BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

Golden Chance Service Co.,Ltd. မှဒါရိုက်တာ ဦးသိန်းသန်းနှင့်အမေးအဖြေ

မေး -  Golden Chance Service  ကုမ္ပဏီကို ဘယ်အချိန်တည်း ကစဖွင့်တာပါလဲ။ ရောင်းချနေတဲ့ ကား အမျိုးအစားတွေကို မိတ်ဆက်ပေးပါဦး။

ဖြေ - Golden Chance ကို (၂၀၁၂) က စဖွင့်တာ ပါ။ ကားတွေကတော့ ဆလွန်းတွေရော၊ ကားကြီးထဲမှာ ဆိုရင် ဒိုင်နာ၊ ကန်တာတွေလို လုပ်ငန်းသုံးကားတွေ သွင်း ပေးတယ်။ ဂျပန်ကားအမှတ်တံဆိပ်တွေချည်းပါပဲ။ Mitsu-bishi, Isuzu, ဒိုင်နာတွေ၊ ကန်တာတွေသွင်းပြီး ရောင်း ပေးတယ်။ အဓိက လုပ်ငန်းသုံး ထရပ်တွေ ရောင်းတာပါ။ တန်အားဖြင့် နှစ်တန်၊ သုံးတန်ကားတွေပေါ့။ ခြောက်ဘီး ကားတွေ။ အလတ်စား လုပ်ငန်းသုံးတွေအတွက်ပါ။

မေး - လုပ်ငန်းသုံးကားတွေ အဓိကထား ရောင်း တော့ လက်ရှိဈေးကွက် အခြေအနေက ဘယ်လိုရှိမလဲ။

ဖြေ - ပုံမှန်ပဲရောင်းနေရတယ်။ တအားကြီးတော့ တွင်တွင်ကျယ်ကျယ် မရှိသေးဘူး။ ဒီကားတွေ မရှိမဖြစ် လိုအပ်နေတုန်းပဲ။ အေးသွားတယ်ဆိုတာက လုပ်ငန်းရှင် ဘက်က အနေအထားနဲ့လည်းဆိုင်တယ်။  ခိုင်းကား ဆို တော့ လိုအပ်မှပဲ ၀ယ်ကြတာ။ နယ်ဝယ်လက်ပဲ များတယ်။ မန္တလေး၊ တောင်ကြီး၊ မိတ္ထီလာတို့ဘက်က အ၀ယ်များ တယ်။ သြထ ပါတဲ့ ထရပ်က ရန်ကုန်ဈေးကွက်ကကြိုက်တယ်။

မေး - ဂျပန်လုပ်ငန်းသုံး  Used ကားတွေထဲမှာ ဈေးကွက်ကို ဦးဆောင်တာက။

ဖြေ - Mitsubishi ကတော့ နံပါတ်တစ်ပဲ။ ဈေး ကွက်ထဲမှာ အရောင်းရဆုံးပဲ။ ဖိုက်ဝမ်းအင်ဂျင်ကို တအား ကြိုက်တယ်။ အဲ့ဒီအင်ဂျင်က အကြိုက်များတယ်။ (၂၀၀၀) မော်ဒယ်ကစပြီး ဖိုက်ဝမ်းအင်ဂျင်နဲ့လာတာ။ (၂၀၀၄) မော်ဒယ် က အမေးအများဆုံးပဲ။ ကန်တာ ကတော့ စင်ပေါ်မှာပဲ။ ဒိုင်နာနဲ့ (၁၀) သိန်း၊ (၁၅) သိန်း ဈေးကွာတယ်။ ဒီတံဆိပ် က လူကြိုက်များတယ်။ အခု ဒီနှစ်ဆိုရင် သွင်းလို့ မရတော့ ဘူး။

မေး - (၂၀၁၆) ခုနှစ်မှာ မော်ဒယ်အချိုးအပြောင်း တွေလုပ်တဲ့အတွက် သွင်းလို့မရတော့တဲ့ ကားတွေရှိတဲ့ အခါ ပြောင်းလဲသွားတာမျိုးရှိလား။

