BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မြန်မာ့ဆက်သွယ်ရေးက ဖုန်းကတ်နှင့် လက်ကျန်ငွေသက်တမ်းများကို တစ်နှစ်အထိတိုးမြှင့်ပေး

သုံးစွဲသူပေါင်းသန်း (၂၀) ရှိနေ ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးသည် အသုံးပြု သူများ အဆင်ပြေလွယ်ကူစေရန် အတွက် ဖုန်းကတ်သက်တမ်းနှင့် ဖုန်းလက်ကျန်ငွေ သက်တမ်းကာလ များကို တိုးမြှင့်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ  သိရှိရ သည်။

(၂၀၁၆) ခုနှစ် ဇွန်လ (၁၀) ရက်နေ့မှစ၍ သုံးစွဲသူများ ဖုန်းငွေ တစ်ခါဖြည့်တိုင်းတွင် လက်ကျန်ငွေ အသုံးပြုနိုင်သည့် သက်တမ်းကို တစ်နှစ်အထိ  အများဆုံး အလို အလျောက် တိုးမြှင့်ပေးတော့မည်ဖြစ် သည်။ လက်ကျန်ငွေ သက်တမ်း သုံးလရှိနေသည့် အသုံးပြုသူတစ်ဦး က ကျပ်တစ်ထောင်ပမာဏဖြည့်လိုက် ရုံဖြင့် လက်ကျန်သက်တမ်းတစ်နှစ် အထိ ရရှိမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ ပြောင်းလဲသတ်မှတ် လိုက်သော   လက်ကျန်သက်တမ်း အသစ်ကြောင့်   ငွေဖြည့် ပမာဏ အနည်းငယ်ကိုသာ ဖြည့်ခြင်းဖြင့် မိမိ တို့၏  ဖုန်းကတ်ကို သက်တမ်းရှည် ကြာ အသုံးပြုခွင့်ရသဖြင့် သုံးစွဲသူများ အတွက် ပိုမိုအဆင်ပြေလွယ်ကူသွား မည်ဖြစ်ကြောင်း၊ မူလကတည်းက သက်တမ်းတစ်နှစ်ရှိထားသော အသုံး ပြုသူများမှာမူ မိမိတို့၏ ဖုန်းငွေ လက်ကျန်သက်တမ်း တစ်နှစ်အောက် မလျော့နည်းပါက ယင်းစနစ်အသစ် ကို အကျုံးဝင်ဦးမည် မဟုတ်ကြောင်း သိရှိရသည်။   သက်တမ်းတစ်နှစ် အောက် လျော့နည်းသွားမှသာလျှင် ဖုန်းငွေဖြည့်တိုင်းတွင်   ၎င်းင်းတို့၏ လက်ကျန်သက်တမ်းက တစ်နှစ်အထိ အမြဲရရှိမည်ဖြစ်သည်။

ယင်းစနစ်သစ်သည် MPT သုံးစွဲသူများအနေဖြင့် မိမိတို့ဖုန်းကို အသုံးများသည်ဖြစ်စေ၊ နည်းသည် ဖြစ်စေ စိတ်ပူရန်မလိုဘဲ ဖုန်းကတ်ကို အမြဲသုံးစွဲနေနိုင်မည်ဖြစ်သည်။ ဖုန်း လက်ကျန်ငွေ  လွှဲပြောင်းခြင်း   ၀န် ဆောင်မှုဖြင့်လည်း ပိတ်ထားခံရသော ဖုန်းကတ်များကို ရက်ပေါင်း (၉၀) သက်တမ်း ပြန်လည်ရရှိစေကာ MPT သုံးစွဲသူများအချင်းချင်း အမြဲဆက် သွယ်နေနိုင်မည်ဖြစ်ကြောင်း  သိရ သည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။