BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မူဝါဒတည်ငြိမ်လာလျှင် မြန်မာ့ကားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများရှိ

News Image: 

မူဝါဒများ တည်ငြိမ်စွာ ပြဋ္ဌာန်း ပြီးလျှင် မြန်မာ့ကားဈေးကွက် ဖွံ့ဖြိုး တိုးတက်ရန် အလားအလာကောင်း များရှိကြောင်း မော်တော်ယာဉ် တင် သွင်းသူများက မျှော်လင့်ချက်ရှိသည်။ မော်တော်ယာဉ်များ အလွယ်တကူ တင်သွင်းခွင့်ရသည့် နောက်ပိုင်းတွင် နိုင်ငံတကာမှ မော်တော်ယာဉ်ထုတ် လုပ်ရေး လုပ်ငန်းကြီးများကပြည်တွင်း ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး မော် တော်ယာဉ် မော်ဒယ်သစ်များကို အပြိုင်အဆိုင်တင်သွင်းခဲ့ကြပြီး မျှော် လင့်ထားသလောက် ဈေးကွက်အလား အလာကောင်းများ ရှိကြောင်း မော် တော် ယာဉ်တင်သွင်းရောင်းချသူ တစ်ဦးကဆိုသည်။

သို့သော်လည်း ပြီးခဲ့သည့် သုံး နှစ်အတွင်း မော်တော်ယာဉ်အသစ် တင်သွင်းမှုမှာ စီးရေ (၅၀၀၀) ခန့် သာရှိခဲ့သည်။ ]]လူဦးရေ (၅၁) သန်း ရှိတဲ့နိုင်ငံမှာ အစီးရေ (၅၀၀၀) လောက်ပဲ အသစ်ဝယ်ကြရသေးတယ် ဆိုတော့ ဈေးကွက်ကိုမျှော်ကြည့်လိုက် လေ။ ဒါပေမယ့် မူဝါဒတွေ မကောင်း ဘူး။ ကားအသစ်တွေကို လွယ်လွယ် ကူကူ မသွင်းနိုင်ဘူးဆိုရင်တော့ လူ တွေက အဟောင်းတွေကိုပဲ စီးကြဦး မှာပေါ့}} ဟု ၎င်းင်းက ဆိုသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက လည်း BMW အမှတ်တံဆိပ် မော်တော် ယာဉ်များ တင်သွင်းရောင်းချသည့် Prestige Automobile မှ အုပ်ချုပ်သူ ဒါရိုက်တာ ဦးချမ်းမြကလည်း အလား တူပင် မော်တော်ယာဉ် ဈေးကွက် အလားအလာကောင်း  များစွာရှိ ကြောင်း ပြောပြခဲ့သည်။

BMW ကဲ့သို့ တန်ဖိုးကြီး မော် တော်   ယာဉ်အမှတ်တံဆိပ်ကိုပင် ပြည်တွင်းဈေးကွက်မှ  လိုလားနှစ် ခြိုက်စွာ လက်ခံပြီး စတင်တင်သွင်း သည့် နှစ်နှစ်အတွင်း ကားအစီးရေ (၃၀၀) ကျော်တင်သွင်းနိုင်ခဲ့ကြောင်း ပြောပြခဲ့သည်။             

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။