BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ကျေးဇူးရှင် Car Sales Centre မှ မန်နေဂျင်းဒါရိုက်တာ ကိုသက်ပိုင်ဌေးနှင့် အမေးအဖြေ

မေး - ကျေးဇူးရှင်ကား Sales Centre ကို စပြီး ဖွင့်ခဲ့တဲ့အချိန် တင်သွင်းရောင်းချနေတဲ့ ၀န်ဆောင်မှုပုံစံကို အရင်ဆုံးမိတ်ဆက်ပေးပါဦး။

ဖြေ - ကျေးဇူးရှင်ကား Sales Centre ကို ကားတင် သွင်းခွင့်မူဝါဒ စတင်တဲ့အချိန်ကတည်းက စဖွင့်ခဲ့တော့ လေးနှစ်ဝန်းကျင်ရှိပြီ။ ကားလေးတွေ တောက်လျှောက် တင်သွင်းရောင်းချခဲ့တယ်။ (၂၀၁၅) မှာ ထရပ်ကားကြီးတွေ စပြီးသွင်းတယ်။ ကျွန်တော်တို့ဆီမှာ ကားကြီးရော၊ ကား လေးရော  အကုန်လုံးတစ်နေရာထဲမှာ ၀ယ်လို့ရအောင် ရောင်းချပေးနေပါတယ်။ Brand ကျတော့ ဂျပန်အမှတ် တံဆိပ်ကို အဓိကထားပြီးရောင်းချပေးတယ်။ တခြား Brand ကျတော့ မှာချင်ရင်မှာပေးတယ်။ ဂျပန်ကားကျတော့ ဟိုဘက် မှာ ကျွန်တော်တို့က သေချာစစ်ပေးတယ်။ အမေရိကန် ကားကျတော့ Customer  က ကိုယ့်ဟာကိုယ်ကြည့်၊ စိတ် ကြိုက်ဝယ်ပေါ့နော်။ ဂျပန်ကားကျတော့ Specialist အနေနဲ့ လုပ်ပေးတယ်။

မေး - (၂၀၁၅) အကုန် (၂၀၁၆) အကူးမှာ မူဝါဒ အပြောင်းအလဲတွေရှိခဲ့တော့ ကားအရောင်းအ၀ယ် အေး သွားတယ်။ (၂၀၁၆) ထဲမှာ ဒီသင်္ကြန်ပြီးကာလအခြေအနေ က ဘယ်လိုရှိမလဲ။ ရန်ကုန်လိုင်စင်နဲ့ ကားသွင်းတာအတွက် ကားပါကင် ထောက်ခံချက် ချမပေးတော့တာလည်းရှိတော့ လက်ရှိအခြေအနေက။

