BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

စက်မှုဇုန်ကားများ လာရောက်သက်တမ်းတိုးမှုသိသာစွာမြင့်တက်ခြင်းမရှိ

ပြည်ပ အစိတ်အပိုင်းများဖြင့် အစား ထိုးထားသော  ပြည်တွင်းစက်မှုဇုန်များ အား ယခုလအကုန်မှစ၍ သက်တမ်းတိုး ခွင့်ရပ်ဆိုင်းမည်ဆိုသော်လည်း လာရောက် သက်တမ်းတိုးသည့် ဇုန်ကားများ သိသာ စွာ မြင့်တက်မှုမရှိကြောင်း ရွာသာကြီး က.ည.န မှ တာဝန်ရှိသူတစ်ဦးမှ ပြောပြ သည်။

]]ပစ်ကပ်တွေကတော့ သက်တမ်း တိုးတွေ များချင်များမှာပေါ့။ ကျွန်တော် တို့ဆီမှာကတော့ နှစ်တန်နဲ့အထက်ဖြစ်တဲ့ အတွက် သိပ်အများကြီးလာတာတော့ မရှိ ပါဘူး။ အများကြီး မလာဘူးဆိုတာက ကားတန်းရှည်ကြီး ပိတ်နေလောက်အောင် လာတာမျိုးတော့မရှိဘူးပြောတာပါ။ အရင် ထက်တော့ ပိုများလာပါတယ်}} ဟု ယင်း တာဝန်ရှိသူမှ ပြောပြခဲ့သည်။

လက်ရှိတစ်ရက်တွင် ဇုန်ထုတ်ကား နှစ်တန်နှင့်အထက်ကားများမှာ လာရောက် သက်တမ်းတိုးမှု ဆယ်စီးမှ ဆယ့်ငါးစီးကြား တွင်ရှိကြောင်းလည်း သိရှိရသည်။ က.ည.န အနေဖြင့် ယာဉ်မှတ်ပုံတင်တင်သက်တမ်း တိုး ဆောင်ရွက်ပေးရာတွင် ပြည်တွင်းစက် မှုဇုန်ထုတ်ကားများအား  ပြည်ပ အစိတ် အပိုင်းများ လဲလှယ်တပ်ဆင်ထားမှုများကို စက်တင်ဘာလအစမှ စတင်၍ဆောင်ရွက် ပေးတော့မည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

]]စက်တင်ဘာလအစကနေပြီး ဒဏ် ကြေးနဲ့လည်း မဆောင်ရွက်ပေးတော့ပါ ဘူး။ လက်ရှိမှာတော့ ပြည်တွင်းထုတ် ဇုန် ကားတွေမှာ ပြည်ပအစိတ်အပိုင်း လဲလှယ် တပ်ဆင်ထားတာတွေတွေ့ရင် ဒဏ်ကြေး ဆောင်ခိုင်းပြီး မှတ်ပုံတင်သက်တမ်းတိုး လုပ်ဆောင်ပေးနေပါတယ်}}ဟု ရွာသာကြီး က.ည.န မှ ဦးစီးမှူး တစ်ဦးမှပြောပြခဲ့သည်။

ရွာသာကြီး က.ည.န ၌ လာရောက် သက်တမ်းတိုးမှုစီးရေ နည်းရခြင်းမှာ နှစ် တန် အထက်ကားများသာ လက်ခံဆောင် ရွက်ပေးခြင်းကြောင့်လည်း ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောပြခဲ့ သည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။