ဖြေ - ပြောင်းသွားတယ်။ မနှစ်ကဆိုရင် (၂၀၀၃) ကနေ (၂၀၀၄၊ ၂၀၀၅) အထိ  စလစ်ကပ်။ (၂၀၀၅) ကနေ (၂၀၁၀) အထိ Free Permit စလစ်ကပ်ကို ၀ယ်ကြတာများ တယ်။ ဖိုက်ဝမ်း အင်ဂျင်ကြိုက်ကြလို့။ ဒီနှစ်မှာ မော်ဒယ်မြင့် သွားတော့ ပုံပြောင်းကားတွေ သိပ်မကြိုက်ကြဘူး။ အင်ဂျင် ကို သိပ်မကြိုက်ကြတာ။ ပုံဟောင်းကို ပိုကြိုက်ကြတယ်။ ဒီနှစ်ကျတော့ (၂၀၀၆) ကနေစပြီး သွင်းရတော့ ပုံပြောင်း သွားတာ။ ပုံဟောင်းနဲ့ ပုံသစ်မှာ အင်ဂျင် ကွာသွားတယ်။ အင်ဂျင်တွေက EFI နဲ့လာတာ။ ပုံဟောင်းမှာက ရိုးရိုးအင်ဂျင်။ ပြီးတော့ ဒီမှာက EFI ကို သိပ်မနိုင်ကြသေးဘူး။ သူက ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်တာ။ လုပ်ငန်းသုံးတွေက နယ်က အ၀ယ်များတယ်။ ၀ပ်ရှော့ပ်ကောင်းကောင်းတွေ ကျတော့ နယ်ဘက်မှာ သိပ်မရှိသေးဘူး။ EFI အင်ဂျင်ကို ကောင်းကောင်း မနိုင်သေးဘူး။ ပျက်သွားရင် ပြင်တဲ့လူ    မနိုင်တာပေါ့။

မေး - လက်ရှိ မြန်မာပြည်ဈေးကွက်အနေအထားက အိမ်စီးအတွက်ပဲဖြစ်ဖြစ်၊ လုပ်ငန်းသုံး အတွက်ပဲဖြစ်ဖြစ် ဂျပန် Used ကားတွေပဲ အသုံးများပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာ လုပ်ငန်းသုံးကားတွေကို ဘယ်မောင်းပဲ သွင်းရမယ့် အလားအလာတွေရှိနေပါတယ်။ အခု သုံးနေ တာက ညာမောင်းများတော့ အမြင်လေးပြောပြပါဦး။

ဖြေ - မြန်မာနိုင်ငံက အစွဲရှိတယ်။ ဂျပန်ကားမှ ဂျပန်ကား။ အယူအဆပေါ့။ ဘယ်မောင်း၊ ညာမောင်း ကျွန်တော်မပြောလိုဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ဂျပန်ကားပဲ ကြိုက်ကြတယ်။ ဘာလို့လဲဆိုတော့ ဂျပန် Used  ကားက တကယ်သုံးဦးတော့ ငါးနှစ်လောက်လှည့် မကြည့်ရဘူး။ Used ကားကိုမှ တကယ်အကြမ်းသုံးနိုင် တာ။ အကြမ်းတကယ်ခံနိုင်တာ။ ဖွဲ့စည်းပုံခြင်းလည်း ကွာတယ်။ Used ကားလို့သာ ပြောတာ ဂျပန်ကားဆိုရင် Connection က အများကြီးကျန်သေးတယ်။ ဂျပန် မဟုတ်တဲ့ တခြား အမှတ်တံဆိပ် Brand New နဲ့ ဂျပန် Used ကားယှဉ်သုံးကြည့်။ ကွာတယ်။ Used ကားဖြစ် သည်တိုင်  လုံးဝအသုံးခံနိုင်တယ်။ ကောင်းကိုကောင်းတာ။ ဒါကြောင့်လည်း ဒီမှာဈေးကွက်ထဲ လက်ခံနေတာပေါ့။ တကယ်တမ်း အသုံးမခံရင် ဘယ်သူမှ သုံးမှာမဟုတ်ဘူး။ ဒီမှာသုံးတဲ့ဈေးကွက်ကို ကြည့်ရင် လက်ခံလို့ပေါ့။ အဖြေ က ဒါပါပဲ။

မေး - ဒီနှစ်အတွက် ဈေးနှုန်းအပြောင်းအလဲက ရှိ နိုင်မလား။ ပုံ ဟောင်းပဲကြိုက်ကြတာများတော့ လက်ကျန် ကားတွေ ဈေးခေါ်ရောင်းနိုင်လား။  ဈေးကွက်အနေ အထားက။

