BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ဘယ်မောင်းယာဉ်များသာ တင်သွင်း ရမည့်မူဝါဒများ ပါဝင်လာမည့် မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ မူဝါဒ ရေးဆွဲနေဆဲဖြစ်

News Image: 

ပြည်တွင်း၌ မော်တော်ယာဉ် ထုတ်လုပ်မှု ပြုလုပ်နိုင်သော အဆင့် နှင့် ဘယ်မောင်းယာဉ်များသာ တင် သွင်းရမည့် မူဝါဒများ ပါဝင်လာမည့် မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ မူဝါဒမှာ ရေးဆွဲနေဆဲကာလ  ဖြစ် ကြောင်း   စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြန် ကြားရေးတာဝန်ရှိသူက Auto World ဂျာနယ်သို့ ပြောပြခဲ့သည်။

SKD, CKD စနစ်ဖြင့်သာ ကား များအား ပြည်တွင်း၌ တပ်ဆင်ထုတ် လုပ်ခြင်းမျိုး မဟုတ်ဘဲ ကားထုတ်   လုပ်သည့်အဆင့်သို့  ရောက်ရှိနိုင်မည့်  မူဝါဒများ၊   အချိန်အကန့်အသတ် တစ်ခုအတွင်းသာ ညာမောင်းကား များ တင်သွင်းပြီး နောက်ပိုင်း ဘယ် မောင်းကားများသာ တင်သွင်းရမည့် မူဝါ၏များ   ပါဝင်လာနိုင်ကြောင်း သိရသည်။

ကားတစ်စီး၏ အစိတ်အပိုင်း များ တင်သွင်းလာပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် SKD, CKD စနစ်မျိုးသာမကဘဲ ကားထုတ်လုပ် သည့် အဆင့်ထိ ပြုလုပ်နိုင်ရန်နှင့် အခွန်စနစ်များ မည်ကဲ့သို့ ကောက်ခံ မည်ဆိုခြင်းကို ထည့်သွင်းဆွေးနွေး ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

]]အခုက SKD, CKD က အစိတ်အပိုင်း သွင်း၊ ဒီမှာဆင်ပြီး ထုတ်လုပ်ရောင်းချတာပေါ့။ အခုကျ တော့ ကားကိုထုတ်လုပ်နိုင်တဲ့ အဆင့် တွေ၊ ပါဝင်မယ့် မူဝါဒတွေ ရေးဆွဲ နေတယ်။  အားလုံး ခြုံငုံသုံးသပ်ပြီး ရေးဆွဲနေတယ်။ နောက်အခွန်ကောက် ခံမှုစနစ်တွေက ဘယ်လိုလာမလဲပေါ့။ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ မူဝါဒ အားလုံးဘက်စုံ၊ ထောင့်စုံသုံး သပ်ပြီးမှ ရေးဆွဲရမှာပါ}} ဟု စီးပွား ကူးသန်း ပြန်ကြားရေးတာဝန်ရှိသူမှ ပြောသည်။

           ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ထားသော မော်တော်ယာဉ်ဥပဒေ တွင်း မြန်မာနိုင်ငံလမ်းစနစ်နှင့် ကိုက် ညီသော ဘယ်မောင်းယာဉ်များသာ တင်သွင်းရန် အချက်လည်းပါရှိပြီး ဖြစ်၍ အချိန်အကန့်အသတ်တစ်ခု အတွင်း၌ ညာမောင်းကားများသာ တင်သွင်းခြင်းနှင့် လမ်းစနစ်ကို ကိုက် ညီမှုမရှိသော ဘယ်မောင်းယာဉ်များ သာ တင်သွင်းရမည့် အချက်များ    မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ  မူဝါဒတွင်း   ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် တင်သွင်းခြင်း ဆိုင်ရာ မူဝါဒအားရေးဆွဲရာ၌ မော် တော်ယာဉ် တင်သွင်းခြင်းနှင့် သက် ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီတွင်း ပါဝင်သော စီးပွား ကူးသန်း၊ အကောက်ခွန်၊ ပြည်တွင်း အခွန်၊ က.ည.န နှင့် အခြား သက် ဆိုင်ရာဌာနများမှ ပါဝင်ရေးဆွဲနေ ကြောင်းသိရသည်။ အစိုးရသစ်လက် ထက်မော်တော်ယာဉ် တင်သွင်းခြင်း နှင့် ပတ်သက်သော မူဝါဒရေးဆွဲပြီး ပါက နှစ်မကုန်မီကာလတွင်း ထုတ်ပြန် ပေးသွားဖွယ်ရှိကြောင်း သိရသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။