BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

အဝေးပြေး ခရီးသည်ယာဉ်များ စနစ်တကျ ဆိုက်ရောက် ^ထွက်ခွာ ပြေးဆွဲရန်နှင့် ယာဉ်လိုင်းမရှိဘဲ ပြေးဆွဲခြင်းများကို စစ်ဆေး

မန္တလေးမြို့မှ အခြားဒေသများ သို့ ပြေးဆွဲသည့် အဝေးပြေးယာဉ် လိုင်းများသည် သက်ဆိုင်ရာ ယာဉ် ရပ်နားစခန်းများတွင် ဆိုက်ရောက် ^ထွက်ခွာမရှိဘဲ ပြေးဆွဲခြင်းနှင့် ယာဉ် လိုင်းမရှိဘဲ ပြေးဆွဲနေခြင်းများကို မြို့တော်စည်ပင်သာယာနှင့် ယာဉ် လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) တို့ ပူးပေါင်း၍ စစ်ဆေး အရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

]]အဝေးပြေး ယာဉ်လိုင်းတွေကို မြို့တော်စည်ပင်က ကားကွင်းတွေလုပ် ပေးထားတယ်။ မဟာအောင်မြေ ကား ကွင်းနဲ့ဆိုင်တဲ့ ယာဉ်တွေက ကားကွင်း ထဲမ၀င်ဘဲ ပြေးဆွဲနေကြတာတွေ ရှိ တယ်။ နောက်တစ်ခုက ယာဉ်လိုင်း မရှိဘဲ မန္တလေး-မုံရွာ ပြေးဆွဲတဲ့ လိုက်ထရပ်တွေပေါ့။ ဒါတွေက စည်း ကမ်းနဲ့မညီလို့ အရေးယူနေတယ်}} ဟု မဟာအောင်မြေ ယာဉ်ရပ်နားစခန်း တာဝန်ခံ ဦးကျော်စိုးက ပြောသည်။

ယင်းကဲ့သို့ စည်းကမ်းနှင့် မညီ သည့်ယာဉ်များ  အရေးယူခဲ့ရာတွင် ဇွန် (၁) ရက်နေ့မှ (၁၁) ရက်နေ့အထိ အစီးရေ (၁၃၀) ကျော် ရှိကြောင်း၊ ပြင်ဦးလွင်၊ စစ်ကိုင်းမြို့များသို့ ပြေး ဆွဲသည့် ခရီးသည်ယာဉ်လိုင်းများက သတ်မှတ်ပေးထားသည့် မဟာအောင် မြေကားကွင်းတွင် ဆိုက်ရောက်ထွက် ခွာ မပြုလုပ်ခြင်း၊ ယာဉ်လိုင်းမရှိဘဲ ပြေးဆွဲခြင်းများကို စစ်ဆေးအရေးယူ ခြင်းဖြစ်သည်။

]]မဟာအောင်မြေ ကားကွင်းမှာ နေရာပေးထားပေမယ့် ကားကွင်းထဲ မလာဘူး။ ခရီးသည်ရှိတဲ့ (၈၄) လမ်း ပေါ် (၂၉) လမ်းနဲ့ (၃၁) လမ်း၊ (၈၂) လမ်းမှာသွားရပ်ပြီး ခရီးသည်တင် တယ်။ နောက်တစ်ခုက ယာဉ်လိုင်း မရှိဘဲ ခရီးသည်ပြေးဆွဲတယ်။ ဒါတွေ ကို ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးနေတယ်}} ဟု ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦး အောင်ကျော်လင်းက ပြောသည်။

မန္တလေးမြို့မှာ အခြားတိုင်းနှင့် ပြည်နယ်ဒေသများသို့ ထွက်ခွာရာ ဒေသအလိုက် ခရီးသည်ယာဉ်လိုင်း များအတွက် မြို့တော်စည်ပင်မှ ယာဉ် ရပ်နားစခန်းများ တည်ဆောက်ပေး ထားပြီး ချမ်းမြရွှေပြည်၊ သီရိမန္တလာ၊ ပြည်ကြီးမျက်ရှင်၊ မဟာအောင်မြေနှင့် ဒေါနဘွား  ယာဉ်ရပ်နားစခန်းဟူ၍ ငါးခုရှိကြောင်း သိရသည်။

]]ကားကွင်းမှာ ခရီးသည် အ တင်အချ မလုပ်ဘဲ မြို့ထဲလမ်းတွေ မှာလုပ်တော့ ယာဉ်ကြောကျပ်သွား တယ်။ တစ်ခုရှိတာက ခရီးသည်တွေ ကလည်း ကားကွင်းမသွားဘဲ လမ်းက ပဲစောင့်ပြီး စီးကြတယ်။ စစ်ကိုင်းကား နဲ့ ပြင်ဦးလွင်ကားတွေပဲ။ သူတို့မှာ လည်း ခရီးသည်ရှိတဲ့နေရာ ရပ်စောင့် ကြရာက ကားကွင်းထဲ မရောက်တော့ ဘူး}} ဟု မြို့ခံတစ်ဦးက ပြောသည်။

ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ ကြီးကြပ်မှု  အောက်ရှိ ယာဉ်လိုင်းများသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မြို့တော်  စည်ပင် ဥပဒေ၊ ယာဉ်လုပ်ငန်းမျာ စနစ်တကျ ပြေးဆွဲရေးဥပဒေတို့ကို လိုက်နာရန် လိုအပ်ပြီး ယာဉ်လုပ်ငန်းများ ကြီး ကြပ်မှု  ကော်မတီက ဒဏ်ငွေကျပ်     သုံးသောင်း တပ်ရိုက်နိုင်ကြောင်း သိ ရသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။