BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

သန်လျင်တံတား ယာဉ်ကြောကျပ်တည်းမှု ဖြေလျော့လာပြီဖြစ်ကာ ဆက်လက်ဖြစ်ပွားပါက အခြားနည်းလမ်းတစ်ရပ်ဖြင့်ဖြေရှင်းရန်စီစဉ်ထား

News Image: 

သန်လျင်တံတားပေါ်သို့ (၂၅) တန်အောက် ကုန်တင်ယာဉ်များသာ ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင် (၁၅) ရက်နေ့မ စတင်ကန့်သတ်လိုက် ပြီး နောက်ပိုင်းယာဉ်ကြောကျပ်တည်း မှုအထိုက်အလျောက် ဖြေလျော့သွားပြီ ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ဒုရဲမှူး ကြီး အောင်ကိုဦးကပြောသည်။

သစ်လုံးတင်ယာဉ်များ၊ (၂၄) ဘီးယာဉ်များ၊ ကွန်ကရစ်ဖျော်ယာဉ် များ၊ အုတ်သဲကျောက်တင်ယာဉ်များ အား သန်လျင်တံတားပေါ်သို့ ဖြတ် သန်းခွင့်  မပေးတော့ဘဲ ကုလားဝဲ တံတားမှသာ ခွင့်ပြုပေးသဖြင့် ယာဉ် ကြောကျပ်တည်းမှု  သင့်တင့်စွာ လျော့သွားကြောင်း သိရသည်။

သန်လျင်တံတား၏ လက်ရှိ မြေပြင်အနေအထားအား စောင့် ကြည့်လေ့လာနေဆဲဖြစ်ကာ ယာဉ် ကြောကျပ်တည်းမှု ဆက်လက်ဖြစ် ပွားနေသေးပါက ဖြေရှင်းရန်အခြား နည်းလမ်းတစ်ရပ် စီစဉ်ထားကြောင်း ဒုရဲမှူးကြီးအောင်ကိုဦးကပြောသည်။ ယာဉ်ကြောကျပ်တည်းမှု ဆက်လက် ဖြစ်ပွားနေပါက One Way အဖြစ် ပြောင်းလဲမည့်  လမ်းကြောင်းများ ဆက်လက်စီစဉ်ထားကြောင်း  သိရ သည်။

]]အခုလက်ရှိကတော့ ယာဉ် ကြောကျပ်တာ အထိုက်အလျောက် လျော့သွားပြီ။ စောင့်ကြည့်နေတယ်။ ယာဉ်ကြောကျပ်တာ ဆက်ဖြစ်နေဦး မယ်ဆိုရင် တခြားနည်းလမ်းတွေအရန် စီစဉ်ထားပါတယ်။ ထပ်ဖြစ်နေသေး ရင် One Way လုပ်မယ့် အစီအစဉ်ရှိ တယ်။ ရတနာလမ်းကနေ ရှုခင်းသာ လမ်းကို ပြန်ပတ်တဲ့ဟာတွေ၊ One Way လုပ်ဖို့ရှိတယ်။ ဒီလိုဆောင်ထား တာတွေရှိတယ်}}ဟု ဒုရဲမှူးကြီး အောင်ကိုဦးကပြောသည်။

သန်လျင်တံတား ဖြတ်သန်း သွားလာရာ၌ ယာဉ်ကြောကျပ်တည်း မှုများ ဖြစ်ပွားနေခြင်းကို မြေပြင် ကွင်းဆင်းလေ့လာခဲ့ပြီး နောက်ပိုင်း ဇူလိုင်လ (၁၅) ရက်နေ့မှစကာ (၂၅) တန်အောက်ယာဉ်များသာ ဖြတ်သန်း သွားလာခွင့်ပြုခဲ့ပြီး တန်ပိုဂိတ်အား ကုလားဝဲတံတားသို့ ပြောင်းရွှေ့ခြင်း၊ သန်လျင်  မြို့ဝင်ကြေးကောက်ခံဂိတ် အား ယခင်ဂိတ်ဟောင်းနေရာသို့ ရွှေ့ ပြောင်းဆောင်ရွက်ထားကြောင်း သိရ သည်။                        

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။