BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေး မြင့်တက်နေသည့်အပြင် မြန်မာ့ရွှေ ဈေးသည် သိသိသာသာကျဆင်းလာ ခြင်း မရှိသည့်အတွက် (၂၀၁၆) နှစ် ကုန်အထိ တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်းအောက်သို့ ကျဆင်းဖွယ်မရှိ ကြောင်း ရွှေလုပ်ငန်းရှင် အသိုက် အ၀န်းများထံမှ သိရသည်။
မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေ ဈေး မြင့်တက်လာမှုကြောင့် ဇွန်လမှ စ၍ တစ်ကျပ်သားလျှင် ကျပ်ရှစ်သိန်း နှင့်အထက်သို့ မြင့်တက်ခဲ့ပြီး အမြင့် ဆုံးဈေးသည် ဇူလိုင်လအတွင်း တစ် ကျပ်သားလျှင် ကျပ်ရှစ်သိန်းခွဲဝန်း ကျင်ရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ ရွှေဈေးသည် ဇွန် (၂၄) ရက်နေ့မှစ၍ တစ်အောင်စလျှင် ဒေါ်လာ (၁၂၈၀) ၀န်းကျင်ရှိရာမှ ဒေါ်လာ (၁၃၄၀) ၀န်းကျင်သို့ မြင့်တက်သွားခဲ့ပြီး လက်ရှိအချိန်အထိ အမြင့်ဆုံးဈေး သည် တစ်အောင်စလျှင် ဒေါ်လာ (၁၃၇၀) ၀န်းကျင်အထိ ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဒေါ်လာငွေ ပေါက်ဈေးသည်လည်း ပြင်ပပေါက် ဈေးများအရ (၂၀၁၆) ခုနှစ်မတ်လ တွင် တစ်ဒေါ်လာလျှင် (၁၃၁၁) ကျပ်ရှိရာမှ ဧပြီလမှစ၍ တစ်ဒေါ်လာ လျှင် ကျပ် (၁၁၅၀) ၀န်းကျင်သို့ ကျဆင်းခဲ့သော်လည်း ဇွန်လနှင့် ဇူလိုင်လတွင် တစ်ဒေါ်လာလျှင် ကျပ် (၁၁၉၀) ၀န်းကျင်ထိ ပြန်လည်မြင့် တက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရွှေဈေး သည် (၂၀၁၄) ခုနှစ်တွင် တစ်ကျပ် သားလျှင် (၆၉၀၀၀၀)ကျပ်ဝန်းကျင်၊ (၂၀၁၅) ခုနှစ်တွင် တစ်ကျပ်သား လျှင် (၈၀၃၀၀၀)ကျပ် ၀န်းကျင်နှင့် (၂၀၁၆) ခုနှစ်တွင် တစ်ကျပ်သားလျှင် (၈၅၀၀၀၀) ကျပ်ဝန်းကျင်အထိ အမြင့်ဆုံးဈေးရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် (၂၅) ရက်ဈေးများ အရ မြန်မာ့အခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် (၈၃၆၀၀၀)၊ (၁၅) ပဲရည် တစ်ကျပ်သားလျှင် ကျပ် (၇၈၆၈၀၀) ရှိပြီး ကန်ဒေါ်လာလဲလှယ်နှုန်းသည် ဗဟိုဘဏ်ညွှန်းကိန်းအရ တစ်ဒေါ်လာ လျှင် ကျပ် (၁၁၈၁) ဖြစ်ကြောင်းသိရှိ ရသည်။