BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ရန်ကုန် ကားသွင်းမူဝါဒ အတည်ဖြစ်ရန် စောင့်ဆိုင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ကားပါကင်ထောက်ခံ ချက်စနစ်ဖြင့် ကားတင်သွင်းခွင့်ကို ရပ်ဆိုင်းထားခဲ့ရာ သုံးလကျော်ပြီဖြစ် သဖြင့် အတည်ပြုနိုင်မည့် မူဝါဒတစ်ခု ရရှိနိုင်ရန် ကားတင်သွင်းနေသည့် လုပ်ငန်းရှင်များက မျှော်လင့်နေကြ သည်။

]]မူဝါဒတစ်ခုကို ရပ်ထားတယ် ဆိုတာ လုပ်ငန်းတွေကို ရပ်ခိုင်းထား တာနဲ့ အတူတူပါပဲ}} ဟု ကားတင် သွင်းသည့် လုပ်ငန်းရှင်တစ်ဦးကဆို သည်။ အထူးသဖြင့် အရောင်းပြခန်း များ၊ ကုမ္ပဏီများအနေဖြင့် ရန်ကုန် လိုင်စင်ဖြင့် ကားတင်သွင်းရောင်းချ နေရခြင်းဖြစ်ရာ လုပ်ငန်းများအတွက် အခက်အခဲ  ကြုံတွေ့လာကြောင်း သတင်းရရှိသည်။

လက်ရှိ အခြေအနေကြောင့် ကားဈေးများမှာလည်း  အရောင်း အ၀ယ်မရှိသည့်တိုင် ဈေးနှုန်းလုံးဝ ကျဆင်းခြင်းမရှိသည့် အခြေအနေဖြစ် နေသည်။ သို့ဖြစ်ရာ မူဝါဒ သို့မဟုတ် ဥပဒေ အတည်မပြုနိုင်သေးသည့် အခြေအနေတွင် တစ်စုံတရာဖြေရှင်း နိုင်မည့် ညွှန်ကြားချက်၊ လမ်းညွှန် ချက်တစ်ခု လိုအပ်ကြောင်း မော်တော် ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းရှင် အသင်းဝင်တစ်ဦးက ဆိုသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။