BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

အဝေးပြေးကားဝင်းနှင့် ယာဉ်ရပ်နားစခန်းရှိ ယာဉ်များစတင် ထွက်ခွာချိန်ကပင် စစ်ဆေးမှုပြုလုပ်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှစီစဉ်နေ

အောင်မင်္ဂလာ အဝေးပြေးဝင်း၊ ဒဂုံဧရာအဝေးပြေးဝင်း၊ ဘုရင့်နောင် ကားကြီးဝင်း၊ စော်ဘွားကြီးကုန်းကား ကြီးဝင်းအပြင် ဧရာဝတီတိုင်းဘက်မှ လာရောက်မှုများသည့် ဒလယာဉ်ရပ် နားစခန်းနေရာများတွင် ခရီးသည် တင်ဆောင်ယာဉ်များ၊ ကုန်စည်တင် ဆောင်ယာဉ်များ စတင်ထွက်ခွာချိန် ကပင်စစ်ဆေးမှုများပြုလုပ်ရန် ယာဉ် ထိန်းရဲတပ်ဖွဲ့မှ ကတ်ဘိနက် အစည်း အဝေးတွင် တင်ပြထားပြီးဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံ (ရန်ကုန်) မှ ဒုရဲမှူးကြီး အောင်ကိုဦး က Auto World ဂျာနယ်သို့ ပြောပြခဲ့ သည်။

ကုန်စည်ပစ္စည်းသယ်ဆောင်ရာ ၌ သတ်မှတ်ထားမှုထက် ပိုမိုတင် ဆောင်ခြင်းရှိ ^မရှိ၊ ယာဉ်မောင်း လိုင်စင်မှန်ကန်မှုရှိ ^မရှိအပြင် အရက် သေစာသောက်စား မောင်းနှင်ခြင်း များ၊ ခရီးစဉ် မှတ်တမ်းအတိုင်း မှန် ကန်မှုရှိ ^မရှိ၊ ယာဉ်မောင်း၊ စပယ်ယာ မှန်ကန်မှုရှိ ^မရှိစသည့် အချက်များကို အဝေးပြေးဝင်းများမှ စတင်ထွက်ခွာ ချိန်ကတည်းကပင် ယာဉ်ထိန်းရဲ တပ် ဖွဲ့၊ အမြန်လမ်း ရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် က.ည.န ကဲ့သို့သော သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စစ် ဆေးမှုများ ပြုလုပ်ရန် တင်ပြထား ကြောင်းသိရသည်။

]]ခရီးသည်တွေ အန္တရာယ်ကင်း ဖို့၊ အမြန်လမ်းပေါ်မှာ ယာဉ်မတော် တဆမှုတွေ ခဏခဏဖြစ်တဲ့အတွက် ဒါတွေမဖြစ်အောင် ကြိုတင်ကာကွယ် တဲ့အနေနဲ့ ကားဝင်းတွေကနေစပြီး ထွက်ကတည်းက တစ်ခါတည်းစစ် ဆေးဖို့ ကတ်ဘိနက်အစည်းအဝေး မှာ တင်ပြထားတယ်။ ခွင့်ပြုချက်ရရင် စပြီးဆောင်ရွက်မယ်}} ဟု ဒုရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

Express အဝေးပြေးယာဉ်လိုင်း များတွင် မောင်းနှင်မှုသည် ]င} ယာဉ် မောင်းလိုင်စင်ရရှိထားပြီးမှသာ မောင်း နှင်ခွင့်ရှိပြီး ]ခ} ယာဉ်မောင်း လိုင်စင်များ ဖြင့် မောင်းနှင်မှုများလည်း ရှိသဖြင့် စိစစ်ရန်လိုအပ်ကာ အမှန်တကယ် မောင်းနှင်ရမည့် ဒရိုင်ဘာ၊ စပယ်ယာ များဟုတ် ^မဟုတ်ကိုပါ စစ်ဆေးသွား ရန်လိုအပ်ကြောင်း ဒုရဲမှူးကြီးကပြော သည်။

အမြန်လမ်းမပေါ်သို့ ရောက်ရှိ ချိန်မှသာ စစ်ဆေးပါက ကြန့်ကြာမှု များရှိနိုင်သဖြင့် ခရီးသည်တင်ယာဉ် များ၊ ကုန်စည်တင်ယာဉ်များ ကား ၀င်းများမှ စတင်ထွက်ခွာချိန် တပြိုင် နက်တည်း စစ်ဆေးရန်ပြုလုပ်နေပြီ ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှုအာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီးဖြစ် ရန် တင်ပြဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။