BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

သီလ၀ါနှင့် FMI စတော့ရှယ်ယာ တစ်ပတ်အတွင်း ကျပ် (၂.၈) ဘီလီယံကျော် အရောင်းအ၀ယ်ဖြစ်ခဲ့

ရန်ကုန် စတော့အိတ်ချိန်းမှ FMI ကုမ္ပဏီနှင့် သီလ၀ါအများပိုင် ကုမ္ပဏီတို့မှာ တစ်ပတ်အတွင်း စတော့ရှယ်ယာ  အရောင်းအ၀ယ် ပေါင်း ကျပ် (၂.၈) ဘီလီယံကျော်ဖိုး အရောင်းအ၀ယ်  ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ် ပြန်ချက်အရသိရှိရသည်။

ယခုတစ်ပတ်အတွင်း မေ (၃၀) ရက်မှ ဇွန် (၃) ရက်နေ့အထိ FMI ကုမ္ပဏီ၏ အရောင်းအ၀ယ်ရှယ်ယာ စုစုပေါင်း (၃၈၂၄၁) စုရှိခဲ့ပြီး တန်ဖိုး ငွေအားဖြင့် ကျပ် (၉၉၉၆) သိန်းကျော် နှင့် သီလ၀ါအများပိုင် ကုမ္ပဏီအနေ ဖြင့် ရှယ်ယာအရောင်းအ၀ယ် စုစု ပေါင်း (၃၂၈၀၃) စုရှိခဲ့ပြီး တန်ဖိုးငွေ အားဖြင့် ကျပ်သိန်း (၁၈၄၇၉) ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း မှသိရသည်။

ရန်ကုန် စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာပိုင်ရှင်များမှာ စတော့ ဈေးကွက်ကို သေချာစွာနားမလည်ကြ သေးကြောင်း၊ စတော့ရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်သူများအနေ ဖြင့် ရန်ကုန်စတော့အိတ်ချိန်းသို့ သွားကာ စတော့ဈေးနှုန်းပြောင်းလဲ ချက်များကို ကြည့်ရှု၍ အရောင်း အ၀ယ်ပြုလုပ်သင့်ကြောင်း စတော့ ရှယ်ယာ  လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန် စတော့အိတ်ချိန်း၌ FMI ကုမ္ပဏီနှင့် သီလ၀ါအများပိုင်ကုမ္ပဏီတို့ ရှိနေပြီး တတိယမြောက် ရှယ်ယာရောင်းမည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Citizens Banks မှာလည်း ဇူလိုင်လ အတွင်း ရှယ်ယာရောင်းဝယ်တော့မည် ဖြစ်ကြောင်း သိရှိရသည်။     

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။