ဖြေ - ထရပ်ကားက ဈေးနှုန်း အပြောင်းအလဲ မရှိပါဘူး။ လက်ကျန် ကားတွေကလည်း ဈေးတအားကြီး ခေါ်ရောင်းလို့မရဘူး။ ကားကြီးဖြစ်တဲ့အတွက် ပုံမှန်အနေ အထားနဲ့ပဲ ရောင်းရတာ။ (၂၀၁၅) လက်ကျန်လျှောက် ထားတဲ့ ပါမစ်နဲ့ပဲ သွင်းနေတာများတယ်။ အခု (၂၀၁၆) ထဲမှာတော့ လေလံမှာ သိပ်မဆွဲရဲကြသေးဘူး။ ဘာမှကို မလုပ်ရသေးဘူး။ ကိုက် မကိုက် စောင့်ကြည့်နေကြတာ။ မနှစ်ကထက်စာရင် ဒီနှစ်မှာ ထရပ်တွေကလည်း ရောင်း အားမကောင်းဘူး။ ဒီနှစ်က (၂၀၁၅) ကို မမီသေးဘူး။ ဘယ်လိုပြောရမလဲ မသိဘူး။  အရောင်းအ၀ယ် မှန်းလို့ကို မရဘူး။ ဈေးဦးမပေါက်ရင်လည်း မပေါက်ဘူး။ အရင်က ဆိုရင် တစ်လပုံမှန်အစီး (၂၀၊ ၂၅) စီးရောင်းရတာ။ ဒီ တစ်လ နှစ်လအတွင်းရောင်းအား တော်တော်ကျသွား တယ်။ ၀ယ်သူ မလာဘူးတော့ မဟုတ်ဘူး။ လာကြည့်တယ်။ လေ့လာတယ်။ ဒါပေမယ့် မ၀ယ်ဘူး။ လောလောဆယ် ဘာမှမှန်းလို့မရဘူး ဖြစ်နေတယ်။

မေး - တချို့နယ်ကလူတွေက လုပ်ငန်းသုံးကား ၀ယ်ချင်ရင် ကားအကြောင်းအရာ မသိကြတာတွေရှိတော့ ပေးချင်တဲ့ Message လေး။

ဖြေ - ကျွန်တော်တို့ကတော့ သေချာရှင်းပြပေး ပါတယ်။ ၀ယ်သူက ဘယ်လိုကားမျိုးကို သုံးချင်တာလဲ။ ၀ိတ်ဘယ်လောက်တင်ချင်တာလဲ။ ငါးတန်လောက်တင်ချင် ရင် နှစ်တန်ကားကိုယူ။ နှစ်တန်လောက်ပဲ ၀ိတ်တင်ရင် တစ်တန်ခွဲကားကိုယူ။ တချို့ကလဲနားမလည်ဘူး။ အဲ့လိုဆို ရင် ရှင်းပြပေးတယ်။ တချို့ကျတော့ သိတယ်။ လာဝယ် ကတည်းက (၂) တန်ကားပဲ လိုချင်တာမျိုး။ Box ဆိုရင် လည်း Box ပက်လက်ဆိုရင်လည်း ပက်လက်။ အင်ဂျင်က ဘယ်လောက်ရှိတယ်။ ကန်တာဆို အင်ဂျင်ပါဝါ (၄၀၀၀) ထဲကရှိတယ်။ မေးတာတွေ ရှင်းပြပေးတယ်။ တချို့ကျတော့ ငွေ အမောင့်မနိုင်တာရှိတယ်။ ပိုက်ဆံသုံးနိုင်တာကျတော့ ကောင်းတာ သုံးချင်တယ်။ တချို့ကမနိုင်တော့ ဈေးနည်း တာရွေးပြီးဝယ်ကြတယ်။ အဲ့ဒီအပေါ်မှာ အဆင်ပြေအောင် ရောင်းပေးရတာပေါ့။ အုံနာဘုတ်ထွက်တဲ့အထိ အပြီးအစီး ၀န်ဆောင်မှုပေးနေပါတယ်။

ဆက်သွယ်ရမယ့် လိပ်စာက

အမှတ် (၂ခ  / ၁၉)၊ ဦးဝိစာရလမ်းနှင့်

ဓမ္မာရုံလမ်းထောင့်၊ မြေနီကုန်း တောင်ရပ်ကွက်၊

စမ်းချောင်းမြို့နယ်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။