BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ယခုတစ်ပတ်အတွင်း စလစ်ဈေးအနည်းငယ်ကျဆင်း ကားဟောင်း အ၀ယ်မရှိသည့် ဈေးကွက်ဖြစ်နေ

News Image: 

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း တစ်စီးလျှင် (၈၉) သိန်းဝန်းကျင်၊ နာမည်ပေါက်စလစ်တစ်စောင်လျှင် (၉၇) သိန်းခွဲဝန်းကျင်ရှိနေကာ ကားဟောင်းအ၀ယ်မရှိဘဲ ဈေးကွက် အေးသွားကြောင်းသိရသည်။ ယခင် တစ်ပတ်အတွင်းက ထရပ်နှင့် ပစ်ကပ်ကားများ အပ်နှံပြီး အစားထိုး ပြန်လည်တင်သွင်းပါက က.ည.န မှ လူစီးယာဉ်ပြန်လည်တင်သွင်းခွင့် မပေးတော့ခြင်းကြောင့် ကားဟောင်း စလစ်ဈေးမှာ ချက်ချင်းမြင့်တက် သွားခဲ့ကာ ယခုတစ်ပတ်အတွင်း၌ ဈေးဆက်လက်  မြှင့်တက်မှုမရှိဘဲ တန့်သွားကြောင်း သိရသည်။

စလစ်ကပ်ကားအတွက် ထရပ် နှင့် ဇုန်ကားများ၊ ပစ်ကပ်ကား ဟောင်းစလစ်ဖြင့် လူစီးယာဉ်များ တင်သွင်းကြရာ ယခုကဲ့သို့ ကန့် သတ်လိုက်ခြင်းကြောင့် စလစ်ဈေး အတက်အကျ မြန်ဆန်သွားခြင်းဖြစ် ကြောင်းသိရသည်။

]]  အ၀ယ်မရှိဘူး  အေးသွား တယ်။ ရှစ်လပိုင်းထဲမှာ ကားနဲ့ပတ် သက်တဲ့ မူဝါဒတစ်ခု အတိအကျ ထုတ်ပြန်ပေးမယ်ဆိုတဲ့ သတင်း ကြောင့် စောင့်ကြည့်နေကြတုန်းဖြစ် သွားတယ်။ ကားဟောင်းကရှားနေပြီ။ အဲ့ဒါကို ထရပ်နဲ့ ပစ်ကပ်စလစ်တွေ က လူစီးယာဉ်ပြန်သွင်းခွင့်မရတော့ စလစ်ဈေး အတက်အကျ ကြမ်းသွား တာ။   အခုတော့ သိန်းတစ်ရာ အောက်မှာ ရှိနေပါတယ်}} ဟု ကား ဟောင်းစလစ် ရောင်းဝယ်သူက ပြော သည်။

လူစီးယာဉ်  အမျိုးအစားထဲ ပါဝင်သော  ဇုန်ဂျစ်ကားများ အပ်နှံ ပါက လူစီးယာဉ်အတိုင်း ပြန်လည် တင်သွင်းခွင့်ပြုမည်ဟု ဆိုသော်လည်း ယခင်ကတည်းကပင် ဇုန်ဂျစ်အစီး ရေအများအပြားမှာ အပ်နှံထားပြီး ဖြစ်၍  မရှိသလောက်  ရှားပါးနေ ကြောင်း သိရသည်။ ကျန်ရှိသည့် ဇုန်ဂျစ်ကားများမှာလည်း သက်တမ်း ပြည့်ရန် လိုအပ်နေသည့်ကားအများစု သာဖြစ်ကြောင်းပြောသည်။ ထရပ်နှင့် ပစ်ကပ်ကားဟောင်းအပ်နှံပြီး လူစီး ယာဉ် တင်သွင်းခွင့်မရှိတော့ဘဲ အလား တူ  ယာဉ်အမျိုးအစားအတိုင်း ပြန် လည် တင်သွင်းရမည်ဖြစ်သဖြင့် အဆို ပါ ကားဟောင်းစလစ်ဈေးမှာ ဈေး ကွက်ပျောက်သွားပြီး နှစ် (၂၀) သက် တမ်း ကားဟောင်းဈေးသာ အတက် အကျ ဖြစ်နေကြောင်း သိရသည်။                       

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။