းလောက် သက် ရောက်တယ်။ အဲ့ဒီနှစ်ခုပေါင်းလိုက်ရင် ဈေးပြန်ကျတဲ့အခါ (၁၀) သိန်းတော့ကျန်ခဲ့မှာပဲ။ ကုန်ကျစရိတ်တွေ ပိုများ သွားတာ။

မေး  - လက်ရှိအချိန်မှာရော ကားဈေးကွက်ကဘယ်လို ရှိနေလဲ။

ဖြေ  - ပုံမှန်းတန်းထက်တော့ နည်းနည်းလေးနေသလို ပဲ။ ဟိုးအရင်ထက်စာရင် နည်းနည်းအေးနေတယ်။ ပြန် စောင့်ကြည့်နေတဲ့ အနေအထားလောက်ပဲ။ သတင်းတွေ၊ ဂျာနယ်တွေမှာရေးနေသလို ကားဈေးကွက်ကြီး ပြန်လည် ကျဆင်းသွားပြီဆိုပေမယ့် လူတွေက စောင့်ကြည့်တဲ့အကျင့် ရှိတာကိုး။ အနည်းအကျဉ်းတော့ ကားဈေးက ဒီထက် ထပ် ဆင်းဖို့မရှိဘူး။ ဒီဈေးတန်းကတော့ လူတိုင်းလက်ခံရမယ့် ဈေးတန်းလို့ ကျွန်တော်ထင်တယ်။ ပါကင်ကိစ္စ  ပျက် ^မပျက် ကတော့ စောင့်ကြည့်ရမယ်။ ပါကင်ကိုတော့ ဖျက်စေချင် တယ်။ ဖျက်စေချင်တယ်ဆိုတာထက် တစ်ခုထိရောက်တဲ့ နည်းလမ်းသုံးနိုင်ရင် ပိုအဆင်ပြေမယ်။ လူတွေက ၀ယ် ကပ်တာပဲ များနေတယ်။ နာမည်ပေါက်ပဲ မဟုတ်ဘူး။ အဲ့ဒီ တော့ ပိုပြီးအဆင်ပြေတဲ့နည်းလမ်းကိုသုံး နိုင်ရင်အဆင်ပြေ မယ်။ (၂၀၁၆) မှာ Showroom သမားတွေအခြေအနေ ကောင်းနိုင်ပါတယ်။ ပထမတော့ အခြေအနေမကောင်းဘူး။ ကားရောင်းရင် (၂၀၀၆) လည်းဖြစ်တယ်။ Free Permit လည်းမရှိတော့ဘူးဆို ပြီးဖြစ်နေတာ။ အခုကျတော့ Free Permit ပြန်ရောင်းလို့ရပြီဆိုတော့ နည်းနည်းရပ်တည်လို့ ရသွားမှာပါ။

မေး  - မူဝါဒ တည်တည်ငြိမ်ငြိမ်လေးနဲ့သွားဖို့ ဘာ တွေ လိုအပ်မယ်လို့ထင်မြင်ယူဆပါလဲ။

ဖြေ  - အဓိက ညှိညှိနှိုင်းနှိုင်းလုပ်ရမယ်။ မော်တော် ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီဆိုတာ ရှိပြီးသား။ သူက Showroom တွေကို ထိန်းကျောင်းနေတာ။ သူချမယ့် Plan တွေကိုပြောတယ်။ တစ်ယောက်နဲ့ တစ်ယောက် က အပေးအယူနဲ့ သုံးလေးနှစ်လုပ်လာခဲ့ပြီး ဒီနှစ်မှာ က.ည.န က ကိုင်မယ်ဆိုတော့ ဘယ်လိုဖြစ်လာလဲဆိုရင် ကိုယ်အုပ် ချုပ်ရမယ့်သူတွေကို ခေါ်တွေ့ရမယ်။ ဒီလိုလုပ်မယ့် Plan ရှိတယ်။ ဒီလမ်းကြောင်းလျှောက်နေတယ်။ ဒါတွေ လိုအပ် တယ်။ အဲ့လိုတွေပြောရင် ကြိုတင်စီစဉ်လို့ရတယ်။ အခုက သီးသန့်ကြီးဖြစ်တဲ့အတွက် ပြဿနာဖြစ်သွားတာ။ အဓိက ပုံမှန်အတိုင်းသွားပြီးတော့ မော်ဒယ်သုံးနှစ် ခုန်မယ် သတ် မှတ်ပြီးသား။ ဒါကိုလည်း ကျွန်တော်တို့ ကြိုတင်ပြင်ဆင် ထားတယ်။ အခုက ဒီနှစ်ထဲမှာ Model Year ခုန်တာ ပြဿနာမတက်ဘဲနဲ့ ဘာမဟုတ်တဲ့ ပြဿနာလေးကနေ တောင်းဆိုတဲ့အထိဖြစ်သွားတာ။ မူမှာ ကမောက်ကမ မဖြစ် ဘူး။ ဖြစ်သွားတာက အပြောင်းအလဲကြောင့် နားလည်မှုလွဲ တာ။ တစ်ခုနဲ့တစ်ခု ညှိနှိုင်းပေါင်းစပ်မှုမရှိဘဲ အပြောင်း အလဲလုပ်တဲ့အခါ မဖြစ်သင့်တဲ့ပြဿနာ တွေဖြစ်သွားတာ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအရ အတင်းကြီးလုပ်လို့မရဘူး။

မေး  - ကားဝယ်ရမလား၊  မ၀ယ်ရဘူးလားဆိုပြီး စောင့်ကြည့်နေတဲ့ Customer တွေအတွက် စကားလက်ဆောင်။

ဖြေ  - အဓိကçက ဒီအချိန်က တော်တော်လေး တည်ငြိမ်သွားပါပြီ။ ကိုယ်လိုချင်တာ (၂၀၀၃၊ ၂၀၀၄) မော်ဒယ်ဆိုရင် ဒီအချိန်က၀ယ်သင့်ပါ ပြီ။ Free Permit  ကလည်း ဈေးတန်းတည်ငြိမ်သွားပြီ။ CIF ထွက်လာရင် တော့ တစ်ချက်စောင့်ကြည့်ရမယ်။  (၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈) ၀ယ်မယ်ဆိုရင် ခဏလေးတော့စောင့်ပြီး CIF တန်ဖိုး ထွက်ပြီးမှ ၀ယ်ရင်ကောင်းမယ်။ အကြမ်းဖျင်းပြောရရင် ထင်တာတော့ သိန်း (၁၀၀) နဲ့ (၂၀၀၊ ၂၅၀) ကြားတွေက ၀ယ်သင့်ပြီလို့ထင်တယ်။

မေး  - ဆက်သွယ်ရမယ့် လိပ်စာက

ဖြေ  - အမှတ် (၁)၊ ဗဟိုလမ်း၊ ဘူတာရုံလမ်းနှင့် ပါရမီလမ်းကြား၊ လှိုင်မြို့ နယ်။

ဖုန်း - ၀၉ ၇၃၇၃၈၅၈၅၊ ၀၉ ၇၉၇၉၈၅၈၅၉ ကို ဆက်သွယ်နိုင်ပါတယ်။

ဟုတ်ကဲ့ပါ။ ဖြေကြားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်

Share this article:
ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။