BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ဆင်ဆာစနစ်တပ်ဆင်မည့် မီးပွိုင့်တိုင်ပေါင်း (၆၀) ပြီးစီးပြီ ဖြစ်ကာ တိုင်ပေါင်း (၆၀) ကျော်စိုက်ထူရန် ကျန်ရှိသေး

Control Centre မှ ထိန်းချုပ်ပြီး ဆင်ဆာစနစ်ဖြင့် ရန်ကုန်မြို့တွင် မီးပွိုင့် (၁၅၄) ပွိုင့်အား ပြုလုပ်သွားမည်ဖြစ်ရာ ဆင်ဆာမီးပွိုင့်တပ်ဆင်ရန် တိုင်ပေါင်း (၆၀) အား စိုက်ထူ ပြီးစီးသွားပြီဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ဒုရဲမှူးကြီး အောင်ကိုဦးက Auto Wrold ဂျာနယ်သို့ ပြောပြခဲ့သည်။

ပြည်လမ်း၊ ကမ္ဘာအေးဘုရား လမ်း၊ ပါရမီလမ်း၊ ရွှေဂုံတိုင်လမ်း၊ ဗားကရာလမ်း၊ ဘုရင့်နောင်လမ်း စသည့်နေရာများတွင် ဆင်ဆာစနစ်ပါရှိသော မီးပွိုင့်များ ဦးစား ပေး တပ်ဆင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ  ညွှန်ကြားထားကြောင်း သိရ သည်။ အဆိုပါလမ်းများရှိ မီးပွိုင့်များ အတွက် ဇူလိုင်လ (၂၁) ရက်နေ့အထိ ဆင် ဆာစနစ် တပ်ဆင်မည့် မီးပွိုင့် တိုင်ပေါင်း (၆၀) မှာ စိုက်ထူပြီးဖြစ်ကြောင်းသိရသည်။ LED မီးသီးများ ပြောင်းလဲ တပ်ဆင်ခြင်း မရှိသေးဘဲ မီးသီးများပြောင်းလဲ တပ်ဆင် ချိန်တွင် အဆိုပါ မီးပွိုင့်များ၌ ယာဉ်ထိန်းရဲ မှ လက်အချက်ပြစနစ်ဖြင့် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

]]ဆင်ဆာစနစ်က ရန်ကုန်မြို့တွင်း မီးပွိုင့် (၁၅၄) ပွိုင့်မှာ လုပ်မယ်။ အခု တိုင်တွေ စိုက်ထားတာ (၆၀) ပြီးသွားပြီ။ (၉၄) တိုင်ကျန်သေးတယ်။ အခုစိုက်ထား တဲ့တိုင်တွေက LED မီးသီးတွေ မလဲရသေး ဘူး။ လဲရင်တော့ ယာဉ်ထိန်းက လက်အချက် ပြစနစ်နဲ့ စနစ်တကျဖြစ်ဖို့ ဆောင်ရွက် သွားမယ်}}ဟု ဒုရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

ရန်ကုန်မြို့တွင်  အ၀ိုင်းပတ် သုံးခု ဖြစ်သော ဦးဝိစာရအ၀ိုင်း၊ ဦးထောင်ဘို အ၀ိုင်းနှင့် ဟံသာဝတီ အ၀ိုင်းပတ်များတွင် လည်း ဆင်ဆာစနစ်သုံး မီးပွိုင့်များတပ်ဆင် မည် ဖြစ်ပြီး အ၀ိုင်းပတ်စနစ်အား ဆင်ဆာ မီးပွိုင့်စနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော သွား လာမှုများနှင့်  မီးပွိုင့်များအား ဆင်ဆာ စနစ်ဖြင့် ထိန်းချုပ်ခြင်းကို Control Centre တည်ဆောက်ပြီးပါက စတင်ဆောင်ရွက် မည်ဖြစ်ပြီး အဆိုပါ ရန်ကုန်မြို့ မီးပွိုင့်ဗဟို ထိန်းချုပ်စနစ်အား မြန်မာရွှေယင်း ကုမ္ပဏီ မှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရ သည်။                          

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။