ဖြေ - ကျွန်တော်တို့ အရောင်းစင်တာတွေအနေနဲ့ သင်္ကြန်မတိုင်ခင်တုန်းက ကားတွေရောင်းလိုက်တာရှိတယ်။ ရောင်းလိုက်တဲ့ကားတွေက နှစ်ပတ်အတွင်းရမယ်လို့ Customer တွေကို ပြောထားတယ်။ ကျွန်တော်တို့ အရောင်းစင် တာတွေအနေနဲ့ ကားပါကင်လိုတယ်။ ကားပါကင်ကို ရုံးပိုင်း ဆိုင်ရာအနေနဲ့ မချပေးတော့ဘူး။ အဲ့ဒီမှာ Customer တွေနဲ့ အရောင်းစင်တာတွေကြားမှာ ပြဿနာတွေဖြစ်လာ တယ်။ ခုချိန်ထိ ကျွန်တော်တို့ ကားပါကင်ကို လျှောက်လို့ မရသေးဘူး။ အဲ့ဒီတော့ ခုကြားရသလောက်က မြို့နယ်နဲ့ ခရိုင်တွေမှာ အရောင်းစင်တာတွေကတစ်ဆင့် လျှောက်ရ မယ်ပေါ့။ ကြားတာက Custom Statement နဲ့ Import  လိုင်စင်ရယ်၊ BL နဲ့တွဲပြီး လျှောက်ရမယ်။ ဒုတိယအချက် အနေနဲ့ ဒီလိုမျိုးမလျှောက်ဘဲ သက်ဆိုင်ရာ စာရွက်စာတမ်း တွေနဲ့ ငွေသွင်းတဲ့ပုံစံ။ ဘာကြောင့်လဲဆို တော့ (၂၀၁၄) တုန်းက ကားပါကင် မရှိခင်ကာလမှာ Showroom တွေ၊ Sales Centre တွေဆီမှာ လာဝယ်ရင် မှတ်ပုံတင်၊ သန်းခေါင် စာရင်းနဲ့ပဲ လာဝယ်တာ။ နေပြည်တော်မှာ ပါမစ်လျှောက်။ Customer ၀ယ်တဲ့ကားမှာ ကပ်ပြီးရောင်း။ (၂၀၁၅) မှာ ကျတော့ ကားပါကင်စနစ် ပေါ်လာတော့ Customer တွေ အနေနဲ့ ပါကင်ထောက်ခံချက်ကို ပေါက်ဈေးတစ်ခု အနေနဲ့ ၀ယ်ရတော့ နစ်နာမှုတွေဖြစ်လာတယ်။ ကားအပေါ်မှာလည်း တန်ဖိုးမြင့်သွားတယ်။ Allion တို့၊ Premio တို့လိုဆိုရင် (၂၄၀)ပေါက်ရင် နောက်ထပ်ငါးသိန်းနဲ့ ရှစ်သိန်း ထပ်ထည့် ရတယ်။ ဒါက ကားပါကင်အတွက် သီးသန့်။ ဆိုတော့ ဈေးထပ်တက်သလို ဖြစ်သွားတယ်။  အခု လောလောဆယ် မှာ ကြားထားတာကတော့ ကားပါကင်ထောက်ခံချက်တွေ က ခုနပြောတဲ့နှစ်ချက်ပေါ့။ BL နဲ့သွားမယ်။ BL နဲ့ဆိုရင် ချက်စီကုတ်တွေပါမယ်။ ချက်စီကုတ်နဲ့လျှောက်တာ။ နောက် Import Certificates နဲ့ လျှောက်တာ။ အဲ့ဒီကား ပါကင်အတွက် ချက်စီကုတ်ပါလာတဲ့အတွက် ဒီချက်စီ ကုတ်သည် ဒီကားအတွက်ပဲဖြစ်တယ်။ တခြားကားအတွက် လျှောက်ခွင့်မရှိဘူး။ ဒါမှမဟုတ် ရန်ကုန်တိုင်းဒေသကြီးကို သက်ဆိုင်ရာ ငွေတစ်ခုသွင်းပြီး လျှောက်တဲ့ပုံစံအဲ့လိုနှစ်ချက် တော့ရှိမယ်။

မေး - တကယ်လို့အဲ့ဒီပုံစံနဲ့သွားရင် အကျိုးဆက်က။

ဖြေ - အဲ့ဒီအခှါ Showroom ရယ်၊ Sales Centre ကနေတစ်ဆင့် ၀ယ်ရမယ်ဆိုတဲ့ပုံစံ ဖြစ်လာမယ်။ မ၀ယ်ရင် ကားပါကင်မရဘူး။ ကိုယ့်ဟာကိုယ် ဂျပန်ကနေ၀ယ်မယ့် Customer တွေအတွက် အခက်အခဲ ရှိသွားနိုင်တယ်။ တစ်ဦးချင်း Personal  တွေက ကားသွင်းခွင့်တော့ မပိတ် ဘူး။ Showroom နဲ့ Sales Centre ကတစ်ဆင့် ၀ယ်ရ မယ့်ပုံစံ ဖြစ်သွားနိုင်တယ်ထင်တယ်။ ကားဈေးကလည်း တက်လာနိုင်တယ်။

မေး - အခုကန့်သတ်မှုတွေကြောင့်ရယ် အပေါ်မှာ ပြောသလို အချက်တွေဖြစ်လာရင် ကားဈေးက ဘယ်လိုရှိ လာနိုင်မလဲ။

