BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

Autolife Car & Car Services မှ မန်နေးဂျင်းဒါရိုက်တာ ကိုသက်ပိုင်စိုးနှင့် အမေးအဖြေ

မေး - Autolife Car & Car Services ကို ဘယ်အချိန်ကစဖွင့်ခဲ့ တာပါလဲ။ Services Centre အခွဲ တွေလည်းရှိတော့ ဘယ်နှစ်ခုလောက် ဖွင့်ထားတာပါလဲ။ ၀န်ဆောင်မှုပေးနေတဲ့ အပိုင်းတွေကရော။

ဖြေ - စဖွင့်ခဲ့တဲ့အချိန်(၂၀၁၂)ခုနှစ်က စဖွင့်ခဲ့တာပါ။ စဖွင့်တုန်းက ဒီရုံးချုပ်တစ်ခုတည်းအနေနဲ့ဖွင့်ခဲ့တာ။ မြောက် ဒဂုံမှာစဖွင့်ပြီး တစ်နှစ်၊ တစ်နှစ်ခွဲအချိန်မှာ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပမှာ ဖွင့်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က မန္တလေးမှာ စဖွင့်ခဲ့တယ်။ စုစုပေါင်း လေးဆိုင်ဖွင့်ထားတယ်။ ၀န်ဆောင်မှု ပေးတဲ့အပိုင်းတွေက One Stop Service နဲ့လုပ်ပေးနေ တယ်။ ကားဘော်ဒီ Painting ပိုင်းရှိတယ်။ ကားရဲ့ အောက် ပိုင်း၊ အင်ဂျင်ပိုင်းတွေ ပြင်ပေးတယ်။ နောက်ထပ်တစ်ခုက ကားဝပ်ရှော့ပ်ကို လာပို့ဖို့ခက်တဲ့ ကားတွေ၊ တိုက်ထားတဲ့ ကားတွေကို သွားပြီးဆွဲယူပေးတာမျိုး၊ သယ်ပေးတာမျိုးကို လည်း (၂၄) နာရီ ၀န်ဆောင်မှုပေးနေပါတယ်။

မေး - အခုကားကိုသွားပြီး သယ်ပေးတာ၊ ဆွဲပေး တာက ကားဝပ်ရှော့ပ်တိုင်းက မလုပ်ပေးတော့ အဲ့ဒီအပိုင်း နဲ့ပတ်သက်ပြီး ရှင်းပြပါဦး။

ဖြေ - ဟုတ်တယ်။ အဲ့ဒီ ၀န်ဆောင်မှုမျိုးက ၀ပ်ရှော့ပ် တိုင်းတော့ မလုပ်ပေးဘူး။ ကျွန်တော်တို့ ၀န်ဆောင်မှုပေးတဲ့ နေရာမှာ ဟိုင်းဝေး တစ်နေရာမှာကားပျက်လို့ လမ်းဘေး တစ်နေရာကနေ ရန်ကုန်ကိုပြန်သယ်ချင်တာတို့၊ တိုက်ထား တဲ့ ကားကို အဲ့လိုမျိုးတွေ သွားဆွဲပေးတယ်။ သူ့ ၀န်ဆောင် မှုက (၂၄) နာရီရှိတယ်။ ကျွန်တော်တို့ဆီမှာ ပြင်သည် ဖြစ် စေ၊ မပြင်သည်ဖြစ်စေ ကျွန်တော်တို့က ၀န်ဆောင်မှုပေး နေတယ်။ ဒီမှာ မပြင်ချင်ဘူးဆိုလည်း တခြားကိုပို့ပေး တယ်။ ဈေးနှုန်းကျတော့ ရန်ကုန်မြို့တွင်းဧရိယာဆိုရင် ငါးသောင်းကနေ ရှစ်သောင်းကြားရှိတယ်။ ဒါက ကား အမျိုးအစားနှစ်ခုရှိတယ်။ တစ်ခုက ကားပေါ်တင်ပြီး သယ် လာရတာ၊ နောက်တစ်ခုက ကရိန်းနဲ့ဆွဲရတာ။ အဲ့ဒီသုံးတဲ့ ပေါ်မှာ မူတည်ပြီး ယူတယ်။ မြို့ပြင်ထွက်ရင် တစ်မိုင်ကို (၁၅၀၀) နဲ့ တွက်ယူတယ်။ ဆယ်မိုင်အသွား အပြန်နဲ့ဆိုရင် (၃၀၀၀၀) အဲ့လိုတွက်ယူတာပါ။

