BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ရန်ကုန် အိမ်ခြံမြေဈေးကွက် လုံးချင်းနေအိမ် ငှားရမ်းမှု ယခင်နှစ်ထက် (၁၀) ရာခိုင်နှုန်းကျော် ဈေးနှုန်းကျဆင်း

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက် အတွင်း လုံးချင်းနေအိမ် ငှားရမ်းမှု နှုန်းထား ယခင်နှစ်ထက် (၁၀) ရာခိုင် နှုန်းကျော် ကျဆင်းလာကြောင်း သိရ သည်။ လက်ရှိအိမ်ခြံမြေဈေးကွက်၏ အရောင်းအ၀ယ်နှင့် အငှားဈေးကွက် မှာ အေးစက်လျက်ရှိနေပြီး လုံးချင်း နေအိမ်ငှားရမ်းမှုနှုန်းထားသာမက တိုက်ခန်း၊ ကွန်ဒိုငှားရမ်းမှုနှုန်းထား များမှာလည်း ကျဆင်းလာကြောင်း သိရှိရသည်။

လုံးချင်းနေအိမ် ငှားရမ်းခ ကျ ဆင်းလာရခြင်းမှာ နေအိမ်၊ ခြံဝင်း ငှားရမ်းနေထိုင်သူ လျော့နည်းလာခြင်း ကြောင့်ဖြစ်ပြီး လက်ရှိအငှားဈေးကွက် တွင် နေအိမ်၊ ခြံဝင်းထက် ကွန်ဒို၊ တိုက် ခန်းများမှာ   အငှားသွက်လျက်ရှိ ကြောင်း သိရသည်။  ရန်ကုန်မြို့ အတွင်းရှိ တိုက်ခန်းများ ငှားရမ်းရာ တွင် (၁၅ x ၆၀) ပေ အခန်းများသည် စိတ်ဝင်စားမှု အများဆုံးဖြစ်ပြီး ငှား ရမ်းခမှာ နေရာအလိုက် ကျပ်တစ်သိန်း၊ တစ်သိန်းခွဲနှင့်   နှစ်သိန်းအထိရှိ ကြောင်းသိရှိရသည်။

ယင်းအပြင် လုံးချင်းနေအိမ်၊ တိုက်ခန်းအရောင်းအ၀ယ် အေးစက် နေခြင်းကြောင့် ဈေးနှုန်းလျှော့ရောင်း ချမှုများ  ပြုလုပ်လျက်ရှိသော်လည်း ကျပ်သိန်း (၁၀၀၀) အောက် အိမ်ခြံ မြေတိုက်ခန်းများသာ အရောင်းအ၀ယ် ဖြစ်လျက်ရှိပြီး  ကျပ်သိန်း (၃၀၀၀) အထက် အိမ်ခြံမြေတိုက်ခန်း အရောင်း အ၀ယ်မှာ မရှိသလောက် နည်းပါး ကြောင်းသိရှိရသည်။        

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။