ဖြေ - ခုတလောက ကားဈေးက တက်ရိပ်တွေပေါ် နေပါတယ်။ အခု ငါးလပိုင်းရောက်ပြီ။ (၂၀၁၅) တုန်းက လျှောက်ထားတဲ့ပါမစ်တွေက သက်တမ်းကုန်ခါနီးပြီ။ ဒီရက်ပိုင်းက အရမ်းအရေးကြီးတဲ့ရက်ဖြစ်နေတယ်။ ပြောချင် တာက ဒီရက်ပိုင်းမှာ (၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅) မော်ဒယ်ပါမစ် တွေက အရမ်းအသက်ဝင်နေတယ်။ (၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅) တွေကို ဒီရက်ပိုင်းရအောင် မဆွဲနိုင်ရင်လာမယ့် ခြောက်လ ပိုင်းကျရင် အဲ့ဒီမော်ဒယ်တွေဆွဲလို့ မရတော့ဘူး။ (၂၀၀၆) ကို ၀ယ်မလားလို့ဆိုရင် ဈေးအရမ်းကြီးသွားပြီ။ အဲ့ဒီတော့ Showroom ကား (၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂) မော်ဒယ်တွေ လည်း အဲ့လိုပဲ။ (၂၀၁၀) ကို Free Permit သွင်းဖို့က (၂၀၁၅) မှာပဲ ခွင့်ပြုထားတယ်။ အခုနှစ် (၂၀၁၁) က  စတယ်။ အဲ့ဒီမော်ဒယ်နှစ်ခုက ဈေးကွာသွားပြီ။ Premio တစ်စီးမှာ (၂၀၁၁) ဆိုရင် သိန်း (၂၅၀) အထက်ဖြစ်သွားပြီ။  လူကြိုက်များတဲ့ကားလည်းဖြစ်တယ်။ အခုချိန်မှာ (၂၀၁၅) ပါမစ်တွေနဲ့ သွင်းနေပေမယ့် (၆) လပိုင်းကျော်ရင် စလစ် ကပ်က (၂၀၀၆)၊ Free Permit က (၂၀၁၁) ကစရင် တက်ရိပ် ပဲရှိနေပါတယ်။ (၆) လပိုင်းကျော်ရင် ကားဈေးက တက်မယ့် အရိပ်အယောင် တွေ့နေရပါတယ်။

မေး - ၀ယ်မယ့်သူတွေအတွက် ကားဈေးတက် လာနိုင်တယ်ဆိုရင် တင်သွင်းရောင်းချမယ့်သူတွေ ဘက် ကရော အခက်အခဲရှိနိုင်လား။

ဖြေ - တင်သွင်းတဲ့သူတွေဘက်ကလည်း အခက် အခဲဖြစ်ပါတယ်။ (၂၀၁၀) မော်ဒယ်တွေကို လေးလပိုင်း ငါးလပိုင်းမှာ ကြိုဆွဲရတယ်။ Customer တွေကို (၆၊ ၇၊ ၈) လတွေ မှာ (၂၀၁၅) ရဲ့ ကားဈေးအတိုင်း ရောင်းပေးရ မှာပဲ။ (၂၀၁၆) ပါမစ်နဲ့ သွင်းရပြီဆိုရင် ၀ယ်သူအတွက်လည်း ဈေးကြီးသလို တင်သွင်းရောင်းချတဲ့ ကျွန်တော်တို့အနေနဲ့ လည်း ကြန့်ကြာမှုတွေဖြစ်တယ်။ ရုပ်ကလည်း ဒီရုပ်ပဲ။ မော်ဒယ်ကလည်း ဒီမော်ဒယ်ပဲ။ ဒါပေမယ့် အစိုးရသတ်မှတ် တဲ့ CIF က မြင့်တဲ့အတွက်ဈေးကမြှင့်ရမှာပဲ။ (၂၀၁၅) မှာ ဆွဲရင် (၂၀၁၅) ဈေးနဲ့ ရောင်း၊ (၂၀၁၆) မှာဆွဲရတဲ့ ကားကျ တော့ (၂၀၁၆) ရဲ့ CIF ဈေးနဲ့ရောင်း ရမှာ။

မေး - ခုပြောသလို ဈေးမြင့်၊ မော်ဒယ်မြင့်လာမယ်။ နောက် မြန်မာပြည်ကသုံးစွဲမှုအရ သိန်း (၂၀၀) ၀န်းကျင် ကားကို အစီးများတာတွေ့ရတော့ လာမယ့်အချိန်မှာ ၀ယ်ယူသူတွေအတွက် သင့်တင့်မျှတတဲ့ ကားစီးမယ်ဆိုရင် ဘယ်လိုအကြံပေးချင်လဲ။

ဖြေ - ခုလူကြိုက်များတဲ့ ကားတွေကိုပြောရမယ်။ (၂၀၀၃) မော်ဒယ် ရွေးမယ်ဆိုရင် Alphard, Kluger, Mark II, Prado, Crown, Wish, Landcruiser လိုကားတွေ။ ဒီထဲမှာဆိုရင် အကုန်လုံးက (၂၀၁၆) ထဲမှာ သွင်းလို့ မရ တော့ဘူး။ ဆိုတော့ (၂၀၀၃) ၀ယ်မယ်ဆိုရင် ဒီလိုကားတွေ ၀ယ်စေချင်တယ်။ (၂၀၁၀)အထက် အင်ဂျင်ပါဝါ (1500 CC) အထက် အမြင့်ကားတွေ ၀ယ်မယ်ဆိုရင် RVR ရှိမယ်။ Allion,Premio, Fielder, Axio လို ကားတွေဆိုရင် ပေါ်ပြူလာ လည်း ဖြစ်တယ်။ လူကြိုက်လည်းများတယ်။ အခုဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီလိုကားတွေက ၀ယ်သင့်တယ်။ Honda Fit ၀ယ်မယ်ဆိုရင်တော့ မလိုသေးဘူး။ (၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃) တွေက သွင်းလို့ရသေးတယ်။ (၂၀၁၀) ကနေ (၂၀၁၁) သွင်းလို့မရတဲ့ ကားတွေအတွက် ပြောတာ။ CIF မြင့်သွားတဲ့ ကားတွေအတွက် ၀ယ်မယ်ဆိုရင် ခုက တည်းက ၀ယ်ထားသင့်တယ်။ (၁.၃) တွေကျတော့ အခု သွင်းတဲ့ ပုံစံ အတိုင်းသွင်းလို့ရတဲ့အတွက် တဖြည်းဖြည်းမှ ၀ယ်လည်း အဆင်ပြေတယ်။ (၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅) မော်ဒယ်(1500 CC) အင်ဂျင်ပါဝါကားတွေက ၀ယ်ထား သင့်ပါတယ်။

မေး - စလစ်ဈေးက တောက်လျှောက်တက်နေတဲ့ အတွက် အဲ့ဒီအပေါ်မှာရော။

ဖြေ - လောလောဆယ်တော့ စလစ်ဈေးက ကျရိပ် မမြင်ဘူး။ စလစ်ဈေးက အခုကို (၈၆) သိန်းပေါက်ဈေး ရှိတယ်။ တဖြည်းဖြည်းနဲ့တက်လာတယ်။ ကျွန်တော်တို့ဆို ရင်လည်း (၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅) စလစ်ကပ်ကားတွေက တစ်နှစ်ပဲ ရောင်းခွင့်ရထားတယ်။ (၁၁) လပိုင်းလောက်ဆို ရင် အရောင်းစင်တာတိုင်းက စလစ်ဝယ်ရမယ်။ စလစ်နဲ့ ကား အရေအတွက်က မမျှဘူး။ စလစ်က နည်းနေတယ်။ အဲ့ဒီတော့ တစ်ခုခုမဖွင့်ပေးဘဲ ဒီအတိုင်းဆိုရင်တော့ စလစ် ဈေးက ဆက်တက်နိုင်ပါတယ်။ စက်မှုဇုန်တွေ ဖွင့်ပေးရင် တော့ တစ်မျိုးပေါ့။

မေး - ခုချိန်မှာ ကားဝယ်ဖို့ စဉ်းစားနေသူတွေအတွက် စကားလက်ဆောင်လေး။

ဖြေ - စကားလက်ဆောင် ပြောရရင်  အပေါ်မှာပြောခဲ့ သလိုမျိုးပဲ (၁.၃) တွေဝယ်ရင်တော့ ဖြည်းဖြည်းမှ ၀ယ်သင့် တယ်။ (၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅) မော်ဒယ်တွေဝယ်ဖို့ စဉ်း စားထားရင် ဒီခြောက်လပိုင်း မကုန်ခင် ၀ယ်သင့်ပါတယ်။ ဒါမှမဟုတ် (1500 CC, 1800 CC) ကားတွေ (၂၀၁၀) အထက် ၀ယ်ချင်ရင်လည်း ခြောက်လပိုင်း မကုန်ခင်အတွင်း ၀ယ်သင့်တယ်။ မ၀ယ်တော့ဘူးဆိုရင်လည်း Brand New ကို စဉ်းစားရမယ်။ ဘာကြောင့်လည်းဆိုတော့ ဒီခြောက်လ ပိုင်းကျော်ရင် အစိုးရသတ်မှတ်ထားတဲ့ CIF တန်ဖိုးနဲ့ Brand New ဈေးက သိပ်မကွာတဲ့အတွက် ၀ယ်မယ်ဆိုရင် အခုချိန်မှာ ၀ယ်သင့်တယ်လို့ပြောပါရစေ။

ဆက်သွယ်ရမယ့်လိပ်စာက

အမှတ် (၁၉)၊ ပဒုမ္မာလမ်း၊ ဒဂုံမြို့ နယ်။

ဖုန်း - ၀၉ ၅၁၃၀၄၃၈၊ ၀၉ ၇၉၉၁၅၇၈၆၃ ကို ဆက်သွယ်နိုင်ပါတယ်။

ဟုတ်ကဲ့ပါ။ အခုလိုဖြေကြား ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။