မေး - အဲ့လိုမျိုး လမ်းမှာပျက်သွားတဲ့ ကားတွေ၊  တိုက်ထားတဲ့ကားတွေ သွားပြီးဆွဲယူပေးပြီးရင် ဒီဝပ်ရှော့ပ် မှာပြင်တဲ့အခါ အလုံးစုံ မော်တော်ယာဉ်အာမခံထားတဲ့ယာဉ် တွေအတွက် အာမခံကုမ္ပဏီတွေနဲ့ တစ်ခါတည်း ချိတ်ဆက် ထားတာရှိပါသလား။

ဖြေ - ရှိပါတယ်။ ကျွန်တော်တို့ လက်ရှိမှာ အာမခံ ကုမ္ပဏီတော်တော်များများနဲ့ စာချုပ်ချုပ်ထားတယ်။ ဂရမ်း ဂါးဒီးယန်း၊  IKBZ ဧရာမြန်မာ၊ အောင်သစ္စာဦးတို့လို အာမခံကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ပြီး ၀န်ဆောင်မှုပေးနေပါ တယ်။ Accident ကားတွေ ပြင်တာတို့၊ သွားပြီးဆွဲပေးတာ တို့အတွက် အကုန်လုပ်ပေးနေတယ်။

မေး - ဒီလိုအလေ့အထက နိုင်ငံခြားတိုင်းပြည်မှာ ဆိုရင် ၀ပ်ရှော့ပ်တိုင်းလိုလိုရှိကြတယ်။ ဒီမှာက တော်တော် ရှားသေးတော့ ဘာတွေ လိုအပ်ဦးမလဲ။

ဖြေ - ဟုတ်တယ်။ ပြည်ပမှာကတော့ အဲ့ဒီအတိုင်းပဲ သွားတယ်။ ကျွန်တော်တို့လည်း ဒီ Auto Life မတိုင် ခင်ကတည်းက လုပ်လာလို့ အတွေ့အကြုံလည်းရှိပြီးသားဖြစ် တယ်။ ရင်းနှီးမြှုပ်နှံမှုကလည်း ပိုများတယ်။ Customer တစ်ယောက်ဝင်လာရင် ဒီတစ်နေရာထဲမှာအကုန် ပြီးပြည့်စုံ အောင်၊ အဆင်ပြေအောင်လုပ်ပေးတာ။ After Service ကို  တစ်ဆက်တည်းဖြစ်အောင် လုပ်ပေးထားတယ်။ ဒီလို အာမခံကုမ္ပဏီတွေနဲ့ တစ်ဆက်တည်းချိတ်ဆက်လုပ်တာ ကနေ ရေရှည်အတွက်က ကောင်းတဲ့ အလားအလာပါပဲ။ အဓိက ဒီမှာလိုအပ်တာက အရင်းအနှီးပါ။ အသေးစား လုပ်ငန်းလေးတွေ ဖွံ့ဖြိုးအောင် ထောက်ပံ့မှုလိုအပ်ပါတယ်။ အဲ့လိုဆိုရင်တော့ ပိုပြီးများလာမယ်ထင်တယ်။ Customer တွေအတွက်ကတော့ ပိုပြီးအဆင်ပြေမယ်။

မေး - ကားပြင်တဲ့  Service ပေးတဲ့နေရာမှာရော ကား Brand အစုံပဲလား။ မိုးတွင်းရောက်လာတော့ ဘယ်လို ဂရုစိုက်သင့်လဲ။

ဖြေ - လုပ်တာကတော့ Brand အစုံပဲ။ ဒီမှာအများစု စီးတာများတာက ဂျပန်ကားတွေချည်းပဲ။ အဲ့ဒီတော့ ပြင်ရ တာ ဂျပန်ကားများတယ်။ အဓိက မိုးတွင်းမှာက ရေမြုပ်တာ များတယ်။ အောက်ပိုင်းအနေနဲ့ ရေထဲဖြတ်ပြီးရင် ဘရိတ် တွေ ဘာတွေ၊ ၀ိုင်ဘာတွေ စစ်ဆေးပေးသင့်တယ်။ အောက် ပိုင်းကတော့ ပုံမှန်စစ်ဆေးပေးသင့်တယ်။ နောက်တာယာ တွေ စစ်သင့်တယ်။ မိုးတွင်းဆိုတော့ စလစ်ဖြစ်လွယ်တယ်။

မေး - Parts ပိုင်းကရော အဆင်သင့် ထည့်ပေးတာ မျိုးရှိလား။

ဖြေ - Parts ပိုင်းကလိုတဲ့ ပစ္စည်းအကုန်ထားတယ်။ ဒီမှာမရရင်လည်း မှာပေးတယ်။ ဂျပန်ကားမှာ မဟုတ်ဘူး။ ဘယ်ကားမဆို အဆင်ပြေအောင်လုပ်ပေးတယ်။ ပစ္စည်း (၆၀) ရာခိုင်နှုန်းက အဆင်သင့်ပဲ။ Customer လိုချင်ရင် ချက်ချင်းရနိုင်အောင် လုပ်ထားတယ်။

မေး - ဒီမှာက Customer တွေအနေနဲ့ ဈေးနှုန်း သက်သာတဲ့ Parts ကို ထည့်တာမျိုး၊ နောက်ပြီး တကယ့် Original ပစ္စည်းကိုပဲ ထည့်တာမျိုးတွေရှိတော့ အဲ့ဒီအပေါ် မှာ သုံးသပ်ချက်လေး။

ဖြေ - အဲ့ဒါက Customer အပေါ်မူတည်တယ်။ သူတို့ရဲ့ ရွေးချယ်မှုပေါ့။ ကျွန်တော်တို့ဆီမှာဆိုရင် ထိုင်ဝမ်၊ ယိုးဒယား Original  ပစ္စည်း တွေရှိတယ်။ သူတို့ဘယ်လို သုံးချင်လဲ။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့က လိုက်လုပ်ပေးရ တယ်။ အင်ဂျင်ဝိုင်ဆိုလည်း သူတို့ရဲ့အစွဲကရှိတယ်။ ဒီမှာ ဖြစ်နေတဲ့ အလေ့အထက Customer ရဲ့ ရွေးချယ်မှုပဲ။ Customer က ရွေးချယ်တာကို ကျွန်တော်တို့ ၀ပ်ရှော့ပ်တွေ က လိုက်သုံးပေးရတယ်။ နိုင်ငံခြားမှာဆိုရင်တော့ ၀ပ်ရှော့ပ် က သုံးပေးတယ်။ သူ့ ၀ပ်ရှော့ပ်က ကားနဲ့သင့်တော်တာကို သုံးပေးတယ်။ ဒီမှာက Customer က ဘယ်လောက်ဈေးနှုန်း၊ ဘယ်အမျိုးအစားကို သုံးမလဲဆိုတာ ရွေးပြီးမှ ၀ပ်ရှော့ပ်က လုပ်ပေးရတာ။ တချို့ Customer တွေဆိုလည်း မသိတော့ ကျွန်တော်တို့ကို အကြံÓဏ်တောင်းတယ်။ အဲ့ဒါကျတော့ ကျွန်တော်တို့က ဘယ်ကားဆိုရင် ဘယ်လိုမျိုး သုံးသင့်တယ်။ ဘယ်လောက်ကျမယ်ဆိုတာကို ရှင်းပြပေးရတယ်။ လက်ရှိ မြန်မာပြည်ရဲ့ Park သုံးစွဲမှုက Customer ရဲ့ ရွေးချယ်မှုပဲ ရှိပါသေးတယ်။

မေး - ဂျပန်ကားစီးတာများသလို ပြင်ရတာလည်း များတော့ Used ကားတွေဖြစ်တဲ့အတွက် ဘယ်လိုတွေ ဂရုစိုက်ပြင်ပေးသင့်ပါလဲ။

ဖြေ - ကားတစ်စီးဝယ်လိုက်ပြီဆိုရင် အစအဆုံး စစ်ပေးရင် အကောင်းဆုံးပါပဲ။ ဒီကားကို ကိုယ်မောင်းတဲ့ အချိန်မှာ ယုံကြည်မှုရှိအောင် လုပ်ထားရမယ်။ တချို့ဂျပန် ကလာ တဲ့ကားတွေမှာ ကီလိုနည်းနေပေမယ့် အင်ဂျင်ဝိုင် ဖောက်ချရင် အင်ဂျင်ဝိုင်က ခဲနေတာမျိုးတို့တွေ ရှိတတ်တယ်။ ကီလိုဘယ်လောက်ပဲရှိရှိ ကိုယ့်လက်ထဲရောက်ရင် အစ အဆုံး ပြန်စစ်တာ အကောင်းဆုံး။  ဒီမှာ ကားဝယ်ရင် သေချာ ဂရုစိုက်ပြီး ၀ယ်စေချင်တယ်။ အချို့ကားတွေရဲ့  အချက်အလက်တွေက အမှန်အတိုင်းဖြစ်ပေမယ့် တချို့ လိမ်ထားတာတွေရှိတယ်။ ရောက်တာနဲ့ စစ်ပြီးမှစီးရင် ဟိုင်းဝေးသွားသွား၊ မြို့ထဲသွားသွား စိတ်ချလက်ချနဲ့ စီး နိုင်မယ်။ ခုနောက်ပိုင်း ဒီမှာ လျှပ်စစ်ကားလေးတွေ စီးလာ ကြတယ်။ သူက မိုးရာသီမှာ ရေထဲဖြတ်တာတွေက ပြဿနာ နည်းနည်းရှိတယ်။ အဲ့ဒါလေးတွေ ဂရုစိုက်စေချင်တယ်။

မေး - Autolife ကိုသိပြီးသား Customer တွေရော မသိသေးတဲ့ Customer တွေအတွက်ရော စကား လက်ဆောင် လေးပြောပေးပါဦး။

ဖြေ - ကျွန်တော်တို့ Autolife ကို လာအားပေးပါလို့။ လိုတာရှိရင်လည်း  အကြံပေးနိုင်ပါတယ်။ ကျွန်တော်တို့ ကလည်း ၀န်ဆောင်မှုပေးရင်  အကောင်းဆုံးဖြစ်အောင် ဆန်းစစ်နေပါတယ်။ ကိုယ့်ဝန်ထမ်းတွေကိုလည်း အကောင်း ဆုံး Training ပေးပြီး အကောင်းဆုံးဖြစ်အောင်လုပ်ပေး နေပါတယ်။ အဆင်မပြေရင်လည်း အချိန်မရွေးပြန်လာလို့ ရပါတယ်။ ဒီမှာ One Stop ရအောင်  service ပေးနေပါ တယ်။ နောက်ပိုင်းကျရင် လုပ်ငန်းတွေပိုပြီး အဆင်ပြေ အောင် တိုးချဲ့လုပ်ကိုင်သွားဖို့ရှိပါတယ်။

ဆက်သွယ်ရမယ့်လိပ်စာက

အမှတ် (D-4, 5, 6), (E-3, 4) ဦးဝိစာရလမ်း၊ (၃၄) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ စက်မှုဇုန်။

ဖုန်း

  ၀၁ ၅၈၃၁၅၆၊ ၀၉ ၈၅၅၂၈၅၅ ကို   ဆက်သွယ်နိုင် ပါတယ်။

ဟုတ်ကဲ့ပါ။ အခုလိုဖြေကြား ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။