BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ဈေးပြန်လည်မြင့်တက်

News Image: 

ယခုလဒုတိယပတ် အတွင်းမှ စတင်ကာ ပြန်လည်မြင့်တက်လာ သော ပြည်တွင်း အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း  ပြင်ပဈေးကွက် အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် (၁၁၈၀) နီးပါးသို့ ပြန်လည် မြင့်တက်ခဲ့ကြောင်း သိရ သည်။ ယခင်ဒုတိယပတ်အတွင်း ပြင်ပဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး (၁၁၆၅) ကျပ်၊ ရောင်းဈေး (၁၁၆၉) ကျပ်ဝန်း ကျင်ရှိခဲ့ရာ လက်ရှိ ဇူလိုင်လ ဒုတိယ အပတ်တွင် ၀ယ်ဈေး (၁၁၇၅) ကျပ်၊ ရောင်းဈေးကျပ် (၁၁၈၀) ၀န်းကျင် သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အမေရိကန် ဒေါ်လာဈေးသည် ကမ္ဘာ့ဈေးကွက်တွင်လည်း ပြန်လည် မြင့်တက်လာပြီး ၀ယ်လိုအားရှိနေ သည့်အတွက် ဈေးပြန်လည်တက်လာ ခဲ့ကြောင်း  သိရသည်။ စီးပွားရေး ပညာရှင်တစ်ဦးက ]]ကမ္ဘာ့ဈေးကွက် မှာလည်း ဒေါ်လာဈေးက တဖြည်း ဖြည်းတော့ပြန်တက်နေတယ်။ လက်ရှိ မြန်မာနိုင်ငံမှာက ပထမရက် တစ်ရာစီမံကိန်းလည်း ပြီးသွားချိန်မှာ ကုန်သွယ်မှုလက်ကျန်ရှင်းတမ်းမှာ အရှုံးတော်တော်လေးပြထားတယ်။ အဲ့ဒီလိုဖြစ်တိုင်း ငွေကြေးဖောင်းပွမှု ဖြစ်ပြီးတော့ ဒေါ်လာဈေးနှုန်းကတော့ ပုံမှန်မြင့်တက်လေ့ရှိပါတယ်။ ဒါပေ မယ့် အခုဈေးနှုန်းကတော့ သိသိသာ သာမပြောင်းဘူး။  အဲ့ဒါကြောင့် ဈေးနှုန်းသိသိသာသာ  မတက်ဘူး}} ဟုပြောသည်။               

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။