BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

]ခ} လိုင်စင်ဘတ်စ်ယာဉ်များ ကားသစ်များဖြင့် လဲလှယ်နိုင်ရန် ဘဏ်ချေးငွေ ကူညီမည်

ရန်ကုန်မြို့တွင်း၌ ပြေးဆွဲနေ သော ]ခ} လိုင်စင် ဘတ်စ်ယာဉ်များ အား မြို့တွင်းပြေးဆွဲနေမှုအား တား မြစ်သွားမည်ဖြစ်ကာ ယာဉ်သစ်များ ဖြင့် လဲလှယ်ဝယ်ယူနိုင်ရန် ဘဏ်ချေး ငွေများဖြင့် ကူညီထောက်ပံ့ပေးသွား ရန်စီစဉ်ထားကြောင်း သိရှိရသည်။

]]ဟုတ်ပါတယ်၊ ကျွန်တော်တို့ အနေနဲ့  ဒါက Transport System ရဲ့ ခြေလှမ်းအစပါ။ ဒီကားတွေကို မြို့ထဲမှာ ပေးမဆွဲတော့ပါဘူး။ နောက်တစ်ခါ ]ခ} လိုင်စင်ကားတွေကို လဲမယ်ဆိုရင် လဲနိုင်အောင် ဘဏ် တွေရဲ့ ချေးငွေစနစ်နဲ့ ကူညီပေးသွားဖို့ စီစဉ်နေပါတယ်။ ဒါမှ အဆင်ပြေ အောင်ပါ။ နောက်တစ်ခါ ဘဏ်ချေး ငွေနဲ့ဆိုရင် ပိုအဆင်ပြေတယ်လို့ ယာဉ်လိုင်းပိုင်ရှင်အချို့က ထောက်ပြ ထားတာ ရှိပါတယ်။ ဒါကြောင့် ဒီလို စီစဉ်ပေးထားတာပါ}} ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အဖွဲ့မှ ဒေါက်တာမောင်အောင်က ပြောပြခဲ့သည်။

ယာဉ်လိုင်းပိုင်ရှင် တစ်ဦး ဖြစ် သူ ကိုတရုတ်လေးမှလည်း ယင်းကဲ့ သို့ဆောင်ရွက်ပေးရန်အတွက် အကြံ ပြုခဲ့ဖူးသည်။ ]]ယာဉ်ဟောင်းတွေကို မြို့အင်္ဂါရပ်နဲ့ညီအောင် လုပ်မယ်ဆို ရင် ကားသစ်တွေနဲ့ လဲဖို့လိုတယ်။ ဒီလိုလဲတဲ့ နေရာမှာလည်း အစိုးရ အနေနဲ့ ဘဏ်ချေးငွေလိုဟာမျိုး စီစဉ်ပေးမှလဲနိုင်မှာပါ}} ဟု ပြောခဲ့ သည်။

လက်ရှိတွင် Yangon Trans-portation Group အနေဖြင့် မြို့တွင်း ပြေးဆွဲနေသော ယာဉ်လိုင်း (၂၅) လိုင်းအားလည်း ဖျက်သိမ်းရန် အတွက် တိုင်းဒေသကြီးအဖွဲ့ထံ တင် ပြထားသည်။ ယင်းကဲ့သို့ ဖျက်သိမ်း မည့်ယာဉ်လိုင်းများမှာ လမ်းကြောင်း တူ ယာဉ်လိုင်းများသာ ဖြစ်ကြောင်း လည်း သိရှိရသည်။ ထိုသို့ဖျက်သိမ်း မည့်လုပ်ငန်းစဉ်များအား သြဂုတ်လ ဆန်း နောက်ဆုံးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။     

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။