BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

လာမည့်တစ်ပတ်အတွင်း မြို့တွင်းပြေးဆွဲ ယာဉ်လိုင်း (၂၅) လိုင်းလျှော့ချမည် ဖြစ်ပြီး အများပိုင်ဘတ်စ်ကားလိုင်းများအတွက် ပထမအဆင့်ပြုလုပ်ခြင်းဖြစ်

ရန်ကုန်မြို့တွင်း  ပြေးဆွဲနေ သည့် ယာဉ်လိုင်း (၃၅၈) လိုင်းရှိ ယာဉ်လိုင်း (၂၅) လိုင်းအား လာမည့် တစ်ပတ်အတွင်း လျှော့ချမည်ဖြစ်ကာ အများပိုင် ဘတ်စ်ကားလိုင်းများ ပြေး ဆွဲရန်အတွက် ကနဦး ပထမအဆင့် ပြုလုပ်ခြင်းဖြစ်ကြောင်း  ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မောင်အောင်က ပြောသည်။

အများပိုင် ဘတ်စ်ကားကုမ္ပဏီ များ ခြောက်ခု၊ ခုနစ်ခုခန့် တည် ထောင်သွားမည်ဖြစ်ကာ ယခုနှစ် မ ကုန်မီကာလတွင်း အများပိုင်ဘတ်စ် ကားလိုင်းများ ပြေးဆွဲမှု အကောင် အထည် ဖော်မည်ဖြစ်ကြောင်း သိရ သည်။ ထို့အတွက် မြို့တွင်း ပြေးဆွဲ ယာဉ်လိုင်း (၃၅၈) လိုင်းတွင်းရှိသော အချို့ ယာဉ်လိုင်းများသည် ပြေးဆွဲ ရန်လိုင်းယူထားသော်လည်း ကားမရှိ ခြင်း၊ လိုင်းတူဖောင်းပွနေခြင်းများ ရှိ နေရာ ထိုလိုင်းများကို စနစ်တကျ ဖြစ်စေရန် ပထမအဆင့် အနေဖြင့် ယာဉ်လိုင်း (၂၅) လိုင်းကို လာမည့် တစ်ပတ်အတွင်း လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။

]]လာမယ့်  တစ်ပတ်အတွင်း လိုင်း (၂၅) လိုင်းလောက် လျှော့ချ မယ်။ ဒါက ပထမအဆင့်ပေါ့နော်။ ချက်ချင်းကြီးလုပ်လို့ စီးစရာ ကားမရှိ ဘူးဆိုတာ မဖြစ်ရအောင် သေချာစိစစ် နေတယ်။ တတိယအဆင့်ရောက်ရင် သိသိသာသာလျော့ကျသွားနိုင်တယ်}} ဟု ဒေါက်တာမောင်အောင်က ပြော သည်။ အများပိုင် ဘတ်စ်ကားများ တည်ထောင်မှု  အားကောင်းပါက ယာဉ်လိုင်းကြီးများ  ပိုမိုရရှိနိုင်ကာ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်း တို့တွင် ယာဉ်လိုင်း တစ်လိုင်းတည်း သာ ပြေးဆွဲမှုရှိလာနိုင်မည် ဖြစ် ကြောင်း သိရသည်။

(၂၀၁၆) မကုန်မီ အတွင်း အများပိုင် ဘတ်စ်ကားကုမ္ပဏီများ တည်ထောင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ မှုကော်မရှင်၊ ငွေကြေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီတို့တွင် ခွင့်ပြုချက်ရယူရဦး မည်ဖြစ်ကာ ကုမ္ပဏီခုနစ်ခုခန့်ဖြင့် စတင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ အများပိုင် ဘတ်စ်ကား လိုင်းများ စတင်ပြေးဆွဲပါက လက်ရှိ ပြေးဆွဲနေသော ကားဟောင်းများအား ကားသစ်များနှင့် လှဲလှယ်ရမည်ဖြစ် ပြီး အနိမ့်ဆုံး (၂၀၀၆) မော်ဒယ် ၀န်းကျင်ကားများဖြင့် အစားထိုးရန် လျာထားကြောင်း သိရသည်။ ကား ဟောင်း ရောင်းချကာ ကားသစ် လှဲ လှယ်သော ယာဉ်ပိုင်ရှင်များအား အ ရစ် ကျစနစ်ဖြင့် ကားဝယ်ယူနိုင်ရန် ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ပေး မည်ဖြစ်ပြီး အစိုးရမှ နှစ်ရှည်ချေးငွေ များ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။     

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။