BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ရန်ကုန်တိုင်းဒေသကြီး အတွင်း လိုင်စင်မဲ့ကား ဖမ်းဆီးမှု တိုးမြှင့်မည်

အခြားပြည်နယ်နှင့် တိုင်းများ တွင် လိုင်စင်မဲ့ကား ဖမ်းဆီးမှုများ မြင့်တက်လာသည့်နည်းတူ ရန်ကုန် တိုင်းဒေသကြီးအတွင်းတွင် လိုင်စင်မဲ့ ကားများ ဖမ်းဆီးစစ်ဆေးခြင်းကို အရှိန်မြင့်လုပ်ဆောင်သွားမည်ဖြစ် ကြောင်းယာဉ်ထိန်းရဲတပ်ဖွဲ့အကြီး တန်းအရာရှိတစ်ဦးကပြောသည်။ အခြားပြည်နယ်နှင့် တိုင်းများတွင် လည်း လိုင်စင်မဲ့ကားစီးနင်းမှုများကို စစ်ဆေးအရေးယူနေလျက်ရှိပြီး နယ် စပ်မှ လိုင်စင်မဲ့ကားဝင်ရောက်မှုကို လည်း တင်းကြပ်စွာ စစ်ဆေးနေ ကြောင်းသိရသည်။

သို့သော်မြ၀တီနယ်စပ်အပါ အ၀င် နယ်စပ်ဂိတ်များအနီး ကမ်း ကပ်ကားများ ၀င်ရောက်လာခြင်း အပေါ်အစိုးရက ကိုင်တွယ်မှုမရှိ သေးခြင်းကို ဝေဖန်မှုများရှိသည်။ လိုင်စင်မဲ့ကားများကို ဖမ်းဆီးရမိပါ က ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွား မည်ဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာငွေရရှိ ရန် တိုင်းဒေသကြီးအစီအစဉ်ဖြင့် လေလံပစ်သွားမည်ဖြစ်သည်။

လိုင်စင်မဲ့ကားများကို မန္တလေး တိုင်းတွင်း ဖမ်းဆီးအရေးယူပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင် လုပ် ဆောင်ရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့ သည့်ရက်ပိုင်းက မန္တလေးတိုင်းဒေသ ကြီးအတွင်း လိုင်စင်မဲ့ကားအများ အပြားကို ရှောင်တခင် ၀င်ရောက် ဖမ်းဆီးခဲ့သည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။