BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ
ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ ယခင်က အစိုးရ စက်သုံး ဆီဈေးနှုန်းကို တစ်နှစ်လျှင် တစ်ကြိမ် ပြောင်းလဲ သတ်မှတ်ပြီး ယင်းနှုန်းဖြင့် သာ နှုန်းသေသတ်မှတ်ရောင်းချခဲ့ရာ မှ ယခုအခါ တစ်လတစ်ကြိမ် နှုန်း ရှင်ဈေးနှုန်းပြောင်းလဲ သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။
ဒီဇယ်ဆီသာမက စီဂျီအို၊ ဆီ ပြာစသည့် ကုန်ကြမ်းသုံးဆီများကို လည်း အလားတူပြောင်းလဲသတ်မှတ် ရောင်းချနေကြောင်းသိရသည်။ ယခင် ကအစိုးရက နှုန်းသေ သတ်မှတ် ရောင်းချနေသော ဒီဇယ်ဆီ၊ စီဂျီအို၊ ဆီပြာဈေးနှုန်းများကို တစ်လတစ် ကြိမ်ပြောင်းလဲ သတ်မှတ်လိုက်သော ကြောင့် အစိုးရက ရောင်းချနေသော ဆီများသည် ယခုလအတွင်း ဈေးနှုန်း ထက်ဝက်ခန့် ကျဆင်းလာပြီး ယခင် က ဒီဇယ်ဆီတစ်ဂါလန် (၂၅၀၀) ကျပ် ရှိရာမှ (၂၀၀၀) ကျပ်၊ စီဂျီအို တစ်ဂါလန် (၂၇၀၀) ကျပ်ရှိရာမှ (၁၅၅၀) ကျပ်၊ ဆီပြာတစ်ဂါလန် (၃၅၀၀) ကျပ်ရှိရာမှ (၁၃၅၀) ကျပ် သို့ ဈေးကျလာသည်။
ဒီဇယ်ဆီကို စက်သုံးဆီအဖြစ် အသုံးချသော်လည်း အခြားစက်မှု ကုန်ကြမ်းသုံး ဆီနှစ်မျိုးကို အမွှေး တိုင် ထုတ်လုပ်ခြင်း၊ ဂုန်လျှော်လုပ် ငန်းများနှင့် အရက်ချက်ရာတွင် အသုံးပြုသည်။ အစိုးရပိုင်းက စက် သုံးဆီဈေးနှုန်းကို နှုန်းရှင်သတ်မှတ် လိုက်သော်လည်း ပုဂ္ဂလိက ဆီဆိုင် များသည် ဆီဈေးနှုန်းကို နိုင်ငံတကာ ပေါက်ဈေးနှင့် ညှိနှိုင်းသတ်မှတ်ခြင်း မရှိဘဲ ယခင်ဈေးအမြင့်အတိုင်း ရောင်းချနေမှုများရှိနေသည်။