BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

လိုင်စင်မဲ့ယာဉ်စီးနင်းမှုများသော ဒေသများအတွင်း ပညာပေးကာလဖြင့် ဆောင်ရွက်နေသော်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများ၌ ပညာပေးကာလ လုံးဝမရှိဘဲ ဖမ်းဆီးဆောင်ရွက်နေ

လိုင်စင်မဲ့ယာဉ် စီးနင်းမှုများ ပြားသော ဒေသများအတွင်း အဆိုပါ ယာဉ်များအား မှတ်ပုံတင်ပြုလုပ်ကြ ရန် ပညာပေးကာလဖြင့် ဆောင်ရွက် နေသော်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် ပညာပေးကာလဟူ၍ သတ် မှတ်မထားဘဲ ဖမ်းဆီးဆောင်ရွက်နေ ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

ရှမ်းပြည်နယ်  တောင်ကြီး၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ကရင် ပြည်နယ်ရှိ မြ၀တီစသည့် ဒေသများ တွင် လိုင်စင်မဲ့ယာဉ်များအား စီးနင်း ခြင်း  မပြုလုပ်ကြရန် သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ် လွှတ်တော်တို့မှ ပညာပေးကာလဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများ တွင် လိုင်စင်မဲ့ယာဉ်များအတွက် ပညာ ပေးကာလ လုံးဝမရှိဘဲ အရေးယူဆောင် ရွက်နေကြောင်း ဒုရဲမှူးကြီး အောင်ကိုဦး ကရှင်းပြသည်။

]]  ဒေသန္တရ  အမိန့်နဲ့ သူတို့ သက်ဆိုင်ရာဒေသတွေမှာ ပညာပေး နဲ့ ဆောင်ရွက်တာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ လိုင်စင်မဲ့ကား တွေအတွက် ပညာပေးကာလ လုံးဝ မရှိပါဘူး။   တွေ့တာနဲ့ ဖမ်းမှာပါ။ တောင်တန်းဒေသတွေမှာ လိုင်စင်မဲ့ ယာဉ်တွေကို စီးတာက အဖွဲ့အစည်း တွေ များတယ်။ (၉၀) ရာခိုင်နှုန်းက လိုင်စင်မဲ့တွေ။ အဲ့ဒါတွေ စနစ်တကျ ဖြစ်ဖို့ သူတို့ကို ပညာပေးကာလအနေ နဲ့ သတ်မှတ်ပေးထားတာနေမှာပါ}} ဟု ရှင်းပြသည်။

(၂၀၁၆) ခုနှစ် နှစ်ဝက်ကာလ အတွင်း ရန်ကုန်မြို့တွင်း လိုင်စင်မဲ့ ယာဉ်ဖမ်းဆီးမှုအစီးရေ (၅၀) ရှိခဲ့ပြီး Landcruiser, Pajero, Surf တို့ကဲ့သို့ ကားအမျိုးအစား အပါအ၀င် သတင်း ပေး  တိုင်တန်းမှုကြောင့်  အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း  သိရ သည်။           

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။