BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

တရားဥပဒေစိုးမိုးမှုအားနည်းသည့်နေရာဒေသများတွင် လိုင်စင်မဲ့ယာဉ်စီးနင်းမှု များပြားနေဆဲဖြစ်ကာ အရေးယူဆောင်ရွက်ရန် ခက်ခဲနေသေး

News Image: 

တရားဥပဒေစိုးမိုးလွှမ်းခြုံ့မှု အားနည်းသည့်နေရာဒေသများတွင် လိုင်စင်မဲ့ယာဉ်များ စီးနင်းမှုများပြား နေဆဲဖြစ်ကာ အရေးယူဆောင်ရွက်ရန် ခက်ခဲနေသေးကြောင်း နေပြည်တော်ရှိ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်ထွေးက Auto World ဂျာနယ်သို့ပြောပြခဲ့သည်။

နယ်စပ်ဒေသနှင့် ဆက်စပ် ပတ်သက်နေသော နေရာဒေသများ တွင်   ပြည်နယ်နှင့် တိုင်းအလိုက်      လိုင်စင်မဲ့ယာဉ်များ စီးနင်းမှုများပြား ဆဲဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်း ရေးရယူထားခြင်းမရှိသေးသော ဧရိယာတွင် ပိုမိုများပြားကြောင်းသိရ သည်။ လက်ရှိအချိန်တွင် မြန်မာတစ် နိုင်ငံလုံး၌ လိုင်စင်မဲ့ယာဉ်စီးနင်းမှု များကို အဆက်မပြတ် ဖမ်းဆီးအရေး ယူဆောင်ရွက်နေသော်လည်း အဆိုပါ နေရာဒေသများတွင်မူ   အရေးယူ ဆောင်ရွက်ရန် ခက်ခဲနေသေးကြောင်း ပြောသည်။

]]တရားဥပဒေစိုးမိုးမှုအားနည်း ပြီး လွှမ်းခြုံမှု အားနည်းတဲ့နေရာတွေ မှာတော့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီး အရေးယူရတာ  ခက်ခဲနေပါသေး တယ်။   ပြောရရင် နယ်စပ်ဒေသနဲ့ ထိစပ်ပတ်သက်နေတဲ့  နေရာတွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးမယူရသေး တဲ့ ဧရိယာတွင်းမှာ  သူတို့နဲ့ ပတ် သက်ဆက်နွှယ်တဲ့   သူတွေတိုင်း      လိုင်စင်မဲ့ယာဉ်တွေ စီးကြတာပိုများ တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးဆောင် ရွက်နေပေမယ့် အဲ့ဒီလိုနေရာတွေမှာ ခက်ခဲနေပါသေးတယ်}} ဟု ရဲမှူးကြီး ကျော်ထွေးက ပြောသ်ည။

ယခင်နှစ်တွင် ဖွဲ့စည်းခဲ့သော အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး  ကောင်စီ (National Road Safety Council- NRSC)အား   ဗဟိုအဆင့်အပြင် တိုင်းနှင့်  ပြည်နယ်အဆင့်အလိုက် ထပ်မံဖွဲ့စည်းဆောင်ရွက်သွားရန် ရှိ ကာ တိုင်းနှင့်ပြည်နယ်နေရာဒေသ ဧရိယာအတွင်း Road Safety နှင့် Without  ယာဉ်ဖမ်းဆီးမှုလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ် ဒေသများ အဆင့်  ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေး ကော်စီအဖွဲ့ များရှိလာပါက နေရာဒေသ အလိုက် ညွှန်ကြားချက်များအတိုင်း ဆောင် ရွက်ရမည်ဖြစ်ပြီး Road Safety လုပ်ငန်းများအပြင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။