BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ပြည်တွင်းပြည်ပ ခရီးသွားများကြောင့် အမျိုးသမီးဆိုင်ကယ်ကယ်ရီများ အလုပ်အကိုင်အခွင့်အလမ်းရနေ

ပြည်တွင်းပြည်ပ ခရီးသွားများ နှစ်စဉ်မပျက်  လာရောက်သည့် ကျောက်ပန်းတောင်း၊   ပုပ္ပားနှင့် ညောင်ဦးမြို့နယ်၌ ဆိုင်ကယ်ကယ်ရီ များတွင် အမျိုးသမီးယာဉ်မောင်းများ အသုံးပြုနေသည့်အတွက် အလုပ် အကိုင်အခွင့်အလမ်း ရရှိနေကြောင်း သိရသည်။

ဆိုင်ကယ်ကယ်ရီများတွင် ကျောက်ပန်းတောင်းဈေးနှင့် ပုပ္ပား ဈေး၊ တောင်မကြီးနှင့် တောင်ကလပ်၊ ရေထွက် (ခေါ်) အဘအောင်မင်းခေါင် တရားထိုင်ခဲ့သည့်  ကျောက်ဖျားသို့ ပို့ရပါတယ်။ နိုင်ငံခြားသားများမှာ ဧည့်လမ်းညွှန်  မပါပါက ထမင်းစား ရေသောက်တော့ အင်္ဂလိပ်စာကို တတ်ထားရပြီး ဘာသာပြန်ပေးရ ကြောင်း ဆိုင်ကယ်ကယ်ရီ  မောင်း အမျိုးသမီး မသူဇာနွယ်မှ  ပြောပြခဲ့ သည်။

မြန်မာမိန်းကလေးများ ဖော်ရွှေ မှု၊ ဧည့်ဝတ်ကျေမှု၊ ရိုးသားမှုကို ဂုဏ် ယူကြသည့်အပြင် ဆိုင်ကယ်ကယ်ရီ များ၌ အမျိုးသမီးယာဉ်မောင်းဖြင့် သွားလာသည်ကိုလည်း ဂုဏ်ယူနေ ကြောင်း ၎င်းင်းမှပြောသည်။ နယ်မှာက အမျိုးသမီးအလုပ်အကိုင်မှာ အလွန် ရှားပါးပြီး ဈေးနှုန်းမှာလည်း တစ်နေ့ (၁၅၀၀) ကျပ်မှ (၂၅၀၀) ကျပ်သာ ရရှိသဖြင့်   ဆိုင်ကယ်ကယ်ရီမှာ တစ်နေ့  ၀င်ငွေ (၅၀၀၀) ကျပ်မှ (၈၀၀၀) ကျပ်အထိ ရရှိကြောင်းအလုပ် အကိုင်အခွင့်အလမ်းရနေကြသည်။

အညာဒေသတွင်   မြို့ပြနှင့် ကျေးရွာများ၌ ဆက်သွယ်ရာတွင် ယခင်က ထွန်စက်  နောက်တွဲတပ် ယာဉ်များဖြင့် ညအိပ် (တစ်ညအိပ်) သွားရသည်အထိ ကြန့်ကြာခဲ့ပြီး ယခု အခါ ဆိုင်ကယ်ကယ်ရီများကြောင့် သွားလာရ အဆင်ပြေနေကြောင်း သိ ရသည်။

ကျောက်ပန်းတောင်း  မြို့နယ် ရှိ ကျေးရွာများ၌ ဆိုင်ကယ် ကယ်ရီ အမျိုးသားယာဉ်မောင်းမှာ (၇၀၀) နီးပါးရှိပြီး အမျိုးသမီးယာဉ်မောင်း မှာ (၁၀) ဦးခန့်ရှိကြောင်း သိရသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။