BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ရန်ကုန်တိုင်းဒေသကြီးအတွက် အဆင်ပြေဆုံးနည်းလမ်းဖြင့် ကားတင်သွင်းခွင့်ပြု မည်ဖြစ်ကာ မည်သည့်နည်းလမ်းဖြင့် ခွင့်ပြုမည်ကို ဆုံးဖြတ်ထုတ်ပြန်ရန်သာကျန်ရှိ

News Image: 

ရန်ကုန်တိုင်းဒေသကြီး ကား တင်သွင်းခွင့်ကိစ္စရပ်အား လုပ်ငန်းရှင် များ၊ ပညာရှင်များဖြင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ပြီးဖြစ်၍ မည်သည့် နည်းလမ်းဖြင့် ခွင့်ပြုမည်ကိုသာထုတ် ပြန် ဆုံးဖြတ်ပေးရန် ကျန်ရှိတော့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေး မှူးဖြစ်သူ ဒေါက်တာမောင်အောင်က Auto World ဂျာနယ်သို့ ပြောပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွက် အဆင်ပြေဆုံးဖြစ်မည့် ကားတင်သွင်း ခွင့်နည်းလမ်းအား စဉ်းစားနေဆဲဖြစ် ကာ သေချာလေ့လာ ဆန်းစစ်ပြီး ဆုံး ဖြတ်  ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ အစိုးရသစ်လက်ထက် ဧပြီမှစတင်ကာ ရန်ကုန်တိုင်းဒေသ ကြီး ကားတင်သွင်းခွင့် ရပ်ဆိုင်းထား ခဲ့ပြီး ယခုအချိန်တွင် ကား Showroom များ၊ ကားတင်သွင်းရောင်းချ သူများအတွက် အကျပ်တည်းဖြစ်နေ သဖြင့် ရန်ကုန်ကားတင်သွင်းခွင့်အား ခွင့်ပြုပေးရတော့မည့်အခြေအနေ ဖြစ် လာကြောင်း ဒေါက်တာ မောင်အောင် က ပြောသည်။

]]  ရန်ကုန်တိုင်းဒေသကြီး အတွက် ဘယ်လိုကား တင်သွင်းခွင့် ပေးမလဲဆိုတာ  စဉ်းစားနေတယ်။ ဘယ်နည်းလမ်းက ရန်ကုန်အတွက် အဆင်ပြေဆုံး ဖြစ်မလဲပေါ့။ အခု ကား ရောင်းတဲ့လူတွေ၊ ကား  Showroom သမားတွေ ဒုက္ခရောက်နေတယ်။ ဆို တော့  လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင် ပညာရှင်တွေနဲ့ ဆွေးနွေးမှုတွေက လုပ်ပြီးသွားပြီ။ ဘယ်လိုနည်းလမ်းနဲ့ ခွင့်ပြုပေးမလဲဆိုတာပဲ ဆုံးဖြတ်ချက် ချဖို့ ကျန်တော့တယ်}} ဟု ပြောသည်။ (၂၀၁၆) ဧပြီမှ ယခု ဇူလိုင်လ နောက် ဆုံးပတ်အထိ လေးလတာ ကာလ အတွင်း  ရန်ကုန်တိုင်းဒေသကြီး အတွက် ကားသွင်းခွင့်လုံးဝ ရပ်ဆိုင်း ထားသော်လည်း ရန်ကုန်မြို့တွင်း ကားအစီးရေ  လျော့ကျခြင်းမရှိဘဲ ယာဉ်ကြောကျပ်တည်းမှုမှာ ဆက် လက်ဖြစ်ပွားနေဆဲပင် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် ကားတင်သွင်းခွင့် ရပ်ဆိုင်းထားသဖြင့် အချို့ဝယ်ယူသူ များမှ နယ်လိုင်စင်ဖြင့် ၀ယ်ယူ၍ ရန်ကုန်မြို့တွင်း၌ မောင်းနှင်မှုများရှိ နေရာ ကားသွင်းခွင့်ရပ်ဆိုင်းထားမှာ မှန်ကန်သည့် ဖြေရှင်းသောနည်းလမ်း မဟုတ်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းချုပ် (MAMDA) ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက သုံးသပ် ပြသည်။

ရန်ကုန်မှတ်ပုံတင် ကားအစီး ရေ လျော့နည်းသည်ဟုဆိုသော်လည်း နယ်မှတ်ပုံတင်ကားများ ရှိနေရာ ရန်ကုန်မြို့တွင်း ကားလျော့ကျမည် မဟုတ်ကြောင်း ပြောသည်။ မည် သည့်အချိန်တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွက် အဆင်ပြေဆုံးနည်းလမ်း ဖြင့် ကားတင်သွင်းခွင့်ပြုမည်ကို မသိ ရသေးဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ထုတ်ပြန်ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ဒေါက်တာ မောင်အောင် က ပြောသည်။              

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။