BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မြန်မာနှင့်ချိတ်ဆက်မည့် ရထားလမ်းကွန်ရက်အတွက် ဘင်္ဂလားဒေ့ရှ် အတည်ပြုပြီး ADB ချေးငွေဒေါ်လာ နှစ်ဘီလျံကျော် ရယူမည်

မြန်မာနိုင်ငံနှင့် ချိတ်ဆက်မည့် ရထားလမ်းကွန်ရက် အကောင် အ ထည်ဖော်ရန် အတည်ပြုလိုက်ပြီး ၎င်းင်းအတွက် အာရှဖွံ့ဖြိုးမှု ဘဏ် (ADB) က ဒေါ်လာ (၂.၃) ဘီလျံ ချေးငွေ  ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနှင့်  ချိတ်ဆက်မည့် ရထားလမ်းပိုင်းကို အတည်ပြုခဲ့ခြင်း မှာ Trans-Asian Railway Network ဟုခေါ်သော အာရှဖြတ်ကျော်ရထား လမ်းကွန်ရက်ကြီးတစ်ခု (၂၁) ရာစု အတွင်း ထင်ထင်ရှားရှား အကောင် အထည် ပေါ်လာစေလိုခြင်း  ဖြစ် ကြောင်း သိရှိရသည်။

ယင်းတို့ တည်ဆောက်မည့် ရထားလမ်းကွန်ရက်မှာ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနယ်စပ် ထိစပ်သော Ghumdhum Border မှတစ်ဆင့် ကော့ဘတားသို့ဖြစ်ပြီး ၎င်းင်းတို့ ဘက် အခြမ်းပြီးစီးပါက မြန်မာဘက်ခြမ်း တွင်သာ မြန်မာအစိုးရ ဆက် လက် ဖော်ဆောင်ရန် ဖြစ်ကြောင်း သိရ သည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ်စသည့် ချိတ်ဆက် ကွန်ရက်သာ အကောင်အထည်ပေါ် လာခဲ့ပါက Trans-Asian Railway Network မှာ ပြီးပြည့်စုံသွားမည်ဖြစ် ပြီး အာရှဒေသတွင်း နိုင်ငံအချင်းချင်း ရထားဖြင့် ကူးလူးသွားလာနိုင်မည်ဟု ဒေသတွင်းခေါင်းဆောင်များ၏ မဟာ ဗျူဟာစီမံချက်များအရ သိရသည်။

အဆိုပါ စီမံကိန်းသည် မြန်မာ နိုင်ငံ အနောက်ဘက် အကျဆုံးနှင့် အားလုံး၏ အဓိကအကျဆုံးနေရာတွင် ရှိနေပြီး ယင်းကဲ့သို့ နောက်ကျခဲ့ခြင်း က ရွေးချယ်စရာ အခွင့်အလမ်း    အ ကျိုးကျေးဇူးများစွာကို  ဖော်ဆောင် တတ်ပါက  ရရှိမည်ဟု စီးပွားရေး အသိုက်အ၀န်းအချို့က  ပြောသည်။ မြေပြင်အခြေအနေ ရထားလမ်းကွန် ရက်များအရတွင်မူ မြန်မာ့ရထားလမ်း များ၏ လမ်းအကျယ်က နိုင်ငံတကာ နှင့် ချိတ်ဆက်ရန် အခက်အခဲများရှိ နေဆဲပင်ဖြစ်ပြီး လက်ရှိ လမ်းဟောင်း များကို မသုံးဘဲ  Trans-Asian Railway Network အတွက် လမ်း သစ် ဖောက်လုပ်မှသာလျှင် ဖြစ်နိုင် ကြောင်း သိရှိရသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။