BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

မော်တော်ယာဉ်ဥပဒေ ခေတ်နောက်ပြန်ဆွဲ ဟု လုပ်ငန်းရှင်အချို့ ဝေဖန်

News Image: 

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နိုင်ငံပိုင်စီးပွားရေး လုပ် ငန်းများ ပြန်လည်စတင်မည့် သဘော ထားများ ပါဝင်ခြင်းကြောင့် ယင်းသို့ ဝေဖန်ကြခြင်းလည်း ဖြစ်သည်။

ဥပဒေကြမ်းတွင် ကုန်းလမ်းပို့ ဆောင်ရေးအဖွဲ့သည် ၎င်းင်း၏ မတည် ငွေဖြင့် အများပြည်သူကို ဖိတ်ခေါ် ပြီးအများပိုင် ကော်ပိုရေးရှင်းများ ထူထောင်ရန်၊ ထို့ပြင် ကုန်းလမ်း ပို့ဆောင်ရေး တစ်လျှောက် ကုန်စည် သိုလှောင်တင်ဆောင်ခြင်း၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းများ၊ ဟိုတယ်၊ တည်းခို ခန်းများ၊ စားသောက်ဆိုင်များအထိ လုပ်ကိုင်ခြင်းများ ပါဝင်လာသည်။

]]အရှုံးခံလုပ်ရင် အစိုးရ ဘက် ဂျက်ထိမယ်။ အမြတ်ရအောင် လုပ် ရင် အစိုးရက  မိုနိုပိုလိုက်ဇ်လုပ်ပြီး ကြိုးကိုင် ခြယ်လှယ်တဲ့ သဘောပဲ။ ဘယ်ဘက်ကကြည့်ကြည့် မကောင်း ဘူး}} ဟု  စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

နိုင်ငံတော်အစိုးရက ထုတ်ပြန် လိုက်သည့်   စီးပွားရေးမူဝါဒတွင် ပါဝင်သည့်  အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို မြေတောင် မြှောက်ပေးမည့်   အချက်နှင့်လည်း လုံးဝ ဆန့်ကျင်လျက်ရှိကြောင်း ၎င်းင်း က ဆိုသည်။

]] မဆလခေတ် ကတည်းက လက်ဝါးကြီး အုပ်လာတဲ့ ကပရကို ထပ်ပြီး အသက်သွင်းလိုက်တာပဲ။ ဆီးသီးဗန်းမှောက်ဖို့   သေချာသ လောက်ပဲ}}ဟု ၎င်းင်းက ဆိုသည်။ 

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။