BRT ယာဉ်များပေါ်တွင် စည်း ကမ်းမဲ့ ပြုမူမှုများအတွက် စီစီတီဗီ ကင်မရာများ တပ်ဆင်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ် ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီထံမှသိရသည်။ BRT  ယာဉ် များပေါ်တွင် အမှိုက်ပစ်ခြ

မင်္ဂလာဒုံမြို့နယ်တွင်  ဆိုင်ကယ် စီးနင်းခွင့်ရရှိရေးအတွက်  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ယခင်တစ်ပတ်၌ နာမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း တစ်ရာဝန်းကျင်မှ ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ပြန်လည်ကျ ဆင်းသွားကြောင်း ကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။ ကားဟောင်း

ကမ္ဘာ့ရေနံဈေးကွက် အတွင်း ဈေးကွက်မတည်ငြိမ်မှု၊ ဈေးနှုန်း ပြောင်းလဲမှုများကြောင့် အစိုးရ စက် သုံးဆီများကို   နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ   ရောင်းချနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်ဥပဒေပါ အချက် များသည် ခေတ်နောက်ပြန်ဆွဲသည့် အချက်များဖြစ်ကြောင်း မော်တော် ယာဉ်လုပ်ငန်းအချို့က ဝေဖန်သည်။ နိုင်ငံပိုင် စီးပွားရေးများကို ပုဂ္ဂလိက လုပ်ငန်းများအဖြစ် ပြောင်းလဲနေသော ကာလတွင် နို

ဟွန်ဒိုင်းကား နယ်ဈေးကွက်ထိုးဖောက်မည်

ကိုရီးယားအခြေစိုက် ဟွန်ဒိုင်း ကားကုမ္ပဏီသည် မြန်မာနိုင်ငံဈေးကွက် ကို ဖြန့်ကြက်နိုင်ရန်အတွက် နယ် ဈေးကွက်သို့  ထိုးဖောက်ဖြန့်ချိရန် ပြင်ဆင်လျက်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ဟွန်ဒိုင်းက ထုတ်ပြန်ခဲ့ သည့် ထုတ်ပြန်ချက်တွင် နယ်မြို့များ တွင် ပြခန်းများ ဖွင့်လှစ်ရောင်းချနိုင် ရန် အရောင်းကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားသည်။

ကိုရီးယားအခြေစိုက် ဟွန်ဒိုင်း သည် ရန်ကုန်မြို့တွင် (၂၀၁၃) မှ စတင်၍ အရောင်းပြခန်းဖွင့်လှစ်ခဲ့ ကာ  မော်တော်ယာဉ်များ ဖြန့်ဖြူး ရောင်းချနေသော Brand New ကား အရောင်းပြခန်းတစ်ခုဖြစ်ပြီး (၂၀၁၅) တွင် မန္တလေးမြို့၌ အရောင်းပြခန်း ထပ်မံဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းရှိ ဂျပန်  တစ်ပတ်ရစ်ကားများနှင့်အပြိုင် နှစ်စဉ် အစီးရေ (၁၀၀) ကျော် ရောင်းချနေ ကြောင်း သိရသည်။

Hatchback, Saloon, SUV, Mini Bus နှင့် Light Truck ကားများ ကို ရောင်းချနိုင်ရန် ပုသိမ် (ဧရာဝတီ တိုင်း)၊ နေပြည်တော်၊ တောင်ကြီး (ရှမ်းပြည်နယ်)၊ လားရှိုး (ရှမ်းပြည် နယ်)၊ ပြည် (ပဲခူး)၊ မော်လမြိုင် (မွန်)၊ ထားဝယ် (တနင်္သာရီ)၊ မကွေး စသည့်ဒေသများမှ အရောင်းကိုယ်စား လှယ်များ ခေါ်ယူခြင်းဖြစ်သည်။ လုံ လောက်သော မြေ၊ အဆောက်အဦ များရှိပါက အရောင်းကိုယ်စားလှယ် အဖြစ် ဟွန်ဒိုင်း-မြန်မာသို့ လာ ရောက်  လျှောက်ထားနိုင်ကြောင်း ဟွန်ဒိုင်းမှ သိရသည်။

Share this article:

Related News

ကာတွန်း
သတင်းဓာတ်ပုံများ

Football Links

Volume-5-Issue-30

Contact Form

Image CAPTCHA
Enter the characters shown in the image.
Auto World Journal မှသတင်းအချက်အလက်ဆောင်းပါးများ ဓာတ်ပုံများကို မိမိသဘောဖြင့် ပုံနှိပ်ထုတ်ဝေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ပါသည်။