BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မန္တလေး-ပြင်ဦးလွင် လမ်းသစ်ဖောက်လုပ်ရေး Hyundai ကုမ္ပဏီက နည်းပညာ အကူအညီပေးမည်

မန္တလေး-ပြင်ဦးလွင် လမ်းသစ် အတွက် လမ်းအူကြောင်း ဖောက်လုပ် လျက်ရှိရာ မက်စောက်သည့် တောင် တစ်ခုကို ဖြတ်သန်းရမည် ဖြစ်၍ လိုအပ်ပါက လိုဏ်ခေါင်းဖောက်လုပ် သွားရန် ကိုရီးယားနိုင်ငံ Hyundai ကုမ္ပဏီမှ နည်းပညာပိုင်း အကူအညီ ပေးသွားမည်ဖြစ်ကြောင်း Axiom Mandalay Highway Construction Co., Ltd. မှသိရသည်။

Axiom Mandalay Highway Construction Co., Ltd. က (၂၀၁၆) ခုနှစ် ဖေဖော်ဝါရီ (၂၃) ရက်နေ့က BOT စနစ်ဖြင့် ဆောင်ရွက်ရန် စာချုပ် ချုပ်ဆိုခဲ့ပြီး Hyundai ကုမ္ပဏီမှ အင်ဂျင်နီယာ Mrs. Kim Yeong Min နှင့် အဖွဲ့မှ နည်းပညာများ အကူအညီ ပေးရန် ဇူလိုင် (၂၄) ရက်နေ့က လမ်းပိုင်းများသို့ ကွင်းဆင်း လေ့လာ ခဲ့သည်။

]]လမ်းသစ်ပြီးသွားရင် လက်ရှိ သွားနေတဲ့ လမ်းပိုင်းထက်-တစ်ဝက် နီးပါး ခရီးတို သွားမှာ ဖြစ်တယ်။ မြေပြန့်လမ်းပိုင်းစင်္ကာပူနဲ့ ထိုင်းနိုင်ငံ အင်ဂျင်နီယာများနဲ့ ဖောက်လုပ်သွား မယ်။ မတ်စောက်တဲ့ တောင်တစ်ခု ရှိတော့ လိုအပ်ရင် ဥမင်လိုဏ်ဖောက် မှာဖြစ်ပါတယ်}} ဟု Axiom Mandalay Highway မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

စုစုပေါင်းလမ်းပိုင်းအရှည် မိုင် (၂၀) ခန့်ရှိရာ ကတ္တရာလမ်းအကျယ် (၂၄) ပေ၊ လမ်းပုခုံးသား တစ်ဖက် လျှင် (၃) ပေနှင့် ရေဆင်းမြောင်းအပါ အ၀င် ပေ (၅၀) ကျယ်ကြောင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း လမ်းအ ရှည် (၂) မိုင်  ကတ္တရာလမ်းနှင့် မြေသားလမ်း (၄) မိုင်၊ ပြင်ဦးလွင် မြို့နယ် အနီးစခန်းနှင့် တိုးကြီးကုန်း ကျေးရွာအထိ လမ်းအူကြောင်း (၂) မိုင်ထိ ဖောက်လုပ်ပြီးကြောင်း  သိရ သည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်  ကြီးမြို့နယ်မှ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းအနီးတွင် မူလလမ်းပိုင်းနှင့် ပေါင်းဆုံမည်ဖြစ်ပြီး လမ်းသစ် တ လျှောက်တွင် ပေ (၂၀၀) အမြင့် တောင်ကုန်း (၂) ခုနှင့် ပေ (၄၀၀) ၀န်းကျင်မြင့်သည့် တောင်ကုန်းများ အပြင် တံတား (၁၀) ခုနှင့် ရေနံပိုက် လိုင်းတစ်ခုကို ဖြတ်သန်းရမည်ဖြစ် ကာ ယခုဖောက်လုပ်သည့် လမ်းပိုင်း ပြီးစီးပါက မိုင် (၂၀) ခန့်ခရီးတို သွားမည်ဟု သိရသည်။

လက်ရှိ မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းသည် မိုင် (၄၀) ကျော်ရှိ၍ မန္တလေး-မူဆယ် လမ်းပိုင်းတစ်စိတ် တစ်ဒေသဖြစ်၍ (၂၂) ဘီးနှင့် ကုန် တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်များ အစီးရေတစ် ထောင်ကျော် ဖြတ်သန်းသွားလာနေ ခြင်းဖြစ်ပြီး မန္တလေးနှင့် ပြင်ဦးလွင် အကြား နှစ်လမ်းမောင်း ဖြစ်သော် လည်း ယာဉ်ကြော  ပိတ်ဆို့မှုများ ရှိနေသည်ဟု ဆိုသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။