BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

အများပိုင်ဘတ်စ်ကားလိုင်း ပြေးဆွဲချိန်အရှုံးပေါ်နိုင်သည့် ယာဉ်လိုင်းပြေးဆွဲသူများ ဓာတ်ဆီ၊ ဒီဇယ်ဆိုင်များ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သဖြင့် ဆိုင်အသစ်ဖွင့်ခွင့် ရပ်ဆိုင်းထား

News Image: 

အများပိုင်ကုမ္ပဏီများ တည် ဆောက်၍ အများပိုင်ဘတ်စ်ကား လိုင်းများစတင်ပြေးဆွဲချိန် အရှုံးပေါ် နိုင်သည့် ယာဉ်လိုင်းပြေးဆွဲသူများ အား တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ရစေရန် ဓာတ်ဆီဆိုင်၊ ဒီဇယ်ဆိုင် များဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်းဇူလိုင်လ (၂၂) ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (၄၈) ကြိမ် မြောက် လုပ်အားယှဉ်ပြိုင်ဆု၊ လုပ်သား ဆု၊ ပညာရည်ချွန်ဆုနှင့် ပညာသင် စရိတ်  ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနား၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ်  ဦးဖြိုးမင်းသိန်းကပြောပြခဲ့သည်။

ဇူလိုင် (၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်၍ အများပိုင် ကုမ္ပဏီများဖွဲ့စည်းကာ အများပိုင် ဘတ်စ်ကားလိုင်းများ စနစ်တကျ ပြေးဆွဲရေး  စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ အများပိုင် ကုမ္ပဏီများ တည်ထောင်၍ ဘတ်စ်ကားလိုင်းများ ပြေးဆွဲပါက အရှုံး၊ အမြတ်ရှိနိုင်သည့် မည်သည့်နေရာမဆို ယာဉ်လိုင်းများ ပြေးဆွဲရခြင်းရှိလာနိုင်သဖြင့် အဆိုပါ ယာဉ်လိုင်းပြေးဆွဲသူများ တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ရစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အရှုံးများနိုင်သည့် ယာဉ်လိုင်း ပြေးဆွဲသူများအား တစ်ဖက်တစ်လမ်း မှ စီးပွားရေးအထောက်အပံ့ ရနိုင်စေ ရန် ရန်ကုန်မြို့တွင်း ဓာတ်ဆီ၊ ဒီဇယ် ဆိုင်များ ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ် ကြောင်း ဦးဖြိုးမင်းသိန်းကပြောသည်။ ထိုကဲ့သို့ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သဖြင့် ရန်ကုန်မြို့တွင်း ဓာတ်ဆီ၊ ဒီဇယ်ဆိုင် များ အသစ်ဖွင့်လှစ်ခွင့်များကို ရပ် ဆိုင်းထားပြီးဖြစ်ကာ အများပိုင် ဘတ်စ်ကားလိုင်းအတွင်း အရှုံးပေါ် နိုင်မည့် ယာဉ်လိုင်းပြေးဆွဲသူများအား ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

]] မော်တော်ယာဉ်လိုင်းတွေ ကနေ အများပိုင်ဘတ်စ်ကားလိုင်းတွေ ပြောင်းလဲပြီး ပြေးဆွဲချိန်ရောက်ရင် အရှုံးပေါ်နိုင်မယ့်  လိုင်းတွေကို များ များ ပြေးဆွဲပေးသူအတွက် စီးပွားရေး လုပ်ငန်းတစ်ရပ်အနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆိုင်တွေ ဖွင့်ခွင့်ပေးမယ်။ မော် တော်ကားနဲ့ ဆီဆိုင်က တွဲဖက်ဖြစ်နေ တယ်။ အရှုံးပေါ်ခဲ့ရင် ပြည်သူလူထု အတွက် ဒီယာဉ်လိုင်းဟာ ဘယ်လောက် အနစ်နာခံပြီး ပြေးဆွဲခဲ့လည်းဆိုတဲ့ အပေါ်မှာ တစ်ဖက်ရတဲ့စီးပွားရေးနဲ့ ကူညီပေးနိုင်မှာ  ဖြစ်ပါတယ်}} ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အများပိုင်ကုမ္ပဏီများ တည် ထောင်ရာ၌ အများပြည်သူလူထုမှ ပါဝင်ရန်လိုအပ်ပြီး အစိုးရအနေဖြင့် အများပိုင်ကုမ္ပဏီများ ခိုင်မာတည်တံ့ စေရန် အစုရှယ်ယာအနေဖြင့် ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။                            

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။