BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မန္တလေးမြို့တွင် HSE နံပါတ်များ ထပ်မံချထားပေးရန် တောင်းဆိုရာ ပြည်ထောင်စုက မူဝါဒချထားပေးမှသာ ဆောင်ရွက်နိုင်မည်ဟုဆို

မန္တလေးမြို့တွင် လူမှုကူညီရေးအသင်း များ ပိုမိုများပြားလာပြီး လိုင်စင်မဲ့များ ဖြစ် နေသောကြောင့် HSE နံပါတ်များ ထပ်မံ ချထားပေးလိုကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့  ယင်းအဖွဲ့များက တင်ပြ တောင်းဆိုခဲ့ရာ ပြည်ထောင်စုက ချမှတ် ပေးသည့် မူဝါဒရှိမှ ဆောင်ရွက်ပေးနိုင် ကြောင်း မန္တလေး (က.ည.န) မှ တာဝန်ရှိ သူ တစ်ဦးက ပြောသည်။

ှံ HSE နံပါတ်များ ထပ်မံချထားပေး ရန် မန္တလေးမြို့မှ  လူမှုကူညီရေး အသင်း များက တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တွေ့ဆုံပွဲတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

]]ထပ်မံချထားပေးရေး ဆိုတာက မူဝါဒနဲ့ သက်ဆိုင်ပြီး ပြည်ထောင်စုက တစ်ပြည်လုံး အတိုင်းအတာနဲ့ ခွင့်ပြုပေး မယ်ဆိုရင် က.ည.န အနေနဲ့ ဆောင်ရွက် ပေးသွားမှာပါ။ မန္တလေးမှာက တစ်ပြည် လုံး အတိုင်းအတာနဲ့ ယှဉ်ရင်  HSE နံပါတ် ချထားပေးတဲ့ ယာဉ်က (၃၇) ရာခိုင်နှုန်းရှိ တယ်။ ပြည်ထောင်စုကို တင်ပြရမှာ ပါ}} ဟု ၎င်းင်းက ပြောသည်။

လူမှုရေး အသင်းများအတွက် HSE နံပါတ်များ ချထားပေးရာတွင်  death body တင်နိုင်သည့် လုံလောက်သည့် အနေ အထားရှိရန်၊ ယာဉ်၏ရှေ့နောက် ^ဘေးနှစ် ဘက်တွင် အသင်းအမည်၊ လိပ်စာနှင့် နိဗ္ဗာန် ယာဉ်စာလုံးကို  သတ်မှတ် အရွယ်အစား အတိုင်း သဘောင်္ဆေးဖြင့်ရေးရန် စသည့် စည်းကမ်း သတ်မှတ်ချက်များဖြင့် က.ည.န မှ မှတ်ပုံတင်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ခံတစ်ဦးက ]] လူမှုရေး ကိစ္စတွေမှာ မသုံးဘဲနဲ့ ကိုယ်ပိုင် အသုံးပြု နေ တာတွေရှိချင်ရှိမှာပါ။ တချို့က HSE ကို  အသုံးချပြီး ဥပဒေနဲ့ မညီတာတွေ တင်ဆောင်တာတွေ ရှိနေတယ်။ အရေး ပေါ် မီးဖွင့်လာရင် တကယ်ကို အရေးကြီး တယ်လို့ ယူဆပြီးလွတ်ပေးတာကို အခွင့် အရေးယူကြတာ။ ကိုယ်ပိုင်သုံးစွဲတာတွေ တွေ့နေရလို့ စိစစ်ဖို့လိုလိမ့်မယ်}} ဟု သုံးသပ်ပြောပြခဲ့သည်။

လူမှုရေးအသင်းယာဉ်များမှာ Dea-th Body  တင်ဆောင်ရန်အတွက် HSE ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး လူနာ တင်ရန်အတွက် မဟုတ်ကြောင်း၊ တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် (၂၀၁၄) ခုနှစ်က HSE မှတ်ပုံတင်ယာဉ်ပေါင်း (၄၉၈၅) စီး အနက် မန္တလေးတိုင်းအတွင်း အသင်း ပေါင်း (၇၉၅) စီးမှ (၁၈၄၀) စီးရှိ ကြောင်း သိရသည်။                    

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။