BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ကနဦးမှတ်ပုံတင်ချိန် ကြိုတင်ဝင်ငွေခွန်ကောက်ခံသည့်ရုံး အထက်မြန်မာပြည်အတွက် မန္တလေးတွင် ထပ်မံဖွင့်လှစ်

ပြည်ပမှ တင်သွင်းယာဉ်များ ကနဦး မှတ်ပုံတင် ဆောင်ရွက်ချိန် ကြိုတင်ဝင်ငွေခွန်ကောက်ခံသည့် ရုံး အား အထက်မြန်မာပြည်အတွက် မန္တလေးတွင် ထပ်မံဖွင့်လှစ်ထား ကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနမှသိရသည်။ ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကို ဇွန်လ (၁) ရက်မှ စတင်ခဲ့ပြီး ပြည်ပမှတင်သွင်းယာဉ် များ ကနဦးမှတ်ပုံတင်ဆောင်ရွက်ချိန် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌သာ ပြုလုပ်နေရခြင်းဖြစ်ကြောင်း သိရ သည်။

အထက်မြန်မာပြည်မှ ကနဦး မှတ်ပုံတင် ပြုလုပ်သည့် မော်တော် ယာဉ်များ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းသို့သာ သွား ရောက်၍ ကြိုတင်ဝင်ငွေခွန်ပေးသွင်း နေရခြင်းကြောင့် လွယ်ကူသက်သာ စေရန် ဇူလိုင် (၁၁) ရက်နေ့မှစကာ မန္တလေးတွင် ရုံးထပ်မံဖွင့်လှစ်ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အတွက် အထက်မြန်မာ ပြည်တွင်ပါဝင်သော အရပ်ဒေသများ မှ ပြည်ပတင်သွင်းယာဉ်များအတွက် ကနဦးမှတ်ပုံတင်ချိန် ကြိုတင်ဝင်ငွေ ခွန်ပေးသွင်းခြင်းကို ရန်ကုန်တိုင်း ဒေသကြီးသို့ လာရောက်ရခြင်းမရှိ တော့ဘဲ မန္တလေးတိုင်း ဒေသကြီး အတွင်းတွင်သာ ပြုလုပ်နိုင်ပြီ ဖြစ် ကြောင်း သိရသည်။

မန္တလေးတိုင်း  ဒေသကြီး အတွင်း ပြည်ပကတင်သွင်းယာဉ်များ ကနဦးမှတ်ပုံတင်ချိန် ကြိုတင်ဝင်ငွေ ခွန်ကောက်ခံခြင်းကို (၆၅) လမ်း၊ (၂၂) လမ်းနှင့် (၂၃) လမ်းကြား၊ အနှိပ်တော်ရပ်၊ အောင်မြေသာစံမြို့ နယ်တွင် ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